.

.

.

July 8, 2011

K.I.A နဲ့စစ်တပ် ခြုံခိုတိုက်ပွဲ

K.I.A စစ်သားများ (ဓါတ်ပုံ - မိုးမခ)

စစ်တပ်မှ ကားကြီး (၃) စီး စစ်ယာဉ်တန်း (convoy) ဟာ ( Hpa Lap Bum ) လက်ဖက်တောင်သို့ တက်သွားခဲ့ကြောင်း ဂျိန်းဖေါကဆာ (Jinghpawkasa) သတင်းဌာနမှ သတင်းပေးပို့လာလို့ တင်ပြခဲ့ပြီးပြီ ဖြစ်ပါတယ်။ မနေ့က ( ဇူလိုင် ၇ ရက်နေ့ ) မှာပင် မိုးမောက်မြို့နယ် ဂျခန့်ဒပ် ကျေးရွာအနီးမှာ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် စစ်တပ်တို့ကြားတိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း ထပ်မံ သတင်းရရှိပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်သားအပြည့်တင်ဆောင်လာသော စကခ (၂၁)မှ တပ်ရင်းတစ်ရင်းအင်အားရှိ စစ်ယာဉ်တန်း (convoy) ကားကြီး (၃) စီးကို ကေအိုင်အေ ဘက်မှ လျှပ်စစ်ဖြင့် ထိန်းချုပ်တဲ့ မိုင်းပဒေသာဖြင့် မိုင်းထောင်ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်းနှင့် ကားနှစ်စီးထိမှန်သွားကြောင်း၊ ကားတန်းတွင် ဗျူဟာမှူးပါ ပါဝင်ကြောင်း သတင်းရရှိပါတယ်။ ခြုံခိုတိုက်ပွဲ နည်းဗျူဟာဖြင့် ကေအိုင်အေ မှ တိုက်ခိုက်ခြင်းဖြစ်နိုင်ပြီး အနည်းဆုံး ကား(၂)စီးပါ ခန့်မှန်းအင်အားအရ တပ်ခွဲနှစ်ခွဲစာ ထိခိုက်သေကြေနိုင်ကြောင်း စစ်ဖက်နီးစပ်သူများက ခန့်မှန်းကြပါတယ်။ ကေအိုင်အေနှင့် စစ်တပ်အကြား စစ်ရေးတင်းမာမှုအရှိန်အဟုန်မြင့်မားနေပြီး ဆက်လက်တိုက်ပွဲ ဖြစ်ပွားအုံးမှာ သေချာကြောင်း ကချင်ရပ်ကွက်နှင့် နီးစပ်သူများက သုံးသပ်သတင်းပို့လာပါတယ်။

No comments: