.

.

.

January 20, 2011

နောက်ဆုံးရ လေတပ်မှ အထူးသတင်း

၆-၁၁-၂၀၀၉ (သောကြာနေ့) တွင် လေကြောင်း အတတ်သင်လေတပ် စခန်း (ရှမ်းတဲ) (လကသ) ရှိ UAV Research Squadron မှ Sky02 အမျိုးအစား တရုတ် နိုင်ငံလုပ် မောင်းသူမဲ့ UAV လေယာဉ်အား မြေပြင် ထိန်းချုပ်မှု ယာဉ်မှ ၀င်ရောက် တိုက်ခဲ့ သဖြင့် ပျက်စီး သွားခဲ့ ပါသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်သည် မြန်မာနိုင်ငံမှ တစ်စီးတည်းသော မောင်းသူမဲ့ ခေတ်မှီ လေယာဉ် UAV ဖြစ်သည့်အပြင် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ US $ ၃၀၀၀၀၀ ခန့် တန်ဖိုးကြီးမားစွာဖြင့် ပေးဝယ်ရပါသည်။ လာမည့် ဒီဇင်ဘာလတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား လေတပ်၏ ဂုဏ်ဆောင်အဖြစ် ယင်းမောင်းသူမဲ့ လေယာဉ်ကို ဂုဏ်ယူဝံ့ကြွားစွာ ပြသနိုင်ရန် ရည်ရွယ်ထားသည်ဖြစ်ရာ ပျက်ဆီးသွားသဖြင့် ယခု တရုတ်နိုင်ငံ ခရီးစဉ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း မှာ အဆိုပါသတင်းကြောင့် အကြီးအကျယ် ဒေါပွနေသည်။


ထိုဖြစ်ရပ်၏ နောက်တွင်လည်း မြန်မာပြည်တွင်းတွင်ပင် တီထွင် တပ်ဆင်သော Yellow Bird ဟု အမည် ပေးထားသည့် ပြည်တွင်းလုပ် တစ်စီးတည်းသော UAV လေယာဉ်ငယ်သည်လည်း အရည်အသွေး ညံ့ဖျင်း၍ ၉-၁၁-၂၀၀၉ ရက်နေ့က ပျံသန်းလေ့ကျင့်နေစဉ် ပျက်ကျသွား ပြန်သဖြင့် တရုတ်သို့ သွားနေသော ကာကွယ်ရေးဦးစီးချုပ် (လေ) ပြန်လာမည်ကို လကသမှ ဗိုလ်မှူးချုပ် သန်းလွင်နှင့် တာဝန်ရှိသူများ အလွန်စိုးရိမ်နေကြကြောင်း သိရှိရပါသည်။ ယခုလို ပေးပို့လာသော လေတပ်မှ အရာရှိများအား “စည်းလုံးခြင်းရဲ့ အင်အား” မှ ကျွန်တော် ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

No comments: