.

.

.

January 20, 2011

နောက်ဆုံးရ ကျင်းပနေဆဲ ကက (လေ) လေးလပတ် အစည်းအဝေးသတင်း


စာဖတ်ပရိတ်သတ်များခင်ဗျား

လေတပ်အသိုင်းအဝိုင်းရဲ့ ပေးပို့လာချက်အရ မကြာသေးမီ ကာလ ကလေးကပင် ဝင်ရောက်လာတဲ့ သတင်းမှာ ရန်ကုန်တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) လေးလပတ် အစည်းအဝေး ကျင်းပနေကြောင်း နောက်ဆုံးရ Up to Date သတင်းအနေဖြင့် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ယနေ့ ဖေါ်ပြပေးလိုက်ရပါတယ်။ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်အနေဖြင့် တပ်တွင်း သတင်းများကို စဉ်ဆက်မပြတ် ဖေါ်ပြပေးနေရာမှာ သတင်းလက်ဦးမှု၊ လျှင်မြန်မှု၊ နောက်ဆုံးရ သတင်းဖြစ်မှု၊ တိကျမှန်ကန်မှု ရှိစေရေးတို့အတွက် ကြိုးစားဆောင်ရွက်လျှက်ရှိရာ ယခုဖေါ်ပြလိုက်တဲ့ သတင်းဟာ အချိန်နဲ့ တပြေးညီ ပြည်တွင်းတွင် တပြိုင်နက် ဖြစ်ပေါ်နေသော ထိပ်တန်းလျှို့ဝှက်အဆင့် အစည်းအဝေး ကျင်းပနေဆဲ သတင်းဖြစ်ပါကြောင်း စာဖတ်ပရိတ်သတ်များ ကြိုတင်လေ့လာ သုံးသပ်နိုင်ပါရန် တင်ပြပေးလိုက်ရပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) လေးလပတ် အစည်းအဝေးကို ၁၀-၆-၂၀၁၀ မှ ၁၂-၆-၂၀၁၀ ရက်နေ့အထိ လေယာဉ်ထုတ်လုပ်ရေးဌာနချုပ် (မင်္ဂလာဒုံ) တွင် ကျင်းပနေပါတယ်။ ကက (လေ) လေးလပတ် အစည်းအဝေးကို တက်ရောက်နိုင်ဖို့ လေတပ်စခန်း ဌာနချုပ်မှူးများ၊ လေတပ်စခန်းမှူးများနဲ့ လေတပ်အုပ်မှူးများအား ၈-၆-၂၀၁၀ ရက်နေ့ ကတည်းကပင် ရန်ကုန်သို့ ခေါ်ယူထားခဲ့ပါတယ်။ “ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) လေးလပတ် အစည်းအဝေးမှ ညွှန်ကြားလိုက်တဲ့ ၂၀၁၀ ခုနှစ်အလွန် တပ်မတော်ရဲ့ အခင်းအကျင်းနဲ့ အနာဂတ် လေတပ်ဖွဲ့စည်းပုံ W.E အသစ်” အား အဓိကထားပြီး ဆွေးနွေးမယ်လို့လည်း သိရှိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း ကွန်ပြူတာ အင်တာနက်ပေါ်တွင် စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်ကို ရင်တမမနှင့် ကြည့်ရှုနေလား မသိ

လေတပ်ဖွဲ့စည်းပုံ အသစ်အရ တိုင်းစစ်ဌာနချုပ်များရဲ့ W.E ဖွဲ့စည်းပုံအတိုင်း လေတပ်စခန်း ဌာနချုပ်များမှာ ဦးစီးအရာရှိများ ပါဝင်တဲ့ ရုံးများ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ပျံသန်းရေး အုပ်မှူးများနဲ့ စက်မှုလက်မှု တပ်မှူးများအား ဗိုလ်မှူးကြီးအဆင့် တိုးမြှင့် ထားရှိမှာ ဖြစ်ပါတယ်။

သက်တမ်းလွန် လေယာဉ်များဖြစ်နေတဲ့ F-7 ဂျက်တိုက်လေယာဉ်နဲ့ A-5 ကြားဖြတ် တိုက်လေယာဉ်များအား အဆင့်မြှင့်တင်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ အရံပစ္စည်းများ ဝယ်ယူရေး စတာတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုဒဏ်ခံရပြီး ပျံသန်းခြင်းမှ ရပ်ဆိုင်းရတော့မယ့် Bell 205,206,212 ရဟတ်ယာဉ်များကိစ္စနဲ့ ရှေ့မတိုး နောက်မဆုတ် အခြေအနေ ဖြစ်နေတဲ့ မောင်းသူမဲ့ UAV သုတေသန ကိစ္စရပ်များအားလည်း ဆွေးနွေးဖို့် ရှိကြောင်း သတင်းပေးပို့လာပါတယ် ခင်ဗျား။

No comments: