.

.

.

May 3, 2010

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၃)

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၃၃)

ဆောင်းပါးရှင် - ကိုကျော်ထင်

အပိုင်း (၃၂) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

စစ်ဘက်တို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်မစ်ရှင်များနှင့် ပတ်သက်၍ အဓိက ပြန်လည် သုံးသပ်မှုပြုရန် အထက်လွှတ်တော်အမတ်ဆမ်နွန်းန်၏ (Senator Sam Nunn’s) ကြိုးပမ်းအားထုတ်မှုများကိုလည်းပဲ စစ်ဘက်တို့က အစပိုင်းတွင် အတိုက်အခံ ပြုလုပ်ခဲ့ကြ သည်။ (အဓိကကျသော ဒေသဆိုင်ရာစစ်ပွဲအား အောင်နိုင်ထားစဉ်တွင် ဒုတိယမြောက် ကျူးလွန်သူအား ထိန်းချုပ်ဟန့်တားထားနိုင်သည့် လုံလောက်သော အင်အားကို ထိန်းသိမ်း ထားခြင်း စသည့်) အချက်တို့ပါသည့် “အနိုင်ယူ၍ဆုပ်ကိုင်ထားခြင်း” (“win plus hold”) မဟာဗျူဟာအပေါ် စစ်ဘက်တို့၏ ကန့်ကွက်မှုက အုပ်ချုပ်ရေးအနေဖြင့် ပို၍ ရည်မှန်းချက် ကြီး၍ ပို၍ အချိန်ကုန်၊ ငွေကုန်၊ အားပိုစိုက်ရသော တချိန်းတည်းတွင် ဒေသဆိုင်ရာ စစ်ပွဲနှစ်ခု တိုက်ခိုက်ရေး၊ အောင်နိုင်ရေး မဟာဗျူဟာအား ပွေ့ဖက်ဆုပ်ကိုင်ရန် ဖိအားပေးခဲ့သည်။

ထို့အပြင် အမျိုးသမီးများ တိုက်ပွဲတွင် ပါဝင်ရေးအတွက် လိုအပ်သည့် ပို၍ များပြားသော တိုက်ပွဲဆိုင်ရာ အထူးပစ္စည်းများ ပတ်သက်၍ လမ်းဖွင့်ပေးသည့် အရပ်ဘက်တို့၏ ကြိးပမ်းမှု များအပေါ် စစ်ဘက်တို့က လိုလားခြင်း မရှိခဲ့ပေ။ ကလင်တန်အုပ်ချုပ်ရေး၏ စစ်ဘက် ဝန်ဆောင်မှုများအတွင်း လိင်တူဆက်ဆံသူများအား သီးသန့်ဖယ်ထားခြင်းခံနေရမှုများ ရပ်တန့်အဆုံးသတ်သွားရေးကိစ္စ ကြိုးပမ်း အားထုတ်မှုများကိုလည်း စစ်ဘက်တို့သည် လွှတ်တော်မှ ၎င်းတို့အား ထောက်ခံသူများ၏ အကူအညီဖြင့် ကဖျက်ကယက် လုပ်ခဲ့ကြ ပေသည်။ ပို၍နက်ရှိုင်းသော ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ဖြတ်တောက်လျှော့ချမှု၊ စစ်ဘက်တို့၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ လေ့လာသုံးသပ်ရေးဆိုင်ရာ နိဂုံးချုပ် ချက်များ ဆောင်ရွက်ရေး စသည်တို့အပါအဝင်ဖြစ်သော အသည်းအသန်ဖြစ်နိုင်ချေရရှိသော များစွာသော အကြောင်းအရာများသည် ဘွားကနဲ ပေါ်ထွက်လာရန် အလားအလာ ရှိနေဆဲပင်ဖြစ်သည်။



ပြင်သစ်သမ္မတ ဒီဂေါ


ဤအကြောင်းအရာများသည် ဖြေရှင်းဆောင်ရွက်မပြီးစီးသေးသော်ငြား လည်းပဲ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးမှ လမ်းကြောင်းသည် မှားယွင်းသော အရပ်ဆီသို့ ရွေ့ရှားနေပုံ ပေါ်နေပေသည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးမှုက ဖြစ်ပျက်စေခဲ့သည့် များစွာသော ပြောင်းလဲမှု များက အရပ်ဘက် -စစ်ဘက်ဆက်ဆံရေးအပေါ်၌ သက်ရောက်မှုများ ဖြစ်စေခဲ့ပြီးလည်း ဖြစ်ပေသည်။ ဥပမာအားဖြင့် အမေရိကန်အရပ်ဘက် အဖွဲ့အစည်းများ သည် အားကောင်း၍ သန်မာနေသေးသော်လည်း မကြာသေးသော နှစ်ကာလများအတွင်း အတော်အတန် ကြီးမားသော မွန်းကြပ်ဖိစီးမှုများ အောက် ရောက်ရှိခဲ့ပေသည်။ ထို့အပြင် နိုင်ငံရေးသမားများ သည် အရင်ကရှိခဲ့သော ဓမ္မဒိဌာန် ကျသည့် ထိန်းချုပ်ရေးမူဝါဒများကို စွန့်လွှတ်ခဲ့ပုံရပြီး စစ်ဘက်က သီးသန့် လုပ်ဆောင်ရသည့် နယ်နိမိတ်အတွင်း၌ ကျရောက်သော မူဝါရေးရာ ဧရိယာနယ်ပယ်များစွာကို သြဇာ သက်ရောက်စေရန် ယခုအခါ ကြိုးပမ်းလာနေကြပေသည်။

နောက်ဆုံးအနေဖြင့် အရေးကြီးဆုံးဖြစ်သော စစ်ဘက်တို့က စစ်အေးကာလအတွင်းက ပြည်ပရေးရာ ကိစ္စများအပေါ် အာရုံစိုက်လုပ်ဆောင်၍ အရပ်ဘက်အာဏာပိုင်များအပေါ် နာခံမှုပြုသော ပြင်ပစစ်ပွဲလုပ်ငန်း မစ်ရှင်များအပေါ် ဗဟိုပြုလုပ်ဆောင်မှုများ တဖြည်းဖြည်း နည်းပါးလာနေခြင်းပင်ဖြစ်သည်။ အမျိုးမျိုးသော ပြင်ပ လုပ်ငန်းမစ်ရှင်များသည်လည်း အစဉ်အလာမဟုတ်သော လုပ်ငန်းများဖြစ်သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း (peacekeeping)၊ လူသာချင်းစာနာရေးဆိုင်ရာ ဝင်ရောက်စွက်ဖက်ခြင်း (humanitarian intervention ) စသည့် လုပ်ငန်းများကို ပို၍ ပို၍ လိုအပ်ချက် ဖြစ်နေစေလျှက် ရှိပေသည်။

ထို့အပြင် အရပ်ဘက်ခေါင်းဆောင်များသည် စစ်ဘက်တို့အနေဖြင့် တန်ပြန် အကြမ်းဖက်တိုက်ဖျက်ရေး (counterterrorism)၊ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေး (antinarcotics operations)၊ သဘာဝ ဘေးအန္တရယ်မှ ကာကွယ်ရေး (disaster relief)၊ အဓိကရုဏ်းနှိမ်နှင်းထိန်းချုပ်ရေး (riot control) တို့နှင့် လူမှုသက်သာချောင်ချိရေး လုပ်ငန်းများမှ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ (social – welfare provision) တွင်တောင်မှ ပို၍ကြီးမားသော ပြည်တွင်းဆိုင်ရာအခန်းကဏ္ဍဖြင့် လုပ်ဆောင်ပါဝင်ရန် ပြောလာနေကြပေသည်။ ဤအစဉ်အလာမဟုတ်သော၊ ပြည်တွင်းဆိုင်ရာဖြစ်သော စစ်ဘက်လုပ်ငန်းမစ်ရှင်များသည် ကျန်းမာကြံ့ခိုင် သော အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးအတွက် ကနဦး တည်ရှိသင့်သည့် ပုံစံကို ထိန်းသိန်းထားနိုင်ခြင်းအား နည်းပါးစွာဖြင့်သာ အထောက်အကူပြုပေသည်။

အထင်အရှားအားဖြင့် အမေရိကန်စစ်ဘက်မှ အားနည်းသိမ်း၍ နိုင်ငံအာဏာအား သိမ်းပိုက်ထားရန် ကြိုးပမ်းနိုင်သည် ဆိုသည့် အန္တရယ်မှာ နည်းနည်းပါးပါးသာရှိပေသည်။ ထို့အတူပင် အမေရိကန်စစ်တပ်က အရပ်ဘက်အား ပွင့်ပွင့်လင်းလင်း ဗြောင်မနာခံခြင်း၊ တိုက်ရိုက်အမိန့်များကို မနာခံခြင်းဆိုသည်တို့မှာလည်း ကျနော်တို့အနေဖြင့် မမျှော်လင့်ပါ။ အမေရိကန်အစိုးရအဖွဲ့အစည်းများအားနည်းလာနေသော်ငြားလည်းဘဲ တတိယကမ္ဘာ (third world) ၏ အာဏာသိမ်းမှုအန္တရယ်ရှိနေသော (coup - plagued) နိုင်ငံများရှိ အရပ်ဘက် အဖွဲ့အစည်းများထက်မူ ပို၍ အားကောင်းနေဆဲဖြစ်သည်။ အယ်ဂျီးရီးယန်း အကြပ်အတည်း ကာလက ပြင်သစ်စစ်တပ်မှ ၎င်း သို့မဟုတ် “ပညာရှင်အသစ်မူဝါဒ” “(new professional) ကိုင်စွဲသော လက်တင်အမေရိကမှ စစ်အာဏာရှင်များမှ ၎င်းချမှတ်ကျင့်သုံးခဲ့သော အစဉ်အလာမဟုတ်သည့် ပြည်တွင်း လုပ်ငန်းမစ်ရှင်လိုမျိုးကိုမူ အမေရိကန်စစ်တပ်သည် တကယ်တမ်းအားဖြင့် ပွေ့ဖက်ဆုပ်ကိုင်ခြင်း မရှိသေးပေ။

အပိုင်း (၃၄) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြသွားပါမယ်။


No comments: