.

.

.

July 15, 2011

ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး


ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် လေတပ်စခန်းအလိုက် စီမံချက်ရေးဆွဲပြီး ကက(လေ) သို့ တင်ပြရန် အုပ်မှူး/တပ်မှူး များအား တာဝန်ပေးခဲ့တယ်လို့ စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

လစာရနေတဲ့ နိုင်ငံဝန်ထမ်းများနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ပတ်သက်မှုကို တပ်မှူးများ နားမလည်နိုင်အောင် ဖြစ်နေသလို ၂၀၁၁ မတ် လမှစကာ ဦးပိုင်ရှယ်ယာထည့်ရန် စစ်သည်များရဲ့ လစာမှ တလလျှင် ၅၀၀၀ ကျပ်စီ ဖြတ်နေခဲ့တဲ့အပြင် ယခု စီမံချက်တွင်လည်း စစ်သည် လစာများမှ ဖြတ်ကာ စီးပွားရေး လုပ်ငန်းများ လုပ်ရဦးမည် ဟု ကြားသိထားခြင်းကြောင့် စစ်သည်များအား အနီးကပ် အုပ်ချုပ်နေရတဲ့ တပ်မှူးများ စိတ်ပျက်နေကြရကြောင်း သတင်းပေးပို့လာပါတယ်။

စစ်သည်များရော အရာရှိငယ်များပါ လက်တွေ့ ခံစားနေကြရတဲ့ အထွေထွေ ကြပ်တည်းမှုများမှာ လစာနဲ့ ရိက္ခာ ဟာ လက်ရှိ ကုန်ဈေးနှုန်းနဲ့ မမျှတခြင်း၊ နည်းလမ်းမကျတဲ့ သင်တန်းများ၊ စည်း/ကော် ကိစ္စများ၊ ဦးပိုင်သို့ အတင်းအကြပ် ငွေထည့်ခိုင်းမှု (အချို့သော တိုင်းများတွင် လစာ ၁၅၀၀၀၀ သာ ရသော အရာရှိလစာမှ အရာရှိများအား ၁၀၀၀၀၀ ထည့်ခိုင်းခြင်း)၊ သက်သာချောင်ချိရေး ခေါင်းစဉ်တပ်ပြီး အတင်းအကြပ် စိုက်/မွေး လုပ်ခိုင်းခြင်း၊ လောင်းကစားအား တပ်တွင်းတွင် တရားဝင် ခွင့်ပြုထားခြင်း ကြောင့်သာ ဖြစ်ပြီး၊ ယခု တပ်ချုပ်၏ မူဝါဒများသည် ဦးသန်းရွှေ လက်ထက် ထက်ပင် ပိုမို ဆိုးရွားလာနေကြောင်းကို ကကကြည်း လေးလပတ်အပြီး အရာရှိကြီး အများစုမှ ပြောလာကြတယ် လို့ စစ်ဖက်နီးစပ်သူများမှ သတင်းပေးပို့လာပါတယ်။

No comments: