.

.

.

August 10, 2011

Mi-24 P စစ်ရေးလေ့ကျင့်မှုသတင်း

Mi-24 P ရဟတ်ယာဉ်

ကက(လေ)နဲ့ နီးစပ်သူ အသိုင်းအဝိုင်း ကရုရှားမှ ဝယ်ယူထားတဲ့ Mi-24 P ရဟတ်ယာဉ်များ စစ်ရေးလေ့ကျင့်မှု လျှို့ဝှက်သတင်းများအား စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ အဲဒီသတင်းကတော့ မိတ္ထီလာမြို့ မြေပြင်အတတ်သင် လေတပ်စခန်းနှင့် နေပြည်တော်တွင် အခြေပြုထားပြီး ရုရှားလုပ်Mi-24 P ရဟတ်ယာဉ်များဖြစ်ကြတဲ့ အမှတ် ၆၈၀၃၊ ၆၈၀၄၊ ၆၈၀၈ နှင့် ၆၈၁၀ စုစုပေါင်း(၄)စီးဟာ ဝေဟင်-မြေပြင်ပစ် တိုက်ခိုက်မှု လေ့ကျင့်ခန်းဆင်နွဲကြတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ လေ့ကျင့်ခန်းဟာ ၂၀၁၁ ဇူလိုင် ၁၈ ရက်မှ ဇူလိုင် ၂၀ ရက်နေ့အထိ ဇရပ်ကုန်း စက်ပစ်ကွင်း (မိတ္ထီလာ) မှာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်တွေအပေါ်တပ်ဆင်ထားတဲ့ ၃၀ မမ စက်အမြောက်နှင့် ၈၀ မမ ရော့ကက်များဖြင့် ပစ်ခတ် လေ့ကျင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီရဟတ်ယာဉ်တွေရဲ့ အုပ်မှူးမှာ DSA 36 မှ ဒုဗိုလ်မှူးကြီး ဇော်လင်းစိုးဖြစ်ပြီး အဲဒီရဟတ်ယာဉ်တွေဟာ ရုရှားနိုင်ငံမှ Mi-24 P အမျိုးအစား ရဟတ်ယာဉ် (၄)စီးအဖြစ် ၂၀၁၀ ပြည့်နှစ်အတွင်း ၀ယ်ယူရောက်ရှိခဲ့တာဖြစ်ကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေး လေ့ကျင်းခန်းဟာ ပထမဦးဆုံး ဆောင်ရွက်သော စစ်ဆင်ရေးလွှဲပြောင်းသင်တန်း (သို့မဟုတ်) လက်နက်ပစ်ခတ်လေ့ကျင့်မှု ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြေအနေတင်းမာနေချိန်တွင် လိုအပ်က ထုတ်သုံးဖို့ ကက(ကြည်း)က ဖိအားပေးလာဟန်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ လက်နက်ဖြင့်ပစ်ခတ် လေ့ကျင့်မှုဟုဆိုသော်လည်း စွမ်းအားပြည့်မဟုတ်ပဲ လေသူရဲတစ်ဦးလျှင် ကျည်အရေအတွက် အနည်းငယ်စီသာ ပစ်ခတ်စေခြင်းဖြစ်ပါတယ်။ လက်နက်ခဲယမ်းများအား တံတားဦးလေဆိပ်သို့ ရုရှား ကုန်တင်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး၊ ၎င်းမှ လေတပ်ရဲ့ Y-8 လေယာဉ်ဖြင့် ထပ်ဆင့်သယ်ယူကာ လမသ နှင့် လကသ(ရှမ်းတဲ)တွင် သိုလှောင်ထားခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။

No comments: