.

.

.

August 22, 2011

စစ်တပ်ရဲ့ ရက်စက်မှု ကမ်းကုန်



စစ်ပြေး ကချင်ဒုက္ခသည် ကျောင်းသား/ သူများ


စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ရွာသူရွာသားများ သေဆုံး ဒဏ်ရာရရှိမှု သတင်းအား နမ်လင်းပါကျေးရွာနဲ့ နီးစပ်သူများက သတင်းပေးပို့လာပါတယ်။အဲဒီသတင်းကတော့ သြဂုတ်လ (၂၀)ရက်နေ့ည(၈)နာရီအချိန်ခန့်က မန်စီမြို့နယ်၊ ဂျေအူကျေးရွာတွင် အခြေချတပ်စွဲထားတဲ့ ခလရ (၇၄) တပ်စခန်းမှ ပစ်လိုက်တဲ့ လက်နက်ကြီးဗုံးဆံတစ်လုံးဟာ ကျောင်းသူ ကလေးများကို စာသင်ပြပေးနေတဲ့ ကျောင်းဆရာမ ဒေါ်မိုင်းအောင်ရဲ့နေအိမ်ကို တိုက်ရိုက် ထိမှန်ပေါက်ကွဲသောကြောင့် ဆရာမအပါအ၀င် ကျောင်းသူ (၄) ဦးကိုထိမှန်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒါ့ပြင် အသက်(၆)နှစ်အရွယ်၊ သူငယ်တန်းကျောင်းသူ မဖေါ်လားထုမှာ ချက်ချင်း သေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီ ဆရာမနှင့် ကျောင်းသား ကျောင်းသူ ထိခိုက်ဒါဏ်ရာရသောသူများကိုတော့ နမ်လင်းပါကျေးရွာရှိ KIO ဆေးခန်းတွင် ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒါဏ်ရာရရှိသူများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်…..
(၁) ဆရာမ ဒေါ်မိုင်းအောင်
(၂) မ လဘန်ဘောက်ဆန် (၇-နှစ်) ပထမတန်းကျောင်းသူ
(၃) မ အင်ဒေါင်ဘောက်ရာ (၇-နှစ်) ပထမတန်းကျောင်းသူ
(၄) မ အင်ဒေါင်ဒီးရာ (၆-နှစ်) သူငယ်တန်း

No comments: