.

.

.

February 27, 2011

ရွှေအာဏာနဲ့ ရွှေသတင်း


စစ်ရုံး ထိပ်ပိုင်းအတွင်း ပေါက်ကွဲသံစဉ်များနဲ့ ထူးခြားသတင်းများကို စစ်ဘက် နီးစပ်သူများက ကြားဖြတ်သတင်း ပေးပို့လာပါတယ်။ လွှတ်တော်များသို့ ၂၅ % နှုန်း ရွေးချယ်ပေးခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ စစ်ရာထူးခန့်ချုပ်ရုံးရဲ့ ရာထူးအဆင့် တိုးမြှင့်မှုနဲ့ ပတ်သက်ပြီးလည်းကောင်း၊ လစာစရိတ် တွက်ချက်ရာတွင်လည်းကောင်း၊ စစ်ရုံးအတွင်းရှိ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများအတွင်း သဘောထား အမျိုးမျိုးဖြင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ အထူးသဖြင့် စစ်ရေးချုပ်နဲ့ စစ်ရာထူးခန့်ချုပ် (ကကထူး) ရာထူးများကို ဆက်ခံသော ဗိုလ်ချုပ်များက သူတို့အား ပြန်လည်စစ်ဆေးတဲ့အပေါ် မကျေလည်မှုများရှိကြောင်းလည်း သိရှိရပါတယ်။ နောက်ထူးခြားသတင်း တစ်ခုကတော့ အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အထူးလုံခြုံရေး တပ်ဖွဲ့များ တိုးချဲ့ ဖွဲ့စည်းထားခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလအတွင်း တိုင်းစစ်ဌာနချုပ်များရဲ့ လေးလပတ် အစည်းအဝေး ကျင်းပရာမှာ လေးလပတ် လာတက်တဲ့ တပ်ရင်းမှူးတွေ အနေနဲ့ မည်သည့်လက်ဆောင်မှ ယူမလာရန်၊ အမှန်တကယ် ဆောင်ရွက်မှုများသာ တင်ပြရန်နဲ့ ပြင်ဆင်လာကြရန် သီးခြား ညွှန်ကြားချက် ပေးထားပါကြောင်း သတင်းရရှိပါတယ်။

အစိုးရသစ် ဖွဲ့စည်းဆဲကာလမှာ အရပ်ဘက် နေရာအချို့တွင် တပ်မှ အသွင်ပြောင်းသူများအား ဆက်လက် အစားထိုးကာ ရွှေအာဏာ တည်စေလိမ့်မည်ဟု ပြောနေကြကြောင်း၊ ဥပမာအားဖြင့် ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနကို အရပ်ဘက် လေယာဉ်မောင်း လိုင်စင်ရှိသော လေတပ်မှ လေသူရဲ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး စုစုပေါင်း (၃၀) ဦးအား အရပ်ဘက်သို့ လွှဲပြောင်း တာဝန်ထမ်းဆောင်ရန် ( ၈ - ၂ - ၂၀၁၁ ) ရက်နေ့က အမိန့်ထွက်လာကြောင်း၊ တပ်မတော် ကြည်း၊ ရေ၊ လေ စစ်လက်ရုံးအားလုံးမှ အချို့သော အရာရှိများအား ပြည်ထဲရေးသို့ ပြောင်းပေးရန် ပြင်ဆင်နေကြောင်း၊ ကကထူးမှ မှတ်တမ်းများအား စုစည်း ပြင်ဆင်နေမှုများအရ စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားသို့ သတင်း ပေးပို့လာပါတယ်။

No comments: