.

.

.

March 1, 2011

အာဏာအလွှဲအပြောင်း

နအဖမှ သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့အသစ်ထံ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြု အာဏာ၊ တရားစီရင်ရေး အာဏာတို့ကို မတ်လ (၂၇) ရက်နေ့ တပ်မတော်နေ့ မတိုင်ခင်မှာ တရားဝင် လွှဲပြောင်းပေးနိုင်မယ်လို့ ခန့်မှန်းရကြောင်း စစ်ဖက်နီးစပ်သူများမှ ကြားဖြတ်သတင်းအနေနဲ့ စည်းလုံးခြင်းရဲ့အင်အားသို့ ပေးပို့လာပါတယ်။ အဆိုပါ အာဏာအလွှဲအပြောင်းနဲ့ ပတ်သက်ပြီး မည်သည့်နေ့မှာ လွှဲမည်ဆိုတဲ့ သတင်းနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးအား ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းခြင်း ဟုတ် မဟုတ် ဆိုတာကိုလည်း ဗိုလ်သန်းရွှေ ကိုယ်တိုင်မှတပါး သူ့ရဲ့တပည့်ရင်းဖြစ်သူ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ်စိုးရှိန် အပါအဝင် မည်သူကမှ အသေအချာ မသိရှိနိုင်ပါကြောင်း စစ်ရုံးရှိ စစ်ဦးစီးအရာရှိများထံမှ သိရှိရပါတယ်။

တပ်ချုပ် အနားယူပါက ဒုတပ်ချုပ်၊ ရေချုပ်၊ လေချုပ်နဲ့ ကစထမှူး အချို့တို့လည်း ရှေ့နောက်ဖြစ်စေ တပြိုင်နက်ဖြစ်စေ အနားယူရန်ရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ရဲ့ အိမ်ပစ္စည်းများကိုပင် ရန်ကုန်အိမ်သို့ ပို့ထားပြီးဖြစ်ကြောင်း၊ လက်ရှိ အနေအထားများအရ ပြောင်းလဲမည့် အခြေအနေများအပေါ် တိကျသော ကောက်ချက်များဆွဲရန်နဲ့ ခန့်မှန်းရန် ခက်ခဲပါကြောင်း၊ ဗိုလ်ချုပ်များအနေဖြင့် သူတို့ရဲ့ အနာဂတ်ကို ဘာဖြစ်မည် ဆိုသည်ကိုပင် မသိရနိုင်ဘဲ အချိန်တိုင်း ပြောင်းလဲနေတဲ့ တပ်ချုပ်ကြီး ဗိုလ်သန်းရွှေရဲ့ အမိန့်အပေါ် မူတည်နေကြောင်း၊ စစ်ရုံးအတွင်းမှာ အချင်းချင်းပင် မိမိတို့ သိရသော သတင်းများအပေါ် အချက်အလက် ဖလှယ်ရန် စိုးရွံ့နေကြပြီး သတင်းပေါက်ကြားမှု စွဲချက်ဖြင့် ရင်ဆိုင်ရမည်ကို ကြောက်နေကြပါကြောင်း သတင်း ပေးပို့လာပါတယ်။

No comments: