.

.

.

July 31, 2008

ဒီမိုကရေစီရရှိရေး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို စစ်ရေးအရတိုက်ဖို့ သင့်၊ မသင့် နဲ့အလားအလာ ရှိ၊ မရှိ ဆွေးနွေးခန်း အမေးအဖြေ အမှတ်စဉ်(၁)

စာဖတ်ပရိသတ်များခင်ဗျား -

ယနေ့အထိ အီးမေးလ်ပို့လာတဲ့ မေးခွန်းပေါင်း(၁၅)ခုကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော် ကိုဖိုးတရုတ်က သိရှိလိုတဲ့ မေးခွန်းတွေကို သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆရာဦးခွန်မြင့်ထွန်းက ဖြေကြားထားတာလေးကို ပထမဦးဆုံး တင်ပြပေးလိုက်ပါတယ်။

မေးခွန်း (၁) - မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို ထိပ်တိုက်တွေ့မှာ မလိုလားလို့ စစ်ရေးအရ မ၀င်တာလား။

ဆရာဦးခွန်မြင့်ထွန်းရဲ့ ဆွေးနွေးချက်။ ။ တရုတ်နိုင်ငံက နအဖအတွက် အရာရာမှာ အကာအကွယ်ပေးနေနိုင်မယ်လို့ ယူဆထားလို့မရပါဘူး။ နအဖဘက်က ရပ်တည်ပေးနေရလို့ တရုတ်မှာ ဂုဏ်သိက္ခာအပါအဝင် ဆုံးရှုံးမှုတွေရှိနေပါတယ်။ နအဖဟာ နိုင်ငံတကာဥပဒေပေါင်းများစွာကို ချိုးဖောက်ခဲ့ပါတယ်။ ချိုးဖောက်နေပါတယ်။ ဆက်လက်ပြီးချိုးဖောက်မှာ ဖြစ်ပါတယ်။ အဲဒီချိုးဖောက်မှုတွေကို ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တို့က စနစ်တကျဖော်ထုတ်ဖွင့်ချပြီး နအဖကို အရေးယူလို့ ရပါတယ်။ နိုင်ငံတကာဥပဒေချိုးဖောက်မှုအတွက် အရေးယူတာမျိုးတွေရှိခဲ့ရင် တရုတ်ရော ရုရှားပါ နအဖဘက်က ရပ်တည်ကာကွယ်ပေးလို့ မရတော့ပါဘူး။

မေးခွန်း (၂) - အမေရိကန်အဖို့ အကြမ်းဖက် ဆန့်ကျင်ရေး အဓိက ဖြစ်နေချိန်မှာ မြန်မာပြည်က ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား တန်းတူရေးအတွက် လက်နက်ကိုင် အင်အားစုတွေရဲ့ အခန်းကဏ္ဍ ကို ဘယ်လိုဆက်စပ်နိုင်မလဲ။

ဆရာဦးခွန်မြင့်ထွန်းရဲ့ ဆွေးနွေးချက်။ ။ နိုင်ငံတကာဥပဒေအရ “Population Protection” လူထုက လူထုအတွက် ကာကွယ်ခွင့်ရှိပါတယ်။ လူတစ်ဦးချင်းစီမှာ မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရှိသလို လူတစ်မျိုးအတွက်ဖြစ်စေ၊ တိုင်းပြည်တစ်ခုလုံးအတွက်ဖြစ်စေ သက်ဆိုင်ရာလူထုအတွက် “လူထုကာကွယ်ရေး” ကို လူထုမှာဆောင်ရွက်ခွင့်ရှိပါတယ်။ လက်နက်ကိုင်တိုက်ပွဲဝင်တိုင်း အကြမ်းဖက်တယ်လို့ ပြောလို့မရပါဘူး။ ဗမာစကားနဲ့ ရှင်းရှင်းပြောလို့ရပါတယ်။ အမှန်တရားအတွက် နှလုံးရည်နဲ့ရော လက်ရုံးရည်နဲ့ပါ တော်လှန်တိုက်ပွဲဝင်တာဖြစ်ပါတယ်။ State Terrorism ကိုကျင့်သုံးနေတဲ့ လူထုအာဏာကို အကြမ်းဖက်လုယူပြီး လူထုကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ နအဖကို ခေါင်းငုံ့မခံပဲ ပြန်တွန်းလှန်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Terrorist မဟုတ်ဘူး။ Freedom Fighter ဆိုတာ အမေရိကန်အပါအဝင် တကမ္ဘာလုံးက သိပါတယ်။ တကမ္ဘာလုံးက ထောက်ခံအားပေးမှုရအောင်လည်း ကျွန်တော်တို့ ဆက်လက်ကြိုးစားပြီးတိုက်ပွဲဝင်ဖို့ လိုပါတယ်။

မေးခွန်း (၃) - နအဖအစိုးရကို တိုက်ရာမှာ ဗီယက်နမ်လို ခံရမှာ စိုးရိမ်လို့ အမေရိကန်က မ၀င်တာလား။

ဆရာဦးခွန်မြင့်ထွန်းရဲ့ ဆွေးနွေးချက်။ ။ ဒီနေ့ ဗမာပြည်လူထုနဲ့ နအဖရဲ့အခြေအနေဟာ ဟိုတုန်းကဗီယက်နမ်လူထုနဲ့ ဗီယက်နမ်ခေါင်းဆောင်တွေရဲ့ အခြေအနေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။ ဟိုတုန်းက ဗီယက်နမ်ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်မှုကို လူထုက အသေခံပြီးလိုက်ခဲ့တယ်။ ဒီနေ့နအဖကို လူထုက သတ်ချင်နေတယ်။ ဆီနဲ့ရေလို အခြေအနေတွေကွာပါတယ်။ ဒါ့အပြင် အီရတ်နဲ့လည်း ဗမာပြည်ကမတူပါဘူး။ ဗမာပြည်ကို နိုင်ငံတကာတပ်တွေဝင်ခဲ့ရင် ဗမာပြည်သူတွေက အီရတ်မှာလို ခုခံဆန့်ကျင်ကြမှာ မဟုတ်ပါဘူး။ ဝမ်းသာနေကြမှာပါ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမှာဖြစ်ပါတယ်။

ယခု ဆက်လက်ပြီး ဗိုလ်ထက်မင်းက မသီတာအောင်ရဲ့ မေးခွန်းကို ဖြေကြားပေးလိုက်ပါတယ်။ မေးခွန်းတွေကို အီးမေးလ်အတိုင်း ဖေါ်ပြပေးထားပါတယ်။

မသီတာအောင်ရဲ့မေးခွန်း။ ။ ကျွန်မ စင်ကာပူကပါ။ ကျွန်မ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတာလေးကို မေးခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့အချိန်မှာ အမေရိကန်၊ ပြင်သစ် နဲ့ ဗြိတိန် စစ်သဘောင်္တွေဟာ မြန်မာနိုင်ငံကို အကူအညီပေးဖို့ ၀င်လို့ရရက်နဲ့ ဘာလို့ မ၀င်တာလဲဆိုတာ ထင်မြင်ချက် ရှင်းပြပေးဖို့ ကိုအောင်နိုင်ဦးနဲ့ ဆရာ ဂါမဏိ၊ ဗိုလ်ထက်မင်း၊ ဆရာခွန်မြင့်ထွန်းတို့ကို မေးပေးစေလိုပါတယ်။ အဲဒီ စစ်သဘောင်္တွေ ပြန်သွားတော့ ကျွန်မကိုယ်တိုင် ၀မ်းနည်းပက်လက် မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ရပါတယ်။ ကျွန်မ နိုင်ငံရေး သိပ်နားမလည်ပါ။ ဒါပေမဲ့ တိုင်းပြည်ကို အဖက်ဖက်က တိုးတက်အောင် မလုပ်နိုင်တဲ့ စစ်အစိုးရကို ပြုတ်စေချင်တယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်၊ ဘယ်သူဝင်ဝင် ကြိုဆိုမယ်လို့ ကျွန်မစိတ်ထဲ ကယ်တင်ရှင် မျှော်လင့်နေမိပါတယ်။

ဗိုလ်ထက်မင်းရဲ့ဆွေးနွေးချက်။ ။ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို ထိုင်ဝမ်မှတဆင့် အင်အားပြ ထိန်းချူပ်လှုပ်ရှား ထားပြီးဖြစ်ပါတယ်။ ယခုမြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ နောက်ဖေးပေါက်ဖြစ်တဲ့အားလျော်စွာ အမေရိကန်အနေနဲ့ နအဖကိုစစ်ရေးအရ ခြိမ်းခြောက်တာမျိုး ၀င်တိုက်တာမျိုး လုပ်ခဲ့ရင် တရုတ်နိုင်ငံက လက်ခံ နိုင်မှာ မဟုတ်တာကို နိုင်ငံရေးနဲ့ စစ်ရေးမဟာဗျူဟာပိုင်းဆိုင်ရာအရ အမေရိကန်က သုံးသပ်နေဟန် တူပါတယ်။ နာဂစ်ကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်က အင်အားသုံး ၀င်ရောက်ခဲ့ပြီဆိုရင် တရုတ်ရဲ့ လက်သပ် မွေးထားတဲ့ UWSA ( ၀ တပ်ဖွဲ့) ကို ထကြွပုန်ကန်ခိုင်းနိုင်တယ်။ အဲဒီ UWSA ( ၀ တပ်ဖွဲ့) နဲ့ တရုတ်တပ်ဟာ လူမျိုးရေးအရ တရုတ်တွေ ဘဲ ဖြစ်လို့ ရောနှောပြီး ဗကပခေတ်ကလို တရုတ်စစ်တပ်က ၀င်ရောက်လာရင် ရှုတ်ထွေးနိုင်ကြောင်း သိရှိတာကြောင့် နောက်ဆုတ်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို အကျိုးစီးပွားချင်း အပြန်အလှန် ပတ်သက်နေရာ မြန်မာနိုင်ငံအတွက်ကြောင့် ဆက်ဆံရေးနဲ့ စီးပွားရေး ထိခိုက်သွားမှာကိုတော့ မလိုလားဟန် တူပါတယ်။ မြန်မာနိုင်ငံအပေါ် အမေရိကန်ဟာ မက်လောက်တဲ့ အကျိုးစီးပွား အခြေအနေ မရှိတာလည်း နောက်ဆုတ်သွားတဲ့ အခြေအနေတစ်ရပ် ဖြစ်နေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကုလသမဂ္ဂနဲ့ အာဆီယံက နာဂစ်ကိစ္စကို ၀င်ရောက် ဖြန်ဖြေ လုပ်ကိုင်ပေးနေရာ အမေရိကန်အနေနဲ့ အင်အားသုံး ၀င်ရောက် လိုက်ရင် နဂိုကမှ အကာအကွယ် ပေးနေတဲ့ အာဆီယံ အုပ်စုအနေနဲ့ တရုတ်နဲ့ နအဖကို ပူးပေါင်း အားဖြည့်ပေးလိုက်သလို ဖြစ်သွားမှာကိုလည်း စိုးရိမ်ပြီး အင်အားသုံး ၀င်ရောက်ခြင်း မပြုဘဲ နောက်ဆုတ်သွားရကြောင်း၊ အမေရိကန် အစိုးရရဲ့ သဘောထားကြေညာချက်အရ နာဂစ် ကိစ္စအပေါ် နိုင်ငံရေး အရ မပါဝင်ဘဲ လူသားချင်း စာနာမှု အထောက်အကူ သက်သက်သာ ဖြစ်ကြောင်း ကြေညာထားပြီး အတွက်လည်း ၄င်းတို့ ချမှတ်ထားတဲ့ သဘောထားကို ဂုဏ်သိက္ခာ စောင့်ထိန်းလိုလို့ စစ်သဘောင်္များ မ၀င်ခြင်းဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

4 comments:

သတိ said...

အားလုံးသတိ

ညို့မှိုင်းမှိုင်းနဲ့ ဘယ်နေရာကိုများ ရောက်လာမိပါလိမ့်.. ဒီလိုလူတွေကို ဗီဒီယိုထဲမှာပဲရှိတယ်ထင်နေတာ.. မာစတာ မာစတာဆိုပီး မြန်မာတွေကို ၀င်မသတ်ပဲ လှည့်ပြန်သွားလို့ စင်ကာပူက ထိုင်ငိုမိတာတောင် ရှိတယ်ဆိုပဲ.

အမေးအဖြေတွေကို ကြည့်ပီး ပြောမယ်.. ရေလည်း ပိန်းတယ်.. ရေလည် ပဲ့တယ်..

မောင်သတိ

2007 JALS said...

သူ့နာမည်ကတော့ မောင်သတိ ဆိုပေမယ့် အမျိုးသားရေး စိတ်ဓါတ်ကို မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့၊ အမျိုးသားရေး တာဝန်ကို ယူတတ်ဖို့ သတိကင်းမဲ့နေဟန် ရှိပါတယ်။ အမှန်တရားကို လက်ခံနိုင်စွမ်း အားနည်းနေတာကိုလည်း သတိမေ့နေဟန် ရှိပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားအားလုံးကို တကယ်ချစ်ရင် သတိရှိရှိ လက်တွေ့လုပ်ပြလိုက်လေကွာ ဟုတ်လား။

Myo Win Zaw said...

ပြောရရင်အချိန်ပါဘဲ နအဖဘက်ကပြုတ်မကျရေး အတွက် ပြင်ဆင်မှုအားကောင်းတယ် အတိုက်အခံ ဘက်က နအဖကိုပြုတ်ကျအောင်လုပ်ဖို့ ပြင်ဆင်မှု အားနည်းတယ် နအဖရဲ့ အတိုက်အခံတွေအပေါ် အမှည့်ချွေမှု ၀ါ ပြည်သူလူထုအပေါ်ကြောက်ရွံ့ အောင်လုပ်မှုကြောင့် ဒီလောက်ထိနအဖတည်တံ့ နေတာပါ ဘာမှနအဖကိုအထင်ကြီးစရာမရှိပါဘူး ပြည်တွင်းအတိုက်အခံ တွေရဲ့စွန့်လွှတ်စွန့်စားမှုဟာ နအဖကို တချိန်မှာ ထိလာမှာပါဘဲ အဓိကကတော့ ပြည်ပကိုမျော်စရာမလိုဘူးလို့ထင်ပါတယ် NLD ကို ဖျတ်သိမ်းလဲ အရေးမကြီးပါဘူး စုစည်းမှုတစ်ခုတော့ ပျက်သွားမှာပေါ့ 88 မှာတုန်းကလည်း NLD မရှိပါဘူး အနှေးနဲ့အမြန် ပြောင်းလဲလာမှာပါ စိတ်ဓါတ်မကျဖို့နဲ့ တကယ်တန်း အရေးပ်ါလာတဲ့အခါ တက်တက်ကြွကြွနဲ့ ပါဝင်ဖို့သာ မြန်မာနိုင်ငံဒီမိုကရေစီလိုလားသူများပြင်ဆင်ထားကြဖို့ပါ နောက်တစ်ခု က တိုင်းပြည်မှာတစ်ခုခုဖြစ်တာ ပြည်ပ၀င်တာစောင့်မနေဘဲ တိုင်းပြည်ပြောင်းလဲအောင် လုပ်နေဖို့က အရေးကြီးတာပါ။ အဲဒါလဲ ပြည်ပမှာလုပ်နေလို့မရဘူး တိုင်းပြည်တွင်းမှာဘဲလုပ်လို့ရလို့ ပြည်တွင်းကို ပြန်ဖို့အဓိကအရေးကြီးပါတယ် ပြည်တွင်းလုပ်ရတာကျပ်တည်းပါတယ် ဒါပေမယ့် ယိုပေါက်တွေလည်းအများကြီးဘဲ

Myo Win Zaw said...

ဗိုလ်ထက်မင်းဆွေးနွေးသွားတဲ့ UWSA ဆိုတာ ဘယ်လိုပြောရမလဲဆို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမျိုးမဟုတ်ပါဘူး ကွန်မြူနစ်တွေ ပဲခိုးရိုးမကနေ ရှုါံ်နိမ့် သွားတဲ့အခါ တရုတ်ပြည်ရောက်နေ တဲ့ အဝေးရောက် ပေါ်လစ်ဗြူရို သခင်ဗသိန်းတင် အတွက် လက်နက်ကိုင်ရှိအောင် တရုတ်မြန်မာနယ်စပ်မှာ ယူနန်တရုတ် ကွန်မြူနစ်ကေဒါတွေ ကို ဒေသခံ တွေကို လက်နက် တပ်ဆင်ပေးပြီး မြန်မာနိုင်ငံနယ်စပ်မှာချထားတဲ့ နိုင်ငံခြားလက်နက်ကိုင် လို့လဲ ဆိုနိုင်ပါတယ် စစ်အစိုးရဆွဲတဲ့အခြေခံဥပဒေထဲမှာ နိုင်ငံခြားလက်နက်ကိုင်တပ်ချထားခြင်းကို ခွင့်မပြုလို့ပါပေမယ့် UWSA ဟာ နိုင်ငံခြားလက်နက်ကိုင်တပ်တွေပါဘဲ