.

.

.

January 20, 2011

ကြားဖြတ်လေတပ်သတင်း

မကြာသေးခင်ကလေးကမှ ၀င်လာတဲ့ ကြားဖြတ်လေတပ်သတင်းအရ (၂၄-၁၂-၂၀၀၉) ရက်နေ့က “ အမှတ်စဉ် (၁) လေတပ်စစ်ဆင်ရေးမှူး သင်တန်း” ကို ဆင်းပေးသွားကြောင်း သိရပါတယ်။ ဒီသင်တန်းမှာ စစ်ဦးစီးတက္ကသိုလ် (ဥစတ) မတက်ရသေးတဲ့ ဒုတိယဗိုလ်မှူးကြီး (၁၅)ယောက် တက်ရောက်သင်ကြားခဲ့တယ်လို့ သိရတယ်။

အဲဒီသင်တန်းဟာ လေကြောင်းအတတ်သင် လေတပ်စခန်း (ရှမ်းတဲ)မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်။ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းကတော့ ရုရှားက MIG-29 ၀ယ်ယူရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ သူ့ကိုယ်စား စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်ချုပ် ခင်မောင်မြင့်ကဘဲ လာရောက်ဆင်းပေးခဲ့ပါတယ်။

ရုရှားထုတ် MIG 29 SMT dirt strip အမျိုးအစား ပုံစံတမျိုး

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ လေကြောင်း ထိုးစစ် ဆင်လာပြီ ဆိုရင် ဘယ်လိုရင်ဆိုင်မယ် ၊ တန်ပြန်စစ်ဆင်ရေး (Counter air Operation) အနေနဲ့ အဲဒီနိုင်ငံတွေကို သွားရောက်ဗုံးကြဲတိုက်ခိုက်ရမဲ့ နည်းဗျူဟာတွေကို တင်ပြခဲ့တဲ့ သင်တန်းဖြစ်တယ်။ သင်တန်းကာလ (၇)လ ကြာမြင့်ခဲ့တယ်။ အရာရှိကြီးတွေဘဲ ပို့ချတယ်။ အဲဒီ သင်တန်းဟာ စစ်ဦးစီးတက္ကသိုလ် (ဥစတ) သင်တန်း မတိုင်ခင် အကြို သင်တန်းဖြစ်ပြီး ပထမဆုံးအကြိမ်ဖြစ်တယ်။ သင်တန်းပြီး သင်တန်း ဆက်နေလို့ ပိုက်ဆံတွေ ထပ်ကုန် အုံးမှာမို့ အားလုံး စိတ်လေးနေကြတယ်။

သူတို့ကို ခန့်မှန်းရတာက အသစ်ဖြည့်တင်းဝယ်ယူလိုက်တဲ့ MIG – 29 (၂၀) စီး အပါအ၀င် ကျန်ရှိတဲ့ MIG – 29 (၁၀) စီး စုစုပေါင်း အစီး (၃၀) အပေါ်မှာ တာဝန်ပေးအပ်မယ်လို့ သိရပါတယ်။ MI - 35 ရဟတ်ယာဉ် အသစ်များ ၀ယ်ယူဖို့လည်း ရှိလေရာ လေ့ကျင့် တာဝန်ပေးအပ်ရန် Pilot များ ရွေးချယ်ဖို့လည်း ရှိပါတယ်။

မကြာခဏ ပျက်ကျနေသော တရုတ် လေယာဉ်များကြောင့် ဤ၀က်ဘ်ဆိုဒ်ရဲ့ တင်ပြချက်များအရ လေတပ်အတွင်း ကြီးမားစွာ ဂယက်ရိုက်သွားရာ စစ်အာဏာရှင်များက တရုတ်နိုင်ငံမှ လေယာဉ်များကို ထပ်မံ ၀ယ်ယူခြင်း မပြုရဲတော့ဘဲ ရုရှားသို့ ဦးလှည့်သွားခြင်းဖြစ်လို့ လေသူရဲများ ဘုရားစင်မှ ခွာခွင့်ရပါတော့တယ်။

No comments: