.

.

.

May 7, 2008

အော်..........အချစ်........အချစ် အပိုင်း(၁)

www.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.ws
Glittery texts by bigoo.ws

အချစ်တဲ့............စကားလုံးလေးက များများစားစားမရှိပေမဲ့ အဓိပ္ပာယ်တွေကတော့ ကောင်းကင်လို

ကျယ်ပြန် ပြီး သမုဒ္ဒရာကြီးလောက် နက်ရှိုင်းကာ ငှက်ကလေးတွေလို ချစ်စရာကောင်းတဲ့ အဓိပ္ပာယ်မျိုး

သက်ရောက်နေတယ်။ ကမ္ဘာမှာ အချစ်မရှိဘဲ လူဟာ တော်တော်လေး ရှားပါတယ်။ အားလုံးဟာ

တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်ဆက်နွယ်နေကြပါတယ်။ အဲဒီလူတွေထဲမှာလည်း

ကျွန်တော်ပါဝင်နေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ က ဒီကိစ္စကို အနည်းနဲ့ အများ စဉ်းစားဖို့ လိုလာ

ပါပြီ။ တစ်ချို့ က ပြောကြတယ်.....ဒီခေတ်ကြီးမှာ အချစ်က ၀ယ်လို့ ရတယ်တဲ့.... နောက်တစ်ယောက်

ကျတော့ အဲဒါကြီးကို ယူဖို့ က တော်တော်လေး ခဲယာခဲဆစ်နဲ ယူရတယ်တဲ့.... ကျွန်တော့်အနေနဲ အဲဒီ

လူတွေ ဘယ်လိုဘဲပြောနေပါစေ စိတ်ထဲမှာတစ်ခုဘဲ မှတ်ထားတယ်.. "သချာင်္မှာ Formula ရှိပေမဲ့ အချစ်မှာ

Formula မရှိဘူး'' ဆိုတာ မှတ်ထားတယ်ဗျ။ ဒီကနေ့ အဲဒီအကြောင်း သုံးသပ်လိုက်တော့... ၂၀ ရာစုက

အခြေအနေနဲ့ ၂၁ ရာစုက အခြေအနေ လုံးဝမတူ ကွဲပြားခြားနားနေတာ တွေ့ ရတယ်။ ၂၀ ရာစုမှာဆိုရင်

''ကိုယ့်ရဲ့ အချစ်ကိုသက်သေပြရမယ်ဆိုရင် မြင့်မိုရ်တောင်ကြီးတောင် ဆီးသီးလောက်ဘဲ ရှိတော့မယ်'' လို

ပြောပြီး ချစ်ကြရတာဗျ။ အခုတော့ ပြောင်းသွားပြီး.... ဘိုဘိုဟန် ဆိုထားတဲ့ သီချင်းတစ်ပုဒ်ရှိတယ်... "နင့်ကို

ငါချစ်တယ် ငါ့ကိုနင် ချစ်မလား" တဲ့ ...ဗြောင်းကြီးပါလား....စကားလုံးလေး လှလှလေးတွေ ကဗျာကာရံလေး

တွေလည်း မပါဘူး...ရှင်းနေတာဘဲ..အဲဒီတော့ ဟိုဘက်ကလည်း Yes ဆိုရင် ကောင်းတာပေါ့ No ဆိုတော့

နောက်တစ်ယောက်ပေါ့။ ပြီးတော့ ၂၀ ရာစုကဆိုရင် တစ်ယောက်ဆို ယောက်ဘဲ...ကျန်တာတွေ

လာမပြောနဲ့ ။ အခု ၂၁ ရာစုကျတော့....သူ့ ထက်သာရင် သာတဲ့ဆီကို ကပ်မယ်...အဲ မှားလို ....ချစ်မယ်

ဆိုတာကြီးဗျ။ ကိုယ်က ထူးချွန်နေရင် တစ်မျိုးပေါ့...မထူးချွန်ရင်တော့ အားငယ်စရာကြီးဗျာ။ ဒီနေ့ ခေတ်

အချစ်ကို ကြည့်ရင်ရာထူးဂုဏ်အရှိန်အ၀ါတွေကြောင့် ချစ်တာများပြီး လူကို ချစ်တာနည်းနေတယ်။ ဥပမာ

တစ်ခုပြောပြမယ်.... ကျွန်တော့် သူငယ်ချင်း မိုးဇော်...သူက ကောင်မလေးတစ်ယောက်ကို ရေရေလည်လည်

ပတ်ပတ်စက်စက် တစ်ဖက်သတ် ချစ်နေတာ...ကောင်မလေးဘက်ကလည်း အဲဒါကို ရိပ်မိတယ်။

မိုးဇော်စိတ်ထဲမှာ ထင်တာက"သေတ္တာမှာ အလျားအနံ ရှိသလို မေတ္တာမှာလည်း အသွားအပြန်ဆိုတာ

ရှိရမယ်" တဲ့။ ကျွန်တော်ကတော့သူတို နှစ်ယောက်ရဲ အခြေအနေကို ကြည့်လိုက်တယ်။ လ၊ လ၊

သာ ကုန်သွားတယ်...ဘာမှအကျိုးထူးမလာဘူး။ မိုးဇော်ခမျာလည်း အကြိမ်ကြိမ် အဖန်ဖန်

ကြိုးစားရှာတယ်။ တစ်ခါတလေ ကြိုးစားလွန်းလို ထမင်းမစားနိုင် မအိပ်နိုင်အထိ ဖြစ်သွားရတယ်။

နောက်ကြာတော့ ဘာမှမထူးလာဘူး....မထူးလာတဲ့အပြင်အနုတ်လက္ခဏတောင် ပြသွားတယ်။

ကောင်မလေးက လှည့်တောင်မကြည့်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့သူအဖေက 'အကောင်' အဲ မှားလို့ 

လူကြီးလည်းဖြစ် သူကလည်း ပညာတတ်..ဥစ္စာပေါ...ရုပ်ချော ဆိုတော့ မာနက နည်းနည်းဘဲ

ကြီးနေမလားမသိ...မိုးဇော်က သာမန်လူဆိုတော့ ဂရုတောင်မစိုက်ဘူး။ မိုးဇော် ကတော့

သတိမထားမိဘူး။ နောက်..ကျွန်တော် ပြန်သုံးသပ်ပြလိုက်တော့ သူလည်း သိသွားပြီး

စိတ်ဓာတ်ကျသွားတယ်။အခု သူမလေးရှားကို ထွက်သွားတယ်လို ကြားတယ်။ အင်း ဒါကတော့

ယောကျာင်္းလေးတွေဘက်က ကျဆုံးခန်း....ဂုဏ်ကြောင့် ချစ်မယ်ဆိုတဲ့ အပိုင်းပေါ့။

နောက်တစ်မျိုးရှိသေးတယ်.....အဲဒါက မိန်းကလေးတွေ ဘက် ဖြစ်သွားပြန်ရောဗျာ…

ပြောပြမယ်။ကောင်မလေးက ရုပ်ချော....ဥစ္စာပေါ..ပညာတတ်.... Innocent

ရိုးသားသူလေးပေါ့ဗျာ.....ဒါပေမဲ့ သူက ဘာမှ မရှိတဲ့ အုတ်ကြား မြက်ပေါက် ယောက်ကျာင်္းလေး

(အရပ်အခေါ် "ဘဲ" ) နဲ သွား ညှိတယ်ဗျ။ အဲဒီ ဘဲက သူ ထက် ၁၀ နှစ်တောင် ကြီးတဲ့ အပြင် ဘာမှ သူ

လောက်အရည်အချင်း ပညာတတ်တာလဲ မဟုတ်ဘူး။ ဘယ်လိုကနေ ဘယ်လို ညှိသွားလဲ ဆိုတာ မသိဘူး။

ဒါပေမဲ့ သုတေသန လေး လုပ်လိုက်တော့...ကောင်လေးဘက်က အားသာနေတဲ့ အချက်ရှိနေတယ်။

တစ်ခုက တော်ကီ(Talking) ကောင်းတယ်။ နောက်တစ်ခုက အသက်အရွယ်က ကြီးနေတော့" ၀ါ "

(ကျွမ်းကျင်မှု)အတွေ့ အကြုံက ရင့်ကျက်နေတယ်....ဘယ်အချက်ကို ဘယ်လိုကိုင်ရင် ဘယ်လို

အကျိုးဖြစ်ပေါ်လာမလဲဆိုတာသိနေတယ်ဗျ။ မိုးဇော်တုန်းကတော့ တော်ကီတော့ကောင်းတယ်... ဒါပေမဲ့

မကျွမ်းဘူး ဖြစ်နေတယ်။ ကဲ မကျွမ်းတာဘဲထားပါဦး.... သူတို့ တွေ တစ်ယောက်နဲ တစ်ယောက်တောင်

မတွေ့ လိုက်ရဘူး....ခုနက အသက် ၁၀ နှစ်ကြီးတဲ့ ကောင်လေးကျတော့ ထိသွားတယ်။ ဘာဖြစ်လို

လဲ....စဉ်းစားလိုက်တော့" ကံ ''ဆိုတဲ့ အရာက ပိုင်းဖြတ်သွားတာ။ ဒါကြောင့် "ဖူးစာကံ" ပါမှ ရပါလားဆိုတဲ့

အရာကလည်း ဒီနေ့ ထိ အရေးပါ ထင်ရှားနေတာ စာဖတ်သူများမဟုတ်ပါလား ခင်ဗျား။

(မှတ်ချက်။ တစ်ချို့ ပြောကြသည်မှာ "ဖူးစာ" ဆိုတာ " ဦးရာ" လို့ပြောကြတယ်။ အဲဒီအကြောင်း

ဟုတ်မဟုတ်ဆိုတာ ကျွန်တော် စမ်းစစ်နေပါတယ်။ ပြီးပါက အပိုင်း() တွင် ဆက်လက်

ရေးသားတင်ဆက်ပါမယ်။)

စာဖတ်သူများကို ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ အချစ် ကဗျာလေးတစ်ပုဒ်ကို ထည့်ရေးပေးလိုက်ပါတယ်။

ကဗျာလေးရဲ အရသာကို ခံစားဖတ်ရှုကြပါ။


Having A conversation with love


Oh love!

Art thou the symbol of stupidity?

If so, my heart is

A guiding-board full of crosses.

Oh love!

Art thou the source of hesitation?

If so, my heart's an evergreen forest

Where springs of expectation

Are continuously running.

Oh love!

Art thou a sentence

That can't be translated?

If so, my heart's an antique dictionary

Maintaining many mysterious

Vocabularies.

အချစ်နဲ စကားစမြည်


အချစ်……

မင်းဟာ မိုက်မဲမှုရဲ သင်္ကေတလား…..

ဒါဆို ငါ့နှလုံးသားဟာ

ကြက်ခြေခတ်တွေ အပြည့်နဲ

လမ်းညွှန် ဆိုင်းဘုတ် တစ်ခု ဖြစ်တယ်….

အချစ်…..

မင်းဟာ တွေဝေခြင်းရဲ

အရင်းအမြစ်လား….

ဒါဆိုငါ့နှလုံးသားဟာ

မျှော်လင့်ခြင်း စိမ့်စိမ်းတွေ

အဆက်မပြတ် စီးဆင်းနေတဲ့

အမြဲစိမ်း တောအုပ် တစ်ခု ဖြစ်တယ်….

အချစ်…..

မင်းဟာ ဘာသာပြန်မရတဲ့

ဝါကျ တစ်ကြောင်းလား….

ဒါဆိုင့ါနှလုံးသားဟာ

လျှို့ ဝှက်ဆန်းကြယ် ဝေါဟာရ များစွာနဲ

အဘိဓာန်ဟောင်း တစ်အုပ် ဖြစ်တယ်….

1 comment:

အိတာ said...

အင်းအဲဒါကတော့လူနဲ့ပဲဆိုင်မယ်ထင်ပါတယ်....
လူတိုင်းတော့မဟုတ်ဘူးပေါ့
ခင်မင်စွာဖြင့်
အိမွန်တာ