.

.

.

January 20, 2011

နောက်ဆုံးရ လေတပ်ရဲ့ ရောသမမွှေနေမှု သတင်း

စာဖတ်ပရိသတ်များ ခင်ဗျား


လေတပ်တွင်ရှိသော အရာရှိများကို ရောသမ မွှေနေကြောင်း “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ လေတပ်နှင့် နီးစပ်သော သတင်းရပ်ကွက်မှ သတင်းတစ်ခု ပေးပို့လာ ပါတယ်။ အခုလို ပေးပို့ လာတဲ့အတွက် ကျနော် ကိုဖိုးတရုတ်က အထူး ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ် ခင်ဗျား။


ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ လေတပ်ရှိ လေတပ်စခန်း ဌာနချုပ်များ လက်အောက်ခံ အရာရှိများကို ရောသမမွှေ၊ “ထုံးလိုမွှေ ရေလိုနှောက်” ငရုတ်ဆုံထဲ ထုထောင်းသလို ထုထောင်းနေကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ လေတပ်အရာရှိများက ရင်ဖွင့် ပြောကြားလာပါတယ်။

၁၇.၃.၂၀၁၀ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးဌာနသို့ လေတပ်မှ ဗိုလ်မှူးအဆင့်နှင့် ဒုဗိုလ်မှူးကြီးအဆင့် အများဆုံးပါသော အယောက် (၃၀) အား ပြောင်းရွှေ့ပေးလိုက်ပါတယ်။ သည့်နောက် မိတ္ထီလာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ရှင်းလင်း တင်ပြခဲ့သည့်သင်တန်း၊ “အမှတ်စဉ် (၁) လေတပ်စစ်ဆင်ရေးမှူး သင်တန်း” သင်တန်းဆင်းတွေထဲက Supersonic လေသူရဲ DSA-37 အပတ်စဉ်ဆင်းတွေကို ဒုတိယဗိုလ်မှူးကြီးအပွင့် တန်းတင်ပေးခဲ့ပါတယ်။

လေတပ်မှာ ထွက်စာတင်ထားတဲ့ အရာရှိ (၂၀) ဦး ရှိတဲ့အထဲက ကာကွယ်ရေး ဦးစီးချုပ် (လေ) ရဲ့သားနဲ့ လိုင်းဝင်ထားတဲ့ အရာရှိ (၂) ယောက်သာ ထွက်ခွင့်ရရှိသွားကြောင်း လည်း သတင်းရရှိပါတယ်။ ဗိုလ်မှူးမဖြစ်ပဲ ကျန်နေတဲ့အရာရှိ (စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်တွင် တင်ပြခဲ့တဲ့ ခွက်ပျောက်အရာရှိများမှအပ) တော်တော်များများကို အဆင့်တိုး ပေးလိုက်လို့ လေတပ်အတွင်းမှာ ကျေနပ်မှုမရှိ ဖြစ်နေကြောင်း ရင်ဖွင့်လာပါတယ်။

No comments: