.

.

.

July 21, 2008

ဒေါ်လာရရင် အကုန်လုပ် နအဖရဲ့ စစ်ဗိုလ်ချုပ် - အပိုင်း(၂)

ဆရာမြင့်ရဲ့ ဆောင်းပါး အပိုင်း(၂) ကို ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက်တင်ပြပေးလိုက်ပါတယ်။ အခက်အခဲတွေကြားထဲက ဆောင်းပါးပေးပို့လာတဲ့ ဆရာမြင့်ကိုလည်း ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း စည်းလုံးခြင်းရဲ့အင်အား ဘာလော့ဂ်မှာ မှတ်တမ်းတင်အပ်ပါတယ်။ ဂျပန်ယာကူဇာ ကွန်ယက်အတွင်းမှ Middle Class Businessman ကို အလျင် ဦးဆုံးအနေဖြင့် ကိုတေဇနဲ့ တွေ့ဆုံစေပြီးမှ Dive Money US$ 2 million ကို နအဖလေတပ် ရဟတ်ယာဉ် အပိုပစ္စည်းများ ၀ယ်ယူတင်သွင်းရေး လုပ်ငန်းတွင် ဂျပန်ယာကူဇာ ကွန်ယက်ဘက်မှ လွှဲပြောင်းပေးမဲ့ လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြဆွေးနွေးစေခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်းတာဝန်ရှိသူများနဲ့ အပြီးသတ် မဆွေးနွေးရသေးခင်မှာ အလယ်အလတ်အဆင့် တာဝန်ခံတစ်ဦး (သို့မဟုတ်) လုပ်ငန်းအဖွဲ့နှင့် အခြေခံအားဖြင့် နှစ်ဘက် သဘောတူညီမှု ရရှိအောင် ရှေ့ပြေးတွေ့ဆုံ ဆွေးနွေးစေခြင်းဟာ ဂျပန်ယာကူဇာတို့၏ လုပ်နည်းလုပ်ဟန် တစ်ခုဖြစ်ပါတယ်။ Mr. Tanaka ကို ရန်ကုန်လေဆိပ်မှာ ခွန်ဆာ၏ လူယုံတပ်မှူး ဗိုလ်မှူးကြီး စိုင်းလူးကိုယ်တိုင် သွားရောက် ကြိုဆိုပြီး အင်ယားလိပ် ဟော်တယ်မှာ တည်းခိုစေခဲ့ပါတယ်။ သူ၏ ရန်ကုန်သို့ လာရောက်သည့် ခရီးစဉ်အား ခွန်ဆာ၏ ညွှန်ကြားချက်အရ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ လှမ်း(၁) ဌာနကြီးမှူး ဗိုလ်မှူးချုပ် ကျော်သိန်းနဲ့ ဗိုလ်မှူးကြီး စန်းပွင့်တို့ကို ဗိုလ်မှူးကြီး စိုင်းလူးက ကြိုတင် အသိပေးထားခဲ့ပါတယ်။ ကိုတေဇဘက်ကလည်း လေတပ်ဦးစီးချုပ်ကို နှုတ်အားဖြင့် ကြိုတင်အသိပေးထားခဲ့ပါတယ်။ စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ နောက်ကွယ်မှ ကြိုတင်စီစဉ်ပေးချက်အရ အမှတ်(၂) တပ်မတော်ဧည့်ရိပ်သာမှာ ခွန်ဆာဟာ Mr.Tanaka နဲ့ ကိုတေဇ တို့ကို မိတ်ဆက်သဘော တွေ့ဆုံပေးခဲ့ပါတယ်။ လုပ်ငန်းအသေးစိတ်ကိစ္စတွေကို ရန်ကုန်ပြည်လမ်း (၆)မိုင်မှာ ရှိတဲ့ ကိုတေဇရဲ့ Htoo Trading Co,Ltd အဆောက်အဦး ဆင်ဝင်အပေါ်ထပ်မှာ ရှိတဲ့ ကိုတေဇရဲ့ ရုံးခန်းမှာ ဆက်လက်ဆွေးနွေးခြဲ့ကပါတယ်။ အဲဒီလို အသေးစိတ် ဆက်လက်ဆွေးနွေးကြရာမှာ ကိုတေဇရဲ့ အကိုဖြစ်သူ ကိုသီဟ ( Htoo Trading Co,Ltd ၏ ဘဏ္ဍာရေးနဲ့ ငွေစာရင်း ဒါရိုက်တာ) လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အသေးစိတ်ဆွေးနွေးကြရာမှာ ဦးစွာ ပထမ Mr.Tanaka က ကိုတေဇရဲ့ စင်ကာပူမှာ ရှိတဲ့ OCBC Bank မှာ လုပ်ငန်း လည်ပတ်နေတဲ့ အထောက်အထားများ၊ Bank Documents များကို ကြည့်ရှုစစ်ဆေး မေးမြန်းခဲ့ပါတယ်။ Mr.Tanaka က Dive Money US$ 2 million ကို လွှဲပြောင်းပေးနိုင်ရေးအတွက် နအဖ အစိုးရ စီစဉ်ပေးမှုနဲ့ ရေနက်ကွင်း ရင်းနှီးမြှပ်နှံမှု စီမံကိန်း လုပ်ငန်းပြထားတဲ့ Loan Proposal တင်ပြရန်နဲ့ အဆိုပါ Loan Proposal တွင် Cash Flow Requirements များပါ ထည့်သွင်းရေးဆွဲပေးရန် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ ၄င်းက ဆက်လက်ပြီး လုပ်ငန်းပြ Proposal ၏ လုပ်ငန်းလိုအပ်ချက်အရ Business Loan အနေဖြင့် ယာကူဇာပိုင် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းပြ ကုမ္ပဏီဘက်မှ Business Loan အနေဖြင့် လွှဲပြောင်းပေးမည် ဖြစ်ကြောင်းနဲ့ ငွေလွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်တဲ့ Bank Guarantee ကိစ္စများကို သူတို့ ဂျပန်ဘက်မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ကိုတေဇတို့ဘက်က Loan Proposal ကို မြန်နိုင်သမျှ အမြန်ဆုံး တင်ပြပါက ဂျပန်ဘက်မှ ဆက်လက်ဆောင်ရွက်ပေးမည့် ကိစ္စများကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ကတိပေးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် သြဂုတ်လမှာ Dive Money US$ 2 million ကို ယာကူဇာလုပ်ငန်း ကွန်ယက်ဘက်မှ ၀ိနည်းလွတ်ဆောင်ရွက်သည့် အနေဖြင့် ဟောင်ကောင်ရှိ HSBC ဘဏ်မှ Zencard Finance Industry အမည်ဖြင့် စကာင်္ပူ OCBC ဘဏ်ရှိ ကိုတေဇဘဏ်စာရင်းများ သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ယခုကဲ့သို့ လေတပ်လိုအပ်ချက် ရဟတ်ယာဉ်အပိုပစ္စည်းများ ၀ယ်ယူတင်သွင်းရန် လွဲပြောင်းပေးမည့် ဒေါ်လာ (၂) သန်းသည်လုပ်ငန်းစတင်သည့် First Package Transfer ဖြစ်နေသဖြင့် အရေးကြီးကြောင်း၊ ပထမတဆင့် အလုပ်ဖြစ်အောင် လုပ်ငန်းစတင်နိုင်ပါက Second Package Transfer ,Third Package Transfer များ အဆင်ပြေလွယ်ကူနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရန်လည်း ဆွေးနွေးခဲ့ကြပါတယ်။ Mr.Tanaka ဟာ ရန်ကုန်အခြေစိုက် ဂျပန်ကုန်သွယ်ရေး ကော်ပိုရေးရှင်း ရုံးခွဲများဖြစ်ကြတဲ့ Nichimen Corportion မှ အထွေထွေ မန်နေဂျာများ ဖြစ်သူ Mr.Y.Kondo, Mr.K.Susa နဲ့ Marubeni Corporation ရဲ့ ရန်ကုန်ရုံးခွဲ မန်နေဂျာ Mr.KojiIjiri တို့နှင့်ပါ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာစစ်အစိုးရရဲ့ တည်ဆောက်ရေး စီမံကိန်းများအတွက် လုပ်ငန်းသုံး အကြီးစား စက်ကိရိယာ ပစ္စည်းများ၊ ဘိလပ်မြေနဲ့ ပိုးသတ်ဆေးများအပြင် စီမံကိန်း လုပ်ငန်းသုံး ပစ္စည်းတွေကို Differed Payment System နဲ့ တင်သွင်းရေးတို့ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
ဟောင်ကောင်ရှိ HSBC ဘဏ် အဆောက်အဦး

အဲဒီအချိန်ကာလ (၂၀၀၀-၂၀၀၁)ခုနှစ်က ကိုတေဇရဲ့ ထူးကုမ္ပဏီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းညွှန်ချက်နဲ့ ဧရာဝတီတိုင်းအတွင်း Myanmar Billion Group အမည်နဲ့ ရေနက်ကွင်း စိုက်ပျိုးရေးလုပ်ကွက်တွေ ဖော်ထုတ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း (ကမ္ဘောဇဘဏ်)ရယ် ဗိုလ်ချုပ်ကြီး ရွှေမန်းရဲ့ သားအကြီးဖြစ်တဲ့ အောင်သက်မန်း (ဧရာရွှေဝါ ကုမ္ပဏီ)နဲ့ ဦးဇော်မင်းခေါ် ဦးလှ (မိုးကုတ်ပတ္တမြားတွင်း ပိုင်ရှင်နဲ့ ကျောက်မျက်ကုန်သည်) တို့ဟာလည်း ပူးပေါင်းလျက် လုပ်ကိုင်နေကြပါတယ်။ Mr.Tanaka က တင်ပြရန် တောင်းဆိုလာတဲ့ Loan Proposal ကို ကိုတေဇနဲ့ ကိုသီဟ တို့ဟာ Myanmar Billion Group အမည်နဲ့ ရေနက်ကွင်း ဖော်ထုတ်ရေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းမှာ အကြီးစား စက်ယန္တယားများ ၀ယ်ယူရန်အတွက် ဒေါ်လာ ငွေတွေ လိုအပ်နေတဲ့အကြောင်း Cash Flow များနှင့်တကွ နိုင်ငံတကာ ဘဏ်များနှင့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ ဘောင်ဝင် အောင် စင်ကာပူမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ တွေကို လုပ်ငန်းဆောင်ရွက်ခ ပေးကာ Loan Proposal ကို ရေးဆွဲခဲ့ပါတယ်။

၂၀၀၀ ခုနှစ် သြဂုတ်လမှာ ကိုတေဇကိုယ်တိုင် ဂျပန်ကို သွားရောက်ပြီး Loan Proposal ကို Mr.Tanaka ထံ တင်ပြခဲ့ပြီး တိုကျိုမြို့ Okuya Hotel မှာ Mr.Tanaka အပါအ၀င် ယာကူဇာလုပ်ငန်းကွန်ယက်မှ ထိပ်ပိုင်း တာဝန်ခံများဖြစ်ကြတဲ့ Mr.Matsushima, Mr,Habara နဲ့ Mr.Chinonae စတဲ့ လုပ်ငန်းရှင်အမည်ခံ ယာကူဇာ အကြီးစားတွေနဲ့ ဆက်လက်ဆောင်ရွက်မဲ့ လုပ်ငန်းတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ခွန်ဆာရဲ့ ထောက်ခံတင်ပြချက်နဲ့ ကိုတေဇရဲ့ လျင်မြန်ပါးနပ်တဲ့ Business Performace တို့ကို ယာကူဇာတွေက အကဲဖြတ်လေ့လာခဲ့ပါတယ်။ ၂၀၀၀ ခုနစ် စက်တင်ဘာလအတွင်း ဂျပန်ယာကူဇာ လုပ်ငန်းကွန်ယက်ရဲ့ အမည်ခံ လုပ်ငန်းများမှ Business Loan အမည်ခံ အရေခြုံထားတဲ့ Dive Money US$ 2 million သည် ကိုတေဇရဲ့ စင်ကာပူ OCBC ဘဏ် စာရင်းသို့ ဟောင်ကောင် HSBC ဘဏ်မှ တဆင့် လွှဲပြောင်းလက်ခံရရှိပြီး နအဖလေတပ်ရဲ့ ရဟတ်ယာဉ်များ အတွက် လိုအပ်နေတဲ့ စက်အပိုပစ္စည်း ဒေါ်လာ (၂) သန်းဖိုးကို ၀ယ်ယူတင်သွင်းပေးနိုင်ခဲ့ပါတယ်။ ကိုတေဇရဲ့ လုပ်ငန်းကုမ္ပဏီခွဲဖြစ်တဲ့ Myanmar Avia Export နဲ့ နအဖတို့အကြား Differed Payment System ဖြင့် ပြန်လည်ပေးဆပ်ရန် သဘောတူ ကန်ထရိုက်စာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ နအဖရဲ့ အစိုးရ ဘတ်ဂျက်မှ အရစ်ကျ ပြန်ဆပ်ငွေတွေကို ကိုတေဇမှ တဆင့် ဂျပန်ယာကူဇာများရဲ့ အမည်ခံလုပ်ငန်းများသို့ ငွေဖြူအဖြစ် ပြန်လည်ရောက်ရှိသွားပါတယ်။ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူခြင်းနဲ့ ငွေလွှဲပြောင်းခြင်းမှ ကော်မရှင် ပွဲခများစွာ ရရှိခဲ့ကြပါတယ်။ နအဖရဲ့ စစ်လက်နက် ပစ္စည်း ၀ယ်ယူရေးအစီအစဉ်နဲ့ ဂျပန်ယာကူဇာ အုပ်စုရဲ့ Dive Money များ အကျိုးတူ ဆက်သွယ် ချိတ်ဆက်မိကြ တဲ့အကြောင်း စာဖတ်သူများကို ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီးပေးပို့ လိုက်ရပါတယ်။
ဦးတေဇနဲ့ Mr.Tanaka တို့ ဂျပန်တွင် တွေ့ဆုံခဲ့သော Okuya Hotel မြင်ကွင်း

2 comments:

Unknown said...

ဦးဇော်မင်း ခေါ် ဦးလှ....မဟုတ်ပါ..ဦးလု ဖြစ်ပါသည်။အခြားသူများအမှတ်မှားသွားမှာစိုးလို့ပါ။

Forex Knowledge said...

Halo, I like your opinion. Great sharing information.
Nice submission and great profile. Your article very unique and original.
Thanks to sharing with us.

Amanda Smith
Student College Loan Consolidation | Debt Consolidation