.

.

.

January 20, 2011

Breaking-news on Oct 27


စာဖတ်ပရိသတ်များ ခင်ဗျား..

စစ်အာဏာရှင်တွေဟာ တပ်မတော် လေတပ်ကို ယခုလို အရေးကြီးတဲ့ အချိန် ကာလအတွင်းမှာ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခိုင်းနေတယ်၊ ဘာတွေ ကြံစည်နေတယ် ဆိုတာတွေကို တပ်မတော် (လေ) မှ အရာရှိ ဗိုလ်မျိုးသူရက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ နောက်ဆုံးရ တပ်မတော် (လေ) ရဲ့ သတင်းများ အဖြစ် ပေးပို့လာပြန် ပါတယ်။ စာဖတ် ပရိသတ်များ သိရှိ လေ့လာနိုင်ရန် ဖော်ပြ ပေးလိုက်ပြီး ကျွန်တော် ကိုဖိုးတရုတ်က ပေးပို့လာသော တပ်မတော် (လေ) အရာရှိ ဗိုလ်မျိုးသူရအား အထူး ကျေးဇူး တင်ရှိပါကြောင်းနဲ့ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ ဂုဏ်ပြု မှတ်တမ်း တင်ရင်း တင်ဆက် လိုက်ရပါတယ် ခင်ဗျား။

၁။ မိတ္ထီလာ ရှမ်းတဲ လေကြောင်း အတတ်သင် လေတပ် စခန်းဌာနချုပ် အနီး အနားမှာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး (DI) က ဦးစီးပြီး ကာကွယ်ရေး ပစ္စည်း စက်ရုံ အမှတ် (၁၀) ကို ဖွဲ့စည်းပုံ ပြုလုပ်ပြီး ကိုယ်ပိုင် လေယာဉ် ထုတ်စက်ရုံ တည်ဆောက်ဖို့ စီစဉ် ကြိုးပမ်း နေကြောင်း၊ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိ ချုပ်ရုံးမှ အရာရှိ ၂၀ ဦး၊ စစ်သည် ၁၅ ဦး တို့ကို တရုတ်နိုင်ငံက K-8 လေယာဉ် စက်ရုံဆီသို့ စေလွှတ်ပြီး ပညာတော်သင် သွားရောက်ခိုင်းဖို့ စီစဉ်နေကြောင်း အတွင်း သတင်းအရ ခိုင်လုံစွာ ရရှိပါတယ်။


၂။ တပ်မတော် (လေ) တပ်မှ Internet တရားဝင် သုံးစွဲနေသော မိတ္ထီလာ ရှမ်းတဲ လေကြောင်း အတတ်သင်စခန်း ဌာနချုပ် လေယာဉ် မောင်းသင်ကျောင်း၊ စက်မှုလက်မှု အတတ်သင်ကျောင်းနှင့် အီလက်ထရောနစ် အတတ်သင်ကျောင်းတို့မှ အရာရှိ (၂) ဦးစီ တို့ကို ပုဇွန်တောင်ရှိ မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်းမှာ IP Star အသုံးပြုနည်း သင်တန်းနှင့် network security သင်တန်းများကို ၂ ပတ်ကြာ ပို့ချရန် စီမံ ထားပါကြောင်း ခိုင်လုံတဲ့ စစ်ဖက်ရေးရာ သတင်းရပ်ကွက်မှ သတင်း ပေးပို့ပါတယ်။

၃။ မိတ္ထီလာ လေကြောင်း အတတ်သင်စခန်း ဌာနချုပ် အနီးရှိ အမှတ် (၁၇) သယ်ယူပို့ဆောင်ရေးအုပ်မှာ ရုရှားမှ MI 17 ရဟတ်ယာဉ်များအား လေတပ်မှ ပညာရှင်၊ လက်နက်စစ်သည်များက လက်နက်များ တပ်ဆင် တီထွင် ဖန်တီးထားသော စစ်ဆင်ရေး လေ့ကျင့်မှု တစ်ရပ်အား အောက်တိုဘာ ပထမ အပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း ခိုင်လုံစွာ သတင်း ရရှိပါတယ်။ MI 2 ရဟတ်ယာဉ်မှ 57 mm Rocket တွေနဲ့ PC 7 တိုက်လေယာဉ်တို့မှ ပွိုင့်ဖိုက် (.5) စက်သေနတ်ကြီးများကို MI 17 ရဟတ်ယာဉ် (၃) စီး ပေါ်သို့ ပြောင်းလဲ တပ်ဆင်ခြင်း ဖြစ်ပြီး စစ်ဆင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါတယ်။ နအဖ အနေနဲ့ ကြည်းတပ်အင်အားကို အဆမတန် တိုးချဲ့ခဲ့တဲ့ အပြင် ယခုအခါ လေတပ်အင်အားကိုလည်း ငွေကြေးအမြောက်အများ သုံးစွဲနေရာ အမှန်တကယ်တော့ လေတပ်မိသားစုများ အတွက်တော့ သက်သာချောင်ချိမှု၊၊ တရားမျှတစွာ ရာထူး အခွင့်အလမ်း တိုးမြှင့်ပေးမှုတို့ကိုတော့ လျှစ်လျူ ရူထားဆဲကြောင်းပါ ခင်ဗျား။

No comments: