ခေါက်ရိုးကျိုးနေတဲ့ နအဖရဲ့ လိမ်ဆင်
စာဖတ်ပရိတ်သတ်များခင်ဗျား
နအဖရဲ့ အတွင်းရေးတွေကို ဖေါ်ထုတ်ပေးနေတဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို နအဖဟာ “အနာပေါ် ဒုတ်ကျ” ယမ်းပုံ မီးကျ ဒေါသတကြီးနဲ့ သတင်းစာရှင်းလင်းပွဲမှာ လိမ်ညာကာ ဖြေရှင်းချက် ပေးနေကြပါတယ်။ တကယ်တော့ ခေါက်ရိုးကျိုးနေတဲ့ နအဖရဲ့ လိမ်ညာပြောဆိုမှုတွေကို ဘယ်သူကမှ အယုံအကြည်မရှိဘဲ ပြည်သူဘက် ရပ်တည်ပြီး နအဖကို တော်လှန်နေတဲ့ မျိုးချစ်ပြည်သူ့တပ်မတော်သားများအား တိုင်းသူပြည်သားများအားလုံးက ဝမ်းပမ်းတသာ လက်ကမ်းကြိုဆိုလျှက်ရှိကြပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်အနေနဲ့ သူတာဝန်ထမ်းဆောင်ချိန်မှာ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ကိုင်ခဲ့ပါကြောင်း ယခုလို သက်သေအထောက်အထားများနဲ့တကွ တင်ပြရင်း နအဖကို ဆက်လက် စိန်ခေါ်လျှက် ရှိပါကြောင်းနဲ့ မြန်မာပြည်သူလူထုနှင့်အတူ စစ်အာဏာရှင်စနစ် ကျဆုံးသည့်အထိ တိုက်ဖျက်သွားမယ်ဆိုတဲ့အကြောင်း ပြောကြားရင်း ပေးပို့လာပါတယ်။ အခုလို ပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို လေးစားစွာ ဂုဏ်ပြုရင်း စားဖတ်ပရိတ်သတ်များအား ဖေါ်ပြပေးလိုက်ပါတယ်။

No comments:
Post a Comment