.

.

.

August 12, 2011

CPL အထူးသင်တန်းသတင်း


လေတပ်တွင် ရာထူးတိုးမြင့်ရန် အလားအလာမရှိသော လေသူရဲများကို CPL အထူးသင်တန်းများ တက်ခိုင်းနေတဲ့သတင်းအား လေတပ်ဦးစီး အရာရှိများက စည်းလုံးခြင်းရဲ အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ လေသူရဲများမှာ ကက(လေ)ဖွဲ့စည်းပုံအရ တဆင့်မြင့် ရာထူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီးပေးရန် ကန့်သတ်ချက်များရှိနေပြီး၊ ၄င်းအခြေအနေကို တားဆီးရန် လေသူရဲများအနက်မှ နည်းပြမဟုတ်သူများ၊ တပ်မတော်တွင် ဆက်နေရန် ဆန္ဒမရှိသူလေသူရဲများအားပို့ ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနတွင် Commercial Pilot License-CPL သင်တန်း (၂)လသို့ တက်ရောက်ခွင့်ပေးထားပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အဲဒီလေသူရဲများဟာ ပထမ အသုတ်အဖြစ် (၁၀၀)ဦး စီစစ်ရွေးချယ်ထားပြီး လေကြောင်းကုမ္ပဏီများသို့ ပြောင်းပေးရန် ရှေ့ဦးစွာ CPL အထူးသင်တန်းကို တက်ရောက်ရပါမည်ဟု သိရပါတယ်။ အဲဒီ CPL သင်တန်းကြေးမှာ ကျပ် ၃သိန်းခွဲ ဖြစ်ပြီး၊ ယခု အသုတ်ပါသူများမှာ ကျပ် ၁သိန်းခွဲသာ သွင်းရမည်ဟုလည်း သိရပါတယ်။ လေသူရဲအရာရှိများအနေနဲ့ ဘောင်ဝင်သူရော မ၀င်သူများပါ ထိုအသုတ်တွင် ပါရှိရေးအတွက် ဆိုင်ရာ၊ပိုင်ရာအသီး သီးဖြင့် ကြိုးစားနေကြကြောင်း သတင်းရရှိပါတယ်။ လေသူရဲမဟုတ်တဲ့ ကျန်အရာရှိများအနက်မှ အဆင့်တိုးမရတော့မည့် သူများကိုလည်း ၂၀၁၁ ခုနှစ်အတွင်း ရှင်းထုတ်သွားမည်ဟု သိရပါတယ်။ တပ်မတော်(လေ)မှာ DSA (၄၁/၄၂) က ဗိုလ်မှူးတွေ အရမ်းများနေသလို တက်လမ်း မရှိနိုင်တော့ဘူးလို့ တွက်ဆသူတွေ များပြီး အချို့က ထွက်စာတင်သလိုအချို့ က ၀န်ကြီးဌာန ပြောင်းဖို့ လုပ်နေခြင်းအား သိရှိရလို့ ဇွန်လက လုပ်ခဲ့သော ကက(လေ) လေးလ ပတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့စဉ်က လေသူရဲ ဗိုလ်မှူး များထဲမှ နည်းပြ လည်း မဟုတ်...အုပ်မှူး လည်း မဖြစ်နိုင်တော့သော ဗိုလ်မှူး ၁၀၀ အား CPL လိုင်စင် ပေးကာ အရပ်ဘက် ကုမ္ပဏီများ သို့ ပြောင်းပေးရန် အဆိုပြုချက် ကို ကာကွယ်ရေးဦးစီးချုပ်(လေ)က သဘောတူခဲ့တယ်လို့ သိရပါတယ်။ ပထမ အသုတ် ဗိုလ်မှူး ၂၀ ဦးကို ၁-၈-၂၀၁၁ ရက်နေ့တွင် လေကြောင်းပညာသိပ္ပံ (DCA) မှာ Commercial Pilot License သင်တန်း ၃ လ ကြာ တက်ရောက်နေပြီဖြစ်ပြီး သင်တန်းကြေး ၃ သိန်းခွဲ (သို့မဟုတ်) ၁ သိန်းခွဲ သွင်းကာ ၄င်း သင်တန်းပြီးပါက အရပ်ဘက် လေကြောင်းလိုင်းများသို့ တပ်မှ အငြိမ်းစားပေးလိုက်ကား စေလွှတ်မှာ ဖြစ်ပါတယ်။ ကျန် ၈၀ ဦးကို နောက်ထပ် ၂၀ ဦးစီ အသုတ်လိုက် တက်စေမှာ ဖြစ်သလို...စိစစ် ရွေးချယ်မှု ကို ဌာနချုပ်မှူး များနဲ့ လေချုပ် ကိုယ်တိုင် ကိုင်တွယ်ပါတယ်။ အလားတူ အဆင့်တိုးရန် မရှိတော့သော စက်မှု လက်မှု ဌာနခွဲအောက်မှ အရာရှိများ ကိုလည်း အချို့သော ၀န်ကြီးဌာနများ သို့ ပြောင်းပေးမယ်လို့ သိရပါတယ်။ တပ်မတော်(လေ) မှ အရာရှိများ စိတ်ဓါတ် ပျက်ပြားနေမှု ကို နည်းလမ်းရှာ ဖြေရှင်းရန် လေချုပ် က Initiate မလုပ်ခဲ့တဲ့အတွက် အောက်ခြေနဲ့တိုက်ရိုက် ထိတွေ့နေရသော လေတပ်စခန်းဌာနချုပ်မှူး အချို့က နည်းလမ်းရှာဖွေကာ အဆူခံ၊ အဆဲခံ တင်ပြခြင်းဖြစ်ကြောင်း ကက(လေ)ှ ဦးစီး အရာရှိများထံမှ သိရပါတယ်။ သို့သော်လည်း အချို့သော နည်းပြ ဗိုလ်မှူးများ၊ အဆင့်တိုးရန် မသေချာတဲ့ ဒုဗိုလ်မှူးကြီး များကလည်း တပ်မှာ ဆက်မနေလိုတော့ ကြောင်း ထွက်စာ တင်ထားကြသဖြင့် ထို အရေးကို ကိုင်တွယ်ရန် လည်း နည်းလမ်းရှာနေကြတယ်လို့ သိရပါတယ်။ လောလောဆယ် တပ်မှထွက်ခွင့် တင်ထားသု အရာရှိ (၃၀) ဦး ခန့်နှင့် ၀န်ကြီးဌာနသို့ ပြောင်းရွှေ့ရန် ခွင့် ပြုချက် တောင်းထားသူ (၆၀) ဦးခန့်ရှိသလို စစ်သည်များအနက် အကြပ်ကြီးနှင့် အထက် အများစု ကလည်း တပ်ထွက်ခွင့် ရ့က ထွက်လိုကြတယ်လို့ ကြားသိရကြောင်း ဦးစီးအရာရှိများထံမှ စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

No comments: