.

.

.

August 23, 2008

ညောင်နှစ်ပင်တန်းစီ... မရ လုံးဝ - အပိုင်း (၁)

အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ထားသော တိုင်းရင်းသားအဖွဲ့များအကြောင်းကို ဗဟုသုတ ရရှိစေရန် စာဖတ်သူများကို ကျွန်တော် ကိုဖိုးတရုတ်မှ ဆရာဂါမဏိရဲ့  ဆောင်းပါးတွဲ သုံးတွဲအား တင်ဆက်ပေးမှာဖြစ်ပါတယ်။ အဲဒီ ဆောင်းပါးတွဲတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့  နောက်ကြောင်း ရာဇ၀င်၊ အုပ်စုများ ကွဲထွက်ပုံ၊ အမျိုးသားညီလာခံ မှာ တင်ပြကြပုံ နဲ့ နအဖက ဂရုမစိုက်ပုံ ဖယ်ဒရယ် အခြေခံဥပဒေ အကြောင်း၊ နအဖက တိုင်းရင်းသား အုပ်စုများကို ခွဲခြား ဆက်ဆံပုံ၊ တိုင်းရင်းသား အုပ်စုချင်းတူတာတောင်မှ အခွင့်အရေးရပုံခြင်း မတူညီကြပုံ စသည်တို့ကို ရေးသားထားပါတယ်။ အဲဒီ ဆောင်းပါးတွဲ သုံးတွဲကို အပတ်စဉ်အလိုက် အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ်။ ပထမ ဆောင်းပါးတွဲမှာတော့ နအဖနဲ့ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ထားသော အဖွဲ့တို့ရဲ့  အမျိုးအစားများ ခေါင်းဆောင်နံမည်များ၊ နအဖရဲ့  သတ်မှတ်ချက်များနဲ့ အမျိုးသားညီလာခံတွင် တင်ပြချက် များ ပါရှိပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆရာ ဂါမဏိ ကိုလည်း ကျွန်တော် ကိုဖိုးတရုတ် က အထူးကျေးဇူး တင်ရှိပါတယ်။


Read this document on Scribd: Gamanii Part 1

2 comments:

Unknown said...

Great list and information ko poe 1yoke... (^_^)

Anonymous said...

Ridiculous useful...