.

.

.

August 26, 2011

ကချင်ပြည်နယ်ရှိ အပေါင်းအနုတ်သတင်း

ရှေ့တန်း တစ်နေရာမှK.I.A စစ်သည်များ (ပုံ - 56.com)

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ K.I.A နှင့် စစ်တပ်တို့အကြား အပြန်အလှန် ထိတွေ့ပစ်ခတ်မှုနဲ့ တိုက်ပွဲများကြောင့်၊ စစ်တပ်ရဲ့ ထိခိုက် ဒဏ်ရာ ကျဆုံးမှု အခြေအနေကို K.I.A နှင့် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။ ၂၁.၈.၂၀၁၁ တနင်္ဂနွေနေ့ ညနေမှ စတင်ပြီး ယနေ့တိုင် နမ့်ဆန်ယာန် (Nam San Yang) ကျေးရွာတွင် စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.O/ K.I.A တို့အကြား တဖက်နဲ့တဖက် အပြန်အလှန် စောင့်ကြည့်နေကြကြောင်း သိရှိရပါတယ်။ ယခုပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် K.I.A ရဲ့ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နှင့် စစ်တပ်များအကြား ဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် စစ်အစိုးရဘက်မှ အနဲဆုံး (၃၀) ယောက်ထက်မနည်း ကျဆုံးခဲ့တယ်လို့ ခန့်မှန်းရကြောင်း၊ ထိတွေ့ပစ်ခတ်မှုနဲ့ တိုက်ပွဲများမှ လက်နက် ကြီးနဲ့ လက်နက်ငယ် (၁၆)လက် ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် K.I.A မှ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။

No comments: