.

.

.

September 5, 2011

K.I.A ရဲ့ ခံစစ်မှ ထိုးစစ်သို့ အသွင်ပြောင်း

ရှေ့တန်းထွက်ရန် အဆင်သင့်ဖြစ်နေသော K.I.A စစ်သားများ

K.I.A ဟာ မိမိတို့ရဲ့ ခံစစ်စည်း လုံခြုံမှုရှိရေးနှင့် အကောင်းဆုံးခံစစ်ဟာ ထိုးစစ်ဖြစ်တယ်ဆိုတဲ့ စစ်နည်းဗျူဟာအရ စစ်တပ်ရဲ့လှုပ်ရှားမှုများလာတာကြောင့် လက်ဦးမှုရယူပြီး ထိုးစစ်ဆင်နေကြောင်း K.I.A နှင့် နီးစပ်တဲ့အသိုင်းအဝိုင်းများက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ စက်တင်ဘာလ (၃) ရက် နေ့တွင် K.I.A တပ်ရင်း (၃) မှ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အနီးရှိ ရွှေညောင်ပင် ကျေးရွာတွင် အခြေစိုက် တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဲ့ဒီတိုက် ပွဲတွင် စစ်တပ်ဘက်မှ (၄) ဦး ကျဆုံးပြီး (၇) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းကို သိရှိရပါတယ်။

တဆက်ထဲမှာဘဲ စက်တင်ဘာလ (၃) ရက်နေ့မှာ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာဘက် ချီတက်လာတဲ့ စစ်တပ်ရဲ့ကားကို K.I.A စစ်သားများက ဗုံးခွဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရပါတယ်။

No comments: