.

.

.

November 21, 2008

အားလုံး... သတိ

မိတ်ဆွေ သူငယ်ချင်းများ အားလုံးအတွက် ဒေါက်တာ အဲလက်စ်ရဲ့ ကဗျာတစ်ပုဒ်ကို ဝေမျှရင်း တော်လှန်ရေးမှာ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်များအား ကျွန်တော် ကိုဖိုးတရုတ်က ဦးညွှတ်ဂုဏ်ပြု တင်ဆက်လိုက်ပါတယ်။

လက်တွဲ မပျက် ရှေ့ သို့ ချီလျှက်

သူငယ်ချင်းရေ

မဆလကိုဖြုတ်မယ် အားခဲပြီး
ညီညီညာညာကြိုးပမ်းခဲ့လို့
ရှစ်လေးလုံး အရေးတော်ပုံပေါ်ထွက်
မဆလကိုဖြုတ်ချနိုင်ခဲ့တယ်။
ဒီမိုကရေစီအရိပ်အယောင်
ရွေးကောက်ပွဲတွေကိုကျင်းပ
အောင်ပန်းရဖို့နီးခဲ့တယ်။

သူငယ်ချင်းရေ

ဒါပေမဲ့လည်း
ဒို့တွေရဲ့ သွေး
ဒို့တွေရဲ့ ချွေး
တို့တွေရဲ့ အသက်
တို့တွေရဲ့ ဘ၀နဲ့ရင်းတဲ့
ဒီရှစ်လေးလုံးအသီးအပွင့်
စစ်အာဏာရှင်ဓားပြတွေက
အမြစ်ပါမကျန်မြေလှန်တူးပစ်
လုယူခဲ့ကြတယ်။

သူငယ်ချင်းရေ

တို့တတွေဒီဘဝ
စစ်ကျွန်ဘ၀ရောက်ခဲ့ရတာ
နှစ်ပေါင်းနှစ်ဆယ်မှာတင်းတင်းပြည့်ခဲ့ပြီမို့
သည်းခံနေရင်နင်းပြားဘ၀နဲ့
ပါးပါးပြီးပျောက်ကွယ်မှာမို့
ညီညီညာညာကြိုးစား
တိုင်းရင်းသားပေါင်းစုံအားနဲ့
အားသစ်လို့ထပ်လောင်း
စုကာပေါင်းပြီး
ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
တိုင်းရင်းသားအားလုံးရဲ့ အရေးအတွက်
မဆုံးသေးတဲ့တိုက်ပွဲဆီသို့ လက်တွဲညီညီရှေ့သို့ချီစို့။

အဲလက်စ်


ရဲချုပ်ခင်ရီ ပြည်ထဲရေး ဒု-၀န်ကြီးအဖြစ် တိုးမြှင့်ခံရ

သတင်း - မဇ္ဈိမ

မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများအား ယနေ့တွင် ပြုလုပ်လျက်ရှိရာ ရဲချုပ်ဖြစ်သူ ဗိုလ်မှူးချုပ်ခင်ရီအား ဒုတိယ ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်ကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သို့သော်လည်း တရားဝင် အမိန့်ပြန်တမ်းမှာ လာမည့် သတင်းပတ် အနည်းငယ်တွင်မှ ထွက်လိမ့်မည်ဟု မျှော်မှန်းရသည်။

နအဖ စစ်ခေါင်းဆောင်များ၏ ၄ လပတ် အစည်းအဝေးမှ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာမည့် ရာထူး အပြောင်းအလဲများနှင့် ပတ်သက်ကာ ဆက်လက် တင်ပြသွားပါမည်။

No comments: