.

.

.

September 3, 2011

နောင်ဖြစ်နိုင်မည့် ဦးစီးချုပ် အလောင်းအလျာ

အာဏာလွန်ဆွဲပွဲများကြောင့် တပ်မတော်အတွင်းတွင် ထိပ်ပိုင်းဗိုလ်ချုပ်များ ထိုင်ခုံမမြဲ ဖြစ်စေကာ သူ့လူ ကိုယ့်လူ ဆွဲတင်လို့ မရဘဲ စစ်တပ်ရဲ့ Line Up ပျက်ဆီးသွားခဲ့ကြရပါတယ်။ ယခင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခြင်းခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းက စစ်ဦးစီး အရာရှိချုပ် (ကြည်း) ရာထူးအား သူ့ရဲ့တပည့် ဗိုလ်ချုပ်ဟောင်း တင်ငွေကို ဆွဲတင်ခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ထပ်မံ လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သူရမြင့်အောင်လည်း တပည့်အဖြစ်တောင် ဘယ်သူ့ကိုမှ မရွေးနိုင်ခဲ့ခင်မှာဘဲ ထိုင်ခုံက လျောကျသွားခဲ့ပါတယ်။ ယခုတဖန် နောင်တခေတ်မှာ ဖြစ်လာနိုင်မဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခြင်း ခံရသူကတော့ နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်အေး ဖြစ်နိုင်ကြောင်းနဲ့ ဗိုလ်မှူးချုပ်မောင်မောင်အေးဟာ D.S.A အပတ်စဉ် (၂၅) ကဖြစ်ပြီးတော့ သူ့ရဲ့အကြောင်းကို အငြိမ်းစား တပ်မတော် အရာရှိကြီးတစ်ဦးမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ အောက်ပါအတိုင်း ပြောဆိုလာပါတယ်။


နေပြည်တော်ရှိ ခုတင် ၃၀၀ ဆံ့ ဥတ္တရ သီရိ ဆေးရုံ သစ်ကြီးဖွင့်ပွဲ၌ ဗိုလ်မှူးချုပ် မောင်မောင်အေး

(ဓာတ်ပုံ - The Myanmar Post)

ဒီကောင် တပ်ရင်းမှူး သင်တန်းတုံးက အဆင့် (၆) ရလို့ လက်ရွေးစင် ထိပ်တန်း (၅) ယောက် ရွေးတဲ့အခါမှာတော့ မပါသူ ဖြစ်တာပေါ့။ ဒါပေမဲ့ နိုင်ငံခြား ပညာတော်သင် တက်ရောက်ဖို့ အကျုံးဝင်တဲ့ အဆင့် (၁) နဲ့ (၂) တွေကို ကျော်ခွပြီး သင်တန်းထဲကို သူပါသွားခဲ့တယ် ဆိုကတည်းက တပ်မတော်ရဲ့ အဖားတော်၊ အမျိုးတော်၊ ဗေဒင်နက္ခအရ တော်တဲ့ တော် (၃) မျိုးထဲမှာ အကျုံးဝင်နေလို့ ဖြစ်တယ်လေ။ ကကကြည်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးစန်းဦး (D.S.A ၂၄) တောင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် နောက်မှ ပြန်ရွေ့ပြောင်းခံရတာ တွေ့ရတယ်။ ဗိုလ်မှူးချုပ်မောင်မောင်အေးက D.S.A (၂၅) ကျောင်းဆင်းဖြစ်ပြီးတော့ စီနီယာ ဗိုလ်ချုပ် တွေကို ကျော်ဖြတ်ကာ နေပြည်တော် တိုင်းမှူးရာထူးကို ရောက်ခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ ဒုချုပ်နဲ့ တပ်ချုပ် ဖြစ်ဖို့ဟာ ယခင်က နတခတိုင်းမှူးတွေကို အများဆုံး ရွေးချယ်နေခဲ့ရာက ယခု ဒုချုပ်ကို မပခတိုင်းမှူး ဗိုလ်ချုပ်ကြီးစိုးဝင်းအား ရွေးချယ်တာက အခြေအနေ ပြောင်းလဲသွားလို့ ဖြစ်တယ်။ ဗိုလ်မှူးချုပ် မောင်မောင်အေးရဲ့ အားသာချက်က နေပြည်တော်မှာ လူကြီးတွေနဲ့ အနီးကပ်နေရလို့ လုပ်ဆောင်ချက် ကြိုးစားချက် အနည်းငယ် ပိုအားထုတ်ရုံ အဖားတော်ရုံနဲ့ အခြား တိုင်းမှူး များထက် ရှေ့ကပြေးနေတာ သေချာတယ်။ သူ့ကို ရွေးချယ်တာကလည်း ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ ဖြစ်ပြီး ဗိုလ်ချုပ် မင်းအောင်လှိုင် ကြိုက် မကြိုက်ဆိုတာကို ဆက်ကြည့်ရဦးမှာ ဖြစ်တယ်။ ဒါပေမဲ့ ပထမဦးဆုံး လွှတ်တော် ကျင်းပချိန်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်အေးကို တွဲခေါ်ပြီး လွှတ်တော် ညီလာခံထဲသို့ ပွဲထုတ်လာတာကို တွေ့ခဲ့ရတာမို့ နောင်တခေတ် ဖြစ်လာနိုင်မဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဘယ်သူလဲဆိုတာကို သိချင်နေသူများအတွက် စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ တင်ပြပေးလိုက်ပါတယ်။

No comments: