.

.

.

January 20, 2011

နောက်ဆုံးရ လေတပ် စစ်ဆင်ရေး ပြင်ဆင်လေ့ကျင့်မှု သတင်း

စာဖတ်ပရိသတ်များ ခင်ဗျား


တပ်မတော် (လေ) ရဲ့ စစ်ဆင်ရေး လေ့ကျင့်မှုနဲ့ တည်ဆောက်နေမှုကို ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း သွားရောက် စစ်ဆေးတဲ့ သတင်းအား လေတပ်နှင့် နီးစပ်သူများ သတင်းရပ်ကွက်မှ “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာ ပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကိုဖိုးတရုတ်က ကျေးဇူးတင် ရှိကြောင်း မှတ်တမ်းတင်အပ် ပါတယ်။


၁၄-၃-၂၀၁၀ ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင် (လကသ - ရှမ်းတဲ) ကို သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါတယ်။ 601 လို့ နာမည်ပေးထားပြီး မြန်မာပြည်မှာ အစိတ်အပိုင်းတွေ ပြန်လည် တပ်ဆင်ထားတဲ့ အမေရိကန် အင်ဂျင်တပ် လေယာဉ်ငယ်တွေ တည်ဆောက်နေတာကို စစ်ဆေးခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။ စစ်ဆင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တဲ့ ရုရှားလုပ် MiG-29 နဲ့ A-5 ဂျက်တိုက် လေယာဉ်တွေ ဆောင်ရွက်မှုကို ပြန်လည် သုံးသပ်ခြင်းနဲ့ ပတ်သက်ပြီး အစည်းအဝေး တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ခင်ဗျား။

No comments: