.

.

.

August 25, 2011

လက်သံပြောင် ဗိုလ်မှူးတစ်ဦး



K.I.A ကျေးရွာ ဆေးပေးခန်းတစ်ခု

စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ ကချင်ပြည်နယ်ရှိ ကျေးရွာလူထုတွေကို စစ်တပ်မှ နှိပ်ကွပ်နေတဲ့သတင်းများအား စဉ်ဆက်မပြတ် သတင်းပေးပို့လျက် ရှိပါတယ်။ ဆက်တိုက်ဝင်လာတဲ့ သတင်းမှာ မိုးမောက်ဆေးရုံရှိ လူနာများနင့် နီးစပ်သူများက စစ်တပ်ရဲ့ ဗိုလ်မှူးတစ်ဦး လက်သံပြောင်တဲ့သတင်းအား ဤဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာခြင်း ဖြစ်ပါတယ်။ ၁၉.၈.၂၀၁၁ ရက်နေ့တုံးက ဂျကန့်ဒပ် (Chyanhkn Dap) ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ ဦးမရန် နော်ဘောက်အား ခလရ (၄၇) မှ ဗိုလ်မှူး သန်းကျော်ဆွေက တပ်အတွင်းသို့ ခေါ်ယူရိုက်နက် ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးမရန်နော်ဘောက်ဟာ ရိုက်နက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ယခုအချိန်တွင် မိုးမောက် (Nmawk ) ဆေးရုံတွင် ဆေးကုသ ခံယူနေကြောင်း သိရှိရပါတယ်။

No comments: