.

.

.

June 6, 2011

ကာကွယ်ရေးဦးစီးချုပ်(လေ)ရဲ့ ဒေါသအိုး


စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်ရှိ အပတ်စဉ် Up to Date ဆောင်းပါးများထဲမှ ဆောင်းပါးရှင် ဗိုလ်ရန်နောင်ရဲ့ “အိပ်မက်လား..အမှန်အကန်လား.. အကြံအဖန်လား” ဆောင်းပါးကြောင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ ယမ်းပုံမီးကျ ဒေါသူပုန် ထနေတဲ့သတင်းကို စည်းလုံးခြင်းရဲ့အင်အားဝက်ဘက်ဆိုဒ် www.photayokeking.org သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ရဲ့ အရာရှိကြီးတစ်ဦးက သတင်းပေးပို့လာပါတယ်။

စိန်မျက်ခုံးလို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟာ အုပ်မှူးအားလုံးကို နေပြည်တော်သို့ အရောက်ခေါ်ပြီး ဆူပူကြိမ်းမောင်းခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် နေပြည်တော်သို့ မလာခင် စခန်းဌာနချုပ်များရဲ့ လိုအပ်ချက်တွေ (လေယာဉ်/မြေပြင်သုံးပစ္စည်း)၊ အရာရှိတွေရဲ့အချက်အလက် အသေးစိတ်တွေကိုပါ တပါတည်း ယူခဲ့ဖို့ ညွှန်ကြားချက် ထွက်ခဲ့ကြောင်း သိရှိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(လေ)ဟာ တော်တော် ဒေါကန်ခဲ့ပြီး လက်နက်ပိုင်းဆိုင်ရာ ရာထူး အကြီးဆုံးဖြစ်တဲ့ (DSA - 19) က ဒုဗိုလ်မှူးကြီးကျော်ဝင်းကို နေပြည်တော်သို့ ခေါ်ပြီး ဆဲတယ်လို့ သိရပါတယ်။ ဒုဗိုလ်မှူးကြီးကျော်ဝင်းနဲ့ ကျန်အရာရှိ(ဗိုလ်မှူးများအားလုံး) များကို ထွက်စာတင်ဖို့ ပြင်ခိုင်းတယ်လို့ သိရပါတယ်။ ကျန်လက်နက်ပိုင်းဆိုင်ရာ အရာရှိများအနက် အရပ်ဘက်ပြောင်းလိုသူ၊ ထွက်လိုသူ၊ ဆက်လက်အမှုထမ်းနေလိုသူ များကို စာရင်းတင်ခိုင်းတယ်လို့လည်း သိရကြောင်း သတင်းပေးပို့လာပါတယ်။

No comments: