.

.

.

February 24, 2011

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) လေးလပတ် အစည်းအဝေး ယနေ့လုပ်ပြီ


ကာကွယ်ရေးဦးစီးချုပ် (လေ) နဲ့ (ရေ) တို့ရဲ့ လေးလပတ် အစည်းအဝေးတွေကို ပြန်လည် ကျင်းပနေပြီ ဖြစ်ကြောင်း စစ်ဖက်နှင့် နီးစပ်သူတို့က စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ မကြာသေးမီက သတင်း ပေးပို့လာပါတယ်။ တပ်ချုပ်ကြီးမှ အရေးပေါ် ပြန်ခေါ်တာကြောင့် ဇန်နဝါရီ (၃၁) ရက်နေ့ နေ့လည် (၂) နာရီမှာ ကျင်းပနေတဲ့ ကာကွယ်ရေး ဦးစီးချုပ် (လေ) အစည်းအဝေးအား ချက်ခြင်း ရပ်တန့်ပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းအား လေယာဉ်ဖြင့် ကြပ်ပြေး နေပြည်တော်သို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

[IMG]/images/stories/m6_2-28%20copy.jpg[/IMG]

ယခုနောက်ထပ် ဝင်ရောက်လာတဲ့ သတင်းအရ ယနေ့ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့အထိ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်တွင် ပြန်လည် ကျင်းပနေပြီ ဖြစ်ကြောင်း၊ အလားတူ ကာကွယ်ရေး ဦးစီးချုပ် (ရေ) လေးလပတ် အစည်းအဝေးအပြင် အကူလက်ရုံး ညွန်ကြားရေးမှူး တပ်ဖွဲ့များရဲ့ လေးလပတ် အစည်းအဝေးများကိုလည်း တပြိုင်နက်တည်း ကျင်းပမှာ ဖြစ်တယ်လို့ သိရကြောင်း၊ ကြည်းတပ် တိုင်းစစ်ဌာနချုပ်များရဲ့ လေးလပတ်များကိုတော့ ကျင်းပ ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သတင်း ရရှိပါတယ်။ ဆက်လက်ပြီး စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ တင်ပြပြီးခဲ့တဲ့အတိုင်း တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ယခင်နှစ်များကကဲ့သို့ မပြုလုပ်တော့ဘဲ တပ်မတော် စစ်ကြောင်းများအား မိခင်တပ်ရင်းများသို့ ပြန်ခိုင်းခဲ့တဲ့ သတင်းအရ နောက်ဆက်တွဲ သတင်းအနေဖြင့် ဆင်ဖြူရှင် စစ်ကြောင်းမှ လေတပ်စစ်သည်အားလုံးကိုလည်း ဖေဖေါ်ဝါရီလ (၁) ရက် (၂) ရက် နေ့များမှာပင် မိတ္တီလာ လေကြောင်းအတတ်သင် လေတပ်စခန်းမှ မိမိတပ်စခန်းများသို့ Y-8 လေယာဉ်နဲ့ ပြန်ပို့ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

No comments: