.

.

.

January 20, 2011

လစာတိုးမြှင့်မှု နောက်ဆုံးသတင်း

စာဖတ်ပရိတ်သတ်များခင်ဗျား

စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်တွင် တင်ပြခဲ့တဲ့ Hot news ပါ သတင်းအရ တပ်မတော်ရှိ အရာရှိ/စစ်သည်များရဲ့ လစာများအပေါ် ကျပ်ငွေ (၂၀၀၀၀) တိုးမြှင့်ပေးခဲ့တဲ့ သတင်းအပေါ် ထပ်မံပြီး တရားဝင် ကြေညာချက်စာ ထုတ်ပြန်လာကြောင်း စစ်အာဏာရှင်များ ပျော်မွေ့ရာ တောဇနပုဒ် ကြပ်ပြေးမှ ကြားဖြတ်သတင်း ၀င်ရောက်လာ ပါတယ်။ ယခင်တင်ပြခဲ့တဲ့ Hot news ပါ သတင်းအချက် အလက်အချို့မှာ သတင်း လက်ဦးမှု သိရှိလိုတဲ့ ဆန္ဒအရိုးခံဖြင့်သာ အတွင်းလူများက အလျင်စလို သတင်းပို့ခြင်း ဖြစ်ရာ လစာအချို့ အနည်းငယ် လွဲချော်သွားသဖြင့် စာဖတ်သူများ နားလည်မှု မလွဲမှား နိုင်စေရေး အတွက် ယခု ဆက်လက်တင်ပြမည့် Breaking news ပါသတင်းအချက် အလက်များမှာ တရားဝင်စာ ထုတ်ပြန်လာခဲ့ပြီးဖြစ်လို့ နောက်ဆုံး အတည်ဖြစ်ပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်က ဗဟုသုတရရှိ လေ့လာနိုင်စေရန် စီစစ်တင်ပြပေးလိုက် ရပါတယ်။

၁။ နအဖရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကောင်စီ (ကကန) အမိန့်၊ (၃၁/၁၂/၂၀၀၉) ရက်စွဲပါ အထူးအမိန့်အမှတ် ၄/အထူး/၂၀၀၉ အရလည်းကောင်း၊ စစ်ရေးချုပ်ရုံးက စာအမှတ် ၁/၅၄၄/ရေး ၂ (ဂ) ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီစာများအရ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ(၁) ရက်နေ့မှ စတင် တိုးမြှင့်သော တပ်မတော်ရှိ အရာရှိ/ စစ်သည်များ အသီးသီးရဲ့ လစာများဟာ တိုးမြှင့်ပေးခဲ့တဲ့ (၂၀၀၀၀) ကျပ် အပါအ၀င် နောက်ဆုံးအခြေအနေ ရရှိမည့် အခြေခံ လစာနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -

(က) အရာရှိ
စဉ် အဆင့် လစာ (ကျပ်)မှတ်ချက်
(၁) ဒုဗိုလ် ၁၂၀၀၀၀
(၂) ဗိုလ် ၁၃၀၀၀၀
(၃) ဗိုလ်ကြီး ၁၅၀၀၀၀
(၄) ဗိုလ်မှူး ၁၇၀၀၀၀
(၅) ဒုဗိုလ်မှူးကြီး ၁၉၀၀၀၀
(၆) ဗိုလ်မှူးကြီး ၂၁၀၀၀၀
(၇) ဗိုလ်မှူးချုပ် ၄၀၀၀၀၀ ဗိုလ်မှူးချုပ်နှင့်အထက်လစာမတိုးတော့ပါ။(၈)ဗိုလ်ချုပ်၅၀၀၀၀၀
(၉) ဒုဗိုလ်ချုပ်ကြီး ၆၀၀၀၀၀
(၁၀) ဗိုလ်ချုပ်ကြီး ၈၀၀၀၀၀
(၁၁) ဒုဗိုလ်ချုပ်မှူးကြီး ၁၀၀၀၀၀၀
(၁၂) ဗိုလ်ချုပ်မှူးကြီး ၁၂၀၀၀၀၀

(ခ) အခြားအဆင့်

(စဉ်) အဆင့် လစာ(ကျပ်ငွေ)
(၁) တပ်သားသစ် ၃၅၀၀၀
(၂) တပ်သား ၃၆၀၀၀
(၃) ဒုတပ်ကြပ် ၄၂၀၀၀
(၄) တပ်ကြပ် ၄၈၀၀၀
(၅) တပ်ကြပ်ကြီး ၅၄၀၀၀
(၆) တပ်ခွဲတပ်ကြပ်ကြီး ၆၀၀၀၀
(၇) ဒုအရာခံဗိုလ် ၆၆၀၀၀
(၈) အရာခံဗိုလ် ၇၁၀၀၀

မှတ်ချက်။ ။ hot news တွင် တင်ပြခဲ့တဲ့ တပ်သား တစ်ဦးရဲ့ လစာမှာ (၂၁၀၀၀) ကျပ်ဟု ဖော်ပြခဲ့ပါတယ်။ အဆိုပါ (၂၁၀၀၀)ကျပ်တွင် ပင်ပန်းကြမ်းတမ်းမှုစရိတ် (M.H.R.A) (၅၀၀၀)ကျပ် ကို တပေါင်းတည်း ထပ်ထည့်ထားလို့ မှားယွင်းခြင်း မရှိဘဲ အဲဒီ (၅၀၀၀) နုတ်ပါက အခြေခံလစာ (၁၆၀၀၀)ကျပ်သာ ဖြစ်ပြီး ယခု Breaking news ပါ အမှတ်စဉ် (၂) ရှိ တပ်သားတစ်ဦးရဲ့ လစာ (၃၆၀၀၀)ကျပ်အား (၂၀၀၀၀) ကျပ် နုတ်လိုက်ပါက (၁၆၀၀၀)ကျပ် ဖြစ်သွားကာ တူညီသွားမည် ဖြစ်ပါတယ်။

(ဂ) အပိုဆောင်းစရိတ်များ

(၁) ရိက္ခာစိုကြေး(တရက်) - ၃၀၀ ကျပ်

(ကက) ရိက္ခာစိုကြေး = ၂၇၀ ကျပ်

(ခခ) ထင်းဖိုး = ၃၀ ကျပ်

၂။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန် စရိတ် MHRA ။ အဆိုပါ MHRA (Military Hardship & Risk Allowance) စရိတ်ဟာ သက်သာ ရန်ပုံငွေတွေ ဖျက်ပြီးကတည်းက မှီခိုမိသားစုများအတွက် ဆန်ကဲ့သို့ အမယ်စုံရိက္ခာ ၀ယ်ယူနိုင်ဖို့ ငွေထုတ်ပေးခြင်းဖြစ်ပြီး (၅၀၀၀)ကျပ် သတ်မှတ်တာ ဖြစ်ပါတယ်။

No comments: