.

.

.

July 10, 2011

KIAနှင့်စစ်တပ် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

K.I.A စစ်သားများ

KIA နှင့် စစ်တပ် ရှေ့တန်းနယ်မြေများတွင် ထိပ်တိုက် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဂျိန်းဖေါ့ကဆာ (jinghpawkasa) သတင်းဌာနမှ သတင်းပေးပို့လာပါတယ်။ အဲဒါကတော့ KIA တပ်မ (၄) လက်အောက်ခံ တပ်ရင်း (၉) ဧရိယာရှိ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (Muse)နှင့် ကွတ်ခိုင် (Kut Hkai) ကားလမ်းမှ တက်လာကြတဲ့ စစ်တပ်ပိုင် စစ်ကားများကို KIA ရဲဘော်များမှ ပစ်ခတ်လိုက်ကြောင်း သတင်းရရှိပါတယ်။

အလားတူ KIA တပ်ရင်း (၁၅) မှ Sniper ရဲဘော်တို့မှ တာခေါရေအားလျှပ်စစ် (Ta Hkaw Hka) စက်ရုံကို စောင့်နေတဲ့ စစ်သားတစ်ယောက်အား ပစ်သတ်လိုက်ကြောင်း သတင်းရရှိပါတယ်။ မနေ့က ဇူလိုင်လ (၉)ရက်နေ့တွင် KIA တပ်မ (၂) လက်အောက်ခံတပ်ရင်း (၁၁) ကို နအဖနှင့် KIA မျိုးချစ်ရဲဘော်များ တိုက်ပွဲဖြစ်ပွားသေးကြောင်း သတင်းရရှိပါတယ်။ ဒါ့အပြင် KIA တပ်မ(၃) လက်အောက်ခံ တပ်ရင်း (၁၂) နေရာ မိုင်ခေါင် (Mai Hkawng) ၊ ဂျဲခမ်း ကျေးရွာ (Je Hkam) ဒေသများတွင် စစ်တပ်မှ ခလရ (၁၀၅/၂၃၆/၁၄၄/၇၄) တို့ နှင့် KIA ရဲဘော်များ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။ KIA ဘက်ကနေ လက်ဖြောင့် Sniper အုပ်စုမှ ရှေ့ဆောင်ကြောင်း၊ စစ်တပ်ဘက်မှ (၄) ယောက် ကျဆုံးကြောင်း သိရှိရပါတယ်။

စစ်တပ်ဘက်မှ အင်အားဖြည့်တင်းမှု အကြီးအကျယ်လုပ်နေပြီး စစ်ကားကြီး (၅၀)စီးမှာ စစ်သားအပြည့်တင်ကာ ကချင်ပြည်နယ် ရထားလမ်းအတိုင်း ချီတက်လာကြောင်း၊ အခုချိန်မှာ နဘား (Naba) ကို ကျော်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ စစ်ဖက်နီးစပ်သူများရဲ့ သုံးသပ်ချက်များအရ အဲဒီလိုတိုက်ပွဲသတင်းများကြောင့် စစ်တပ်မှ အမြောက်တပ် အကူနဲ့ လက်နက်ကြီးများ ထပ်မံဖြည့်တင်းနိုင်ကြောင်း သတင်းဆက်ပို့လာပါတယ်။

No comments: