.

.

.

January 19, 2011

Mr Jim Web နဲ့ အန်တီစု တွေ့ဆုံမှု

မြန်မာနိုင်ငံတွင် ရောက်ရှိ လည်ပတ်နေသော အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အထက် လွှတ်တော် အမတ်၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မီတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) သည် နေအိမ် အကျယ်ချုပ် ကျခံနေရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံခွင့် ရရှိသွားကြောင်း သတင်း ရရှိပါသည်။


အလားတူ နေပြည်တော်(ကြပ်ပြေး) တွင် အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) သည် နအဖမှ တရားဝင် မှတ်ပုံတင် ထားသော နိုင်ငံရေး ပါတီ (၁၀) ခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပအိုဝ်နဲ့ “၀” တို့မှ တိုင်းရင်းသား ပါတီများ အပါအ၀င် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး သွားခဲ့ပါသည်။ တဆက်တည်း အပစ်ရပ် တိုင်းရင်းသားများ အဖွဲ့ထဲမှာ နအဖနဲ့ အဆင်ပြေ နေသော အထူးသဖြင့် နယ်ခြားစောင့်တပ်ကို လက်ခံထားသည့် DKBA၊ ပဒိုအောင်ဆန်းဦးစီး ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့၊ ဦးအောင်ခမ်းထီ ဦးစီးသော ပအိုဝ်အဖွဲ့၊ ဦးစခုန်တိန်ယိန်း ဦးစီးသော NDA (K) ကချင်အဖွဲ့တို့အား အမေရိကန် အထက်လွှတ်တော် အမတ်နှင့် ပေးတွေ့ခဲ့ကြောင်းလည်း သိရှိရပါသည်။ သဘောထား တင်းမာသော KIA၊ UWSA “၀”၊ ဦးဖုန်ကျားရှင်း ဦးစီးသော MNDA ကိုးကန့်အဖွဲ့၊ ဦးစိုင်းလင်း ဦးစီးသော NDA ရှမ်းအဖွဲ့၊ မွန်ပြည်သစ်ပါတီ NMSP တို့မှာ တွေ့ဆုံရာတွင် ပါဝင်ခြင်း မရှိကြောင်း တွေ့ရပါသည်။

နအဖဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေသည် ဒု ဥက္ကဋ္ဌ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ ၀န်ကြီးချုပ်၊ အတွင်းရေးမှူး (၁) တို့နှင့်အတူ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) အား ကြပ်ပြေးရှိ ဘုရင့်နောင် ရိပ်သာတွင် လက်ခံ တွေ့ဆုံခဲ့ကြောင်း၊ အမေရိကန် အထက်လွှတ်တော်အမတ်အား မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက ညစာစားပွဲနှင့် ဧည့်ခံခဲ့ကြောင်း သတင်း ရရှိပါသည်။

နအဖ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံခွင့် မပြုခဲ့ဘဲ ယခု အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ် ဝက်ဘ်(Jim Webb) ကို တွေ့ဆုံခွင့် ပြုခြင်းသည် နိုင်ငံရေး အမြတ်ထုတ်မှု ကြံစည်ချက် ဖြစ်ကြောင်း ပြည်တွင်းရှိ စစ်ဖက်နီးစပ်သူများက သတင်းပေးပို့ခဲ့ပါသည်။ အဆိုပါ အမြတ်ထုတ်မှုမှာ ဂျွန်ယက်ထောအား အပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပြုကာ ပြည်နှင်ဒဏ် အနေဖြင့် ထိုင်းနိုင်ငံသို့ စေလွှတ်နိုင်ကြောင်း သတင်းရရှိပါသည်။ ဤသို့ ပေးပို့ခဲ့သော ပြည်တွင်းရှိ စစ်ဖက်နီးစပ်သူအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါသည်။

No comments: