.

.

.

August 13, 2011

သေရွာပြန်လေတပ်စစ်သည် သတင်း

အိန္ဒိယမှပညာရှင် စစ်သည်များ နဲ့ ကက(လေ)မှ ပညာရှင် စစ်သည်များ
ပူးတွဲလေ့ကျင့်ခဲ့စဉ်က အမှတ်တရပုံ


စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ မလုံခြုံတဲ့ လေတပ်စစ်သည်တွေရဲ့ဘဝ သတင်းကို တင်ပြခဲ့ပြီးနောက် လေတပ်နဲ့နီးစပ်သူများက အဲဒီသတင်းဂယက်ကြောင့် ကက(လေ)မှ သက်သာချောင်ချိရေးအတွက် လေယာဉ်ကြုံလိုက်ပါခွင့် ကန့်သတ်ချက်များအား ပယ်ဖျက်ပေးခဲ့ကြောင်း သတင်းပေးပို့လာပါတယ်။ ဆက်လက်ပြီး လေတပ်နဲ့နီးစပ်သူများက ထပ်မံစုံစမ်း သတင်းပေးပို့ရာမှာ ရေး-ထားဝယ်ကားလမ်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ပါ လေတပ်မှ စစ်သည်မှာ ပစ်ခတ်မှုတွင် သေဆုံးခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။ သတင်းအစအနပျောက်သွားလို့ အဲဒီစစ်သည်ဟာ တောထဲတွင် ပစ်သတ်ခံရခြင်း (သို့မဟုတ်) တစုံတခု အန္တရာယ်ကျရောက်ခြင်းကြောင့် သေဆုံးသွားနိုင်တယ်လို့ အဲဒီစစ်သည်ရဲ့ မိသားစု အပါအဝင် အများက ယူဆနေကြပါတယ်။ ဒါနဲ့ သြဂုတ်လဆန်းတွင် ၎င်းတောထဲမှ လွတ်မြောက်လာကာ နယ်မြေခံတပ်ရင်းမှတဆင့် ၎င်းအား စရဖ (စစ်ထောက်လှမ်းရေး)က လွဲပြောင်းရယူပြီး စစ်ကြောရေးဝင်နေတာကို မည်သူမှ မသိရှိရသေးဘဲ ဖြစ်နေပါတယ်။ ‘စရဖ’က ကက(လေ)နဲ့ ကရခ တိုင်းစစ်ဌာနချုပ်သို့ အသိမပေးဘဲ ကြိတ်ပြီး စစ်ကြေားရေးလုပ်နေရာ ဤစည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ သတင်းဖေါ်ထုတ်မှုကြောင့် ကမ်းရိုးတန်းစစ်ဌာနချုပ်(ကရခ) သို့ ပြာပြာသလဲ သတင်းပေးပို့လိုက်ရကြောင်း သိရှိရပါတယ်။ အဲဒီစစ်သည်ဟာ လေ/၃၁၉၂၂ တပ်ကြပ်ကြီး သက်နိုင်ထွေး ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ဟိုပုန်းတပ်မတော်နည်းပညာကောလိပ် အမှတ်စဉ် (၆) ဆင်း ဒီပလိုမာ တပ်ကြပ်ကြီးတဦးဖြစ်ကာ လေယာဉ်များရဲ့ ကိုယ်ထည်သတ္တုပြင် လုပ်ငန်းမှ ပညာရှင်ဖြစ်ပါတယ်။ ၎င်းနည်းပညာအရ အဆင့်မြင့်လုပ်ငန်း (trade) တခုဖြစ်ပြီး အမှတ်စဉ် (၆)မှ တပ်ကြပ်ကြီး ၁၅၀ ကို လေတပ်သို့ ခေါ်ယူခဲ့ရာတွင် (၅)ဦးသာ အဲဒီလုပ်ငန်း ပညာရပ်အတွက် ရွေးချယ်သင်ကြားပေးခြင်းခံရသူဖြစ်ကြောင်း သတင်းရရှိပါတယ်။

No comments: