.

.

.

July 20, 2011

K.I.A နှင့် စစ်တပ် မီးကုန်ယမ်းကုန် တိုက်ပွဲ ဖြစ်တော့မည်

K.I.A ရဲဘော်များရဲ့ အသင့်အနေအထား

ယနေ့ ဇူလိုင် ၂၀ ရက် မှာပင် အာဏာရှင် အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော် K.I.A အား စစ်ကြေငြာလိုက်ပြီဖြစ်ကြောင်း ဂျိန်ဖေါ့ကဆာ သတင်းဌာနမှ သတင်းပေးပို့လာပါတယ်။ ယခုအခါ ဗန်းမော်လေယာဉ်ကွင်းအနီးတွင်လည်း စစ်တပ်မှ စစ်ယာဉ်တန်းများဟာ ၇၆ မမ၊ ၁၀၅ မမ၊ ၁၂၀ မမ၊ အမြောက်ကြီးများကို တင်ဆောင်ထားနှင့်ပြီး K.I.A ဗဟိုဌာနချုပ် ဆီသို့ ဦးတည် ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် K.I.A ဟာ မိမိ စစ်တပ်အားလုံးကို အသင့် အနေအထား တပ်လန့်ထားပြီ ဖြစ်ပါတယ်။ အလားတူ မုန်လိုင် (MungLai hka) ချောင်းဖျားဘက်မှနေ၍ စစ်တပ်မှ စစ်အင်အား အလုံးအရင်းနှင့် ချီတက်လာကြောင်းသိရှိရပါတယ်။

စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်မှ စစ်ရုံးရှိ စစ်ဘက်နီးစပ်သူများကို စုံစမ်းကြည့်ရာမှာ ရှစ်လုံး ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက Hard Line ပီပီ စစ်တိုက်ခိုက်ချင်သူဖြစ်လို့ သမ္မတကို ဖိအားပေးနေကြောင်း အတည်ပြုဆဲ သတင်းအရ သိရပါတယ်။ သူက အကြောင်းပြရာမှာ ငြိမ်းချမ်းရေးအဖွဲ့စေလွှတ်ခဲ့သော်လည်း K.I.A က တာဝန်ရှိသူရဲ့ အထောက်အထား လက်မှတ် တောင်းတာကို ဘဝင်မကျဖြစ်ခဲ့ရကြောင်း၊ မိမိတို့က စစ်မတိုက်ချင်လို့ သတိပေးနေတဲ့ကြားက K.I.A က စစ်တပ်ကို တိုက်ခိုက်လာနေကြောင်း အရာရှိစစ်သည် ကျဆုံးဒဏ်ရာရသူများလာလို့ မဖြစ်မနေ ထိုးစစ် ဆင်သင့်ကြောင်း ဆိုပါတယ်။ စစ်ဘက်နီးစပ်သူများက K.I.A အနေနဲ့ ထိုးစစ်မလုပ်ဘဲ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာသူများကိုသာ ခုခံကာကွယ်တာဖြစ်လို့ မဟုတ်မမှန်ကြောင်း၊ အဓိက စစ်ကြေငြာဖို့ ဖြစ်လာတဲ့အကြောင်းရင်း တစ်ခုမှာ ရမခ တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့တုန်းက K.I.A ရဲဘော်များ သတ်ဖြတ်မှုတွင် ရှစ်လုံးအား တာဝန်ရှိသူအဖြစ် စွပ်စွဲပြီး နိုင်ငံတကာသို့ ထုတ်ဖေါ်လိုက်တဲ့အတွက်ကြောင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တားနား အဆိုပြုထားတဲ့ မြန်မာနိုင်ငံ အတွင်း စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ စုံစမ်းရေးကော်မရှင်နှင့် တခြား နိုင်ငံတကာ တာဝန်ရှိသည့် အဖွဲ့အစည်းများက စုံစမ်း အရေးယူ ဖော်ထုတ်သင့်တယ်လို့ K.I.A က တင်ပြလိုက်ကြောင်း။ အဲဒီအတွက် ရှစ်လုံး သီဟသူရ တင်အောင်မြင့်ဦး ဒေါသူပုန်ထကြောင်း၊ သူ့အနေနဲ့သူ့ရဲ့နိုင်ငံရေး သိက္ခာကျဆင်းပြီး အစိုးရ ထိခိုက်လာတဲ့အတွက် နောက်ဆုံးတော့ သမ္မတက ခွင့်ပြုလိုက်ဟန်တူကြောင်း၊ သတင်းပေးပို့လာပါတယ်။ နောက်ဆုံး ကချင်ရပ်ကွက် သတင်းများအရ K.I.A ဌာနချုပ် လိုင်ဇာရှိ ဒုက္ခသည်များကို ဂျေယန့်ချောင်းအနီးသို့ ပြောင်းရွှေ့လိုက်သလို၊ ဖုန်လုမ်ယာန် (Hpunlum Yang) ကျေးရွာများသို့ ပြောင်းရွှေ့ လိုက်တယ်လို့ သိရပါတယ်။

No comments: