.

.

.

July 1, 2011

ဒုဗိုလ်ချုပ်ကြီးကိုကိုအပေါ် ဒေါ်အောင်ဆန်းစုကြည် သတိပြုနိုင်ရန်

ဒေါ်အောင်ဆန်းစုကြည်နှင့် Mr.Vijay Nambiar

အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များဖြစ်ကြတဲ့ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား by Name ဖြင့်စာထုတ်တဲ့အပေါ် စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဆိုဒ်သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စဉ်းစားသုံးသပ်နိုင်ရန် ကြားဖြတ်သတင်းပေးပို့လာပါတယ်။ ဒုဗိုလ်ချုပ်ကြီးကိုကိုဟာ DSA - ၁၉ ကျောင်းဆင်းဖြစ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တစ်ပတ်စဉ်ထဲသူငယ်ချင်းဖြစ်ကြောင်း၊ ကက(ကြည်း) စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးမှုး (ပထမတန်း)မှ စစ်ဦးစီးဗိုလ်မှူးချုပ်အဆင့်ထိ တောက်လျှောက်နေခဲ့ပြီး တပ်မ (၁၁) တပ်မမှူး၊ တောင်ပိုင်းတိုင်း တိုင်းမှူး၊ ကစထ(၃) မှူး၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လျာထားခံပြီးမှ အစိုးရအဖွဲ့သစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဖြစ်လာသူဖြစ်တယ်။ သူဟာ ခက်ထန်မာကြောပြီး စီနီယာဝန်ကြီး ဗိုလ်ချုပ်ကြီးများကို မထေမဲ့မြင် လုပ်တတ်သူဖြစ်ပါတယ်။ သူဟာစစ်ရုံးမှာနေခဲ့စဉ်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ထွန်းကြည်၊ ရွှေဘတို့အား အရေးယူဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုံးခန်းအတွင်းသို့ ခေါ်သွင်းရာတွင် ယခင်အတူနေခဲ့ဖူးတဲ့ ကျေးဇူးကို မထောက်ထားဘဲ သူတို့အား သတိဆွဲခိုင်းပြီး တန်းစီဘယ်လှည့်မောင်းသွင်းခဲ့သူဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနှင့် Mr.Vijay Nambiar
တို့အား နေပြည်တော်တွင် တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

သူတောင်ပိုင်းတိုင်း တိုင်းမှူးဖြစ်ခဲ့စဉ်က ဇေယျဝတီ အရက်ချက်စက်ရုံမှူးအား စက်ရုံဖွင့်ပွဲတစ်ခုမှာ သူ့ကို မဖိတ်မိလို့ ဒေါသူပုန်ထကာ ဝန်ကြီးက Commander မဟုတ်ဘဲ တိုင်းမှူးက Commander ဖြစ်ကြောင်း ပြောဆိုပြီး ဆူပူကြိမ်းမောင်းခဲ့သူဖြစ်ပါတယ်။ စစ်ဖက်နီးစပ်သူများက ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အား စာထုတ်တဲ့အပေါ် by name ဖြင့်မထုတ်သင့်ဘဲ အမှန်တကယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ကိုခေါင်းစဉ်တပ်ကာ သိမ်မွေ့စွာဖြင့် စကားလုံးအသုံးအနှုန်း ဝေါဟာရ ကြွယ်ဝစွာ ရေးသားဖို့ သင့်တော်တယ်လို့ဆိုပါတယ်။ by name နဲ့ ရေးသားခြင်းဟာ စစ်တပ်ထုံးစံအရ တိုက်ရိုက် သက်ဆိုင်သူကိုသာ သိစေဖို့ဖြစ်ပြီး force သက်ရောက်မှုရှိပါတယ်။ ဒီလိုဗိုလ်ချုပ်ကြီးလူမျိုးကို တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှု level အဆင့်တူအနေနဲ့ တန်ဖိုးထားစရာမလိုဘဲ သမ္မတကိုသာ တိုက်ရိုက်ပြောသင့်ပါကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုအား တွေ့ဆုံဆွေးနွေးရန် တောင်းဆိုတဲ့အပေါ် အသာတကြည် လက်ခံမှာ မဟုတ်ဘဲ soft line ထက် hard line ကိုသာ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါကြောင်း၊ ရဲချုပ်နှင့် ရဲတပ်ရင်းများ ကွပ်ကဲသော ရဲညှိနှိုင်းကွပ်ကဲရေးမှူးတို့ကို ခေါ်ယူမှာကြားထားပြီး ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ထွက်မည့်ခရီးစဉ် လုံခြုံရေးကို အစိုးရအားမကိုးဘဲ စနစ်တကျ စီမံဆောင်ရွက်ပြီးမှ ထွက်သင့်ပါကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

No comments: