.

.

.

August 8, 2011

ကကထူးအမိန့်အရ လေတပ်အရာရှိများ အပြောင်းအရွေ့သတင်း


စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်သို့ လေတပ်နဲ့ နီးစပ်သူများက ကကထူးရဲ့ အမိန့်အရ ရာထူးတိုးမြင့်သွားတဲ့ အရာရှိများစာရင်းကို သတင်းပေးပို့လာပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနမှ တဆင့်မြင့်ရာထူးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ အထူး နှစ်ပတ် သင်တန်းအပြီးမှာ ကကထူး အမိန့် မထွက်ဘူးလို့ ကကထူး က ပြောသော်လည်း တကယ်တမ်းတွင် အမိန့်များထွက်လာကြောင်း သိရှိရပါတယ်။ လေသူရဲ ၉ ဦး အနက် တန်းအပွင့်တင်သူများမှလွဲကာ ကျန်သူများဟာ အုပ်ချုပ်ရေးတပ်မှူး၊ လေကြောင်းရန် ကာကွယ်ရေး ကွပ်ကဲမှုဌာနမှူး ရာထူးများဖြင့် လေတပ်စခန်း အသီးသီးသို့ ရောက်ရှိနေကြောင်းနဲ့ စက်မှုလက်မှု အရာရှိ ၉ ဦးစလုံးဟာ လထခ(ရှမ်းတဲ)ရှိ ရဟတ်ယာဉ် ထုတ်လုပ်ရေးဌာန ( Mi-17 ရဟတ်ယာဉ် စက်ရုံ ) သို့ ရောက်သွားကြောင်း စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်မှ သတင်းရရှိပါတယ်။

No comments: