.

.

.

March 3, 2011

ကုန်ဈေးနှုန်းကို စိန်ခေါ်နေတဲ့ လစာတိုးမဲ့သတင်း

လွှတ်တော်များ အသီးသီး ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အစိုးရသစ် အဖွဲ့ဝင်များအား ပေးအပ်မည့် လစာနဲ့ ခံစားခွင့်များနှင့် စပ်လျဉ်းပြီး စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားသို့ အခုလို သတင်း ပေးပို့လာပါတယ်။အဲဒါတွေကတော့ နိုင်ငံတော်သမ္မကြီးရဲ့ လစာက တစ်လ ကျပ်သိန်း (၅၀)၊ ကား (၆) စီး၊ အစောင့်တပ်ဖွဲ့၊ ကိုယ်ရေးအရာရှိ ၃ ဦး၊ ပြင်ပနိုင်ငံခြားတွင် အခမဲ့ ဆေးကုသခွင့်၊ လေကြောင်း ရေကြောင်း အခမဲ့ သွားလာခွင့်နဲ့ နေအိမ်များ၊ အခြားအသေးသုံးစရိတ်များ စသည်တို့ကို ခံစားခွင့် ရရှိမှာဖြစ်ကြောင်း နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုးထားတဲ့ အမိန့်အရ သိရှိရပါတယ်။ ဒုသမ္မတများဟာ လစာ ကျပ် (၄၅) သိန်းနှင့် အလားတူ ခံစားခွင့်များ ရရှိကြမယ်လို့လည်း သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်များရဲ့ လစာမှာ ကျပ်သိန်း (၄၀) ဖြစ်ပြီး၊ ၀န်ကြီးများရဲ့လစာမှာ ကျပ်သိန်း (၃၀) ဖြစ်ပါတယ်။ တပ်မတော် ကိုယ်စားလှယ်များအား မူလ လစာငွေအပြင် ကျပ် (၆) သိန်းနှင့် ကားတစ်စီးရမယ်လို့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးက လွှတ်တော်အစည်းအဝေး မစခင်ကတည်းက ပြောကြားထားခဲ့တယ်လို့ သိရပါတယ်။


အစိုးရအဖွဲ့ မဖွဲ့စည်းခင် ၀န်ကြီးဌာန အချို့ကို ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ဖို့နဲ့ ဥပဒေပြုရေး ဆိုင်ရာများအတွက်လည်း ပြင်ဆင်မှုအချို့ကို ဆောင်ရွက်နေပေမဲ့ စီမံပြင်ဆင်မှု အားလုံးမှာ တပ်ချုပ်ကြီးရဲ့စိတ်ကူးများ အတိုင်းသာဖြစ်ရာ အထူး လျှို့ဝှက်ထားပါတယ်။ လွှတ်တော်တက်မဲ့ တပ်မတော်သား ကိုယ်စားလှယ်များရဲ့ လစာနှင့် ခံစားခွင့်များကတော့ မတန်တဆ ထိုးတက်သွားတာကြောင့် တပ်မတော်အတွင်းရှိ အရာရှိများရဲ့ မကျေလည်မှုများ ရှိနေကြကြောင်း၊ မည်သည့်နည်းနဲ့မဆို အထက်အောက် ကွာဟမှု မရှိစေရန် ယခင်က နအဖဥက္ကဌရဲ့ လစာ ကျပ် (၁၂) သိန်းနဲ့ ရာထူးတူတဲ့ သမ္မတရဲ့လစာက ကျပ်သိန်း (၅၀) ဖြစ်သွားတာကြောင့် လေးဆကျော် တက်သွားတာမို့ အောက်ခြေဝန်ထမ်းများကိုလည်း (၃.၂) ဆကျော် တက်ပေးဖို့ ခန့်မှန်းရကြောင်း၊ လာမဲ့တပ်မတော်နေ့မှာ တပ်မတော်ကို စည်းရုံးဖို့ နယ်ဖက် စစ်ဖက် ဝန်ထမ်းများအားလုံး လစာတိုးပေးမယ်လို့ ကောလဟာလသတင်းများ ထွက်နေတာမို့ လစာတိုးတိုင်း ကုန်ဈေးနှုန်း အဆမတန် ထိုးတက်တာကြောင့် အောက်ခြေ အရာရှိ စစ်သည်များအနေနဲ့ ၀မ်းမသာနိုင်ဘဲ စိုးရိမ်ပူပန်မူ ရှိနေကြကြောင်း ပြည်တွင်းမှ သတင်း ပေးပို့လာပါတယ်ခင်ဗျား။

No comments: