.

.

.

February 21, 2011

တပ်မတော် (လေ) ဘာတွေလုပ်နေလဲ - အပိုင်း (၁)

စာဖတ်ပရိတ်သတ်များခင်ဗျား


စစ်အာဏာရှင်တွေဟာ တိုင်းပြည် ဘဏ္ဍာငွေထဲမှ နိုင်ငံခြား ငွေများကို ပြည်တွင်း ပြည်သူလူထု အတွက် မသုံးစွဲဘဲ စစ်အင်အား ဖြည့်တင်းဖို့သာ ကြိုးစားနေတာမို့ စစ်တပ်တွင် ငွေကြေး အင်အားသုံးစွဲမှု အကြီးမားဆုံးဖြစ်တဲ့ ရေတပ်ပြီးရင် လေတပ်အား ၀ယ်ယူ ဖြည့်တင်း ကြိုးစားနေကြပုံများ၊ လေတပ်ရဲ့ လေယာဉ်စွမ်းပကားနှင့် တပ်ဆင်ထားသော ဗုံး၊ Machine Gun လက်နက်များနှင့် Rocket Launchers၊ Missiles၊ စက်မှုဆိုင်ရာ Data အချက်အလက်များ၊ လေတပ် သမိုင်းကြောင်းနှင့် ဖွဲ့စည်းခဲ့ပုံ စတာတွေကို စာဖတ်သူများ ဗဟုသုတရရှိစေဖို့ တပ်မတော်(လေ) မှ အရာရှိ Pilot တစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် တပ်မတော်(လေ) မှ အရာရှိ Pilot အား အထူး ကျေးဇူးတင်ရှိကြောင်းနဲ့ စာဖတ်သူများ ဗဟုသုတ ရရှိစေရေးအတွက် ပေးပို့လာသော တပ်မတော်လေ အကြောင်းကိုလည်း စည်းလုံးခြင်းရဲ့  အင်အား Website မှာ အခန်းဆက် ဖော်ပြ သွားမည် ဖြစ်ပြီး ပင်တိုင်ဆောင်းပါးရှင် အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျား။

20 G-4 Super Galebs ordered from Yugoslavia

စိတ်ကူးယဉ်အိပ်မက်မှ နိုးထခြင်း

၁။ စစ်အာဏာရှင်တွေဟာ န၀တ တက်ခါစ ပထမပိုင်းမှာ ကြည်းတပ်ကို နိုင်ငံတကာက စစ်လက်နက် ပစ္စည်းများ၊ အမြောက်များ၊ တင့်ကားများ “မဲ” ပြီး ၀ယ်ယူ ဖြည့်တင်းပေးနေရာ ပြောင်းလဲလာတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများအရ ပေါ့ပါးလျင်မြန် သွက်လက်ပြီး ပြောင်းလွယ် ပြင်လွယ်စွမ်း နည်းဗျူဟာကို အကောင်အထည် ဖော်နိုင်တဲ့ လေတပ်ရဲ့စွမ်းအား အရေးပါမှုကို လျှော့တွက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှ အသုံးမလိုတော့လို့ ခေတ် နောက်ကျနေတဲ့ F – 7 ဂျက် တိုက်လေယာဉ်များနှင့်သာ စစ်အာဏာရှင်တွေ စိတ်ကူးယဉ် အိပ်မက် မက်နေချိန်မှာ ၂၀၀၀ - ၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် အရေးအခင်းများကြောင့် ထိုင်းနိုင်ငံအနေနဲ့ ခေတ်မီ ဘက်စုံသုံး F – 16 ဂျက် တိုက်လေယာဉ် F5E ဂျက်တိုက်လေယာဉ်များ သုံးစွဲကာ မြန်မာပြည်ထဲသို့ ၀င်ရောက် ချိန်မှာတော့ စစ်အာဏာရှင်တွေလည်း အထိတ်တလန့်နဲ့ စပြီး အိပ်မက်မှ လန့်နိုးခဲ့ရပါတယ်။ ထိုင်း လေယာဉ်များကို တန်ပြန်နိုင်ရန် နမ့်စန် လေတပ်စခန်းမှ F – 7 ဂျက် တိုက်လေယာဉ်များ ပျံသန်းဖို့ အမိန့် ပေးလိုက်ချိန်မှာ တာချီလိတ်ထိ ပျံသန်းဖို့ မဖြစ်နိုင်တော့ကြောင်း သိလိုက်ရလို့ ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံမှ ခေတ်မှီ ဂျက် တိုက်လေယာဉ် MiG – 29 (၁၀) စီးကို ၂၀၀၁ ခုနှစ်တွင် အပြေးအလွှား တိုင်းပြည် ဘဏ္ဍာငွေထဲမှ ၀ယ်ယူ လိုက်ရပါတော့တယ်။

TL A-5M made in China

တပ်မတော်(လေ) သမိုင်းကြောင်း

၂။ မဆလခေတ် စစ်အာဏာရှင်တွေ လက်ထက်က တပ်မတော်(လေ) ဖွဲ့စည်းပုံ အနေနဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးအား ဗိုလ်မှူးချုပ်၊ ထိုမှတဖန် ဗိုလ်ချုပ်အဆင့်ထိ ထားခဲ့ဖူးပါတယ်။ လေတပ်စခန်းဌာနချုပ်ကြီး အနေနဲ့ (၅၀၁)၊ (၅၀၂) ၊(၅၀၃) ၊ လပထ တို့သာ ရှိကြပြီး မိတ္ထီလာလေတပ်စခန်း မြေပြင် အတတ်သင်ကျောင်း အဆင့်သာ ရှိပါတယ်။ ထိုခေတ် ကာလက ခေတ်အမှီဆုံး ဂျက်တိုက် လေယာဉ် အဖြစ် AT-33As ဂျက်တိုက်လေယာဉ်များသာ ရှိပြီး ၁၉၇၅ ခုနှစ်ကာလခန့်တွင် စစ်ဆင်ရေးခရီးစဉ် တစ်ခုအသွား ဂျက်တိုက်လေယာဉ် (၅) စီး တပြိုင်နက် ပဲခူးရိုးမတောင်တန်းတစ်ခုပေါ် မကျော်နိုင်ဘဲ တောင်ကို ၀င်တိုက်လို့ ပျက်ကျခဲ့ဖူးပါတယ်။ အဲဒီနောက် ဆွစ်ဇာလန်မှ Pilatus PC -6A/B Turbo Porter (၅) စီး၊ Pilatus PC-7 Turbo Trainer အမျိုးအစား (၅) စီး နှင့် Pilatus PC-9 (၇) စီး ဆေးဖြန်းတဲ့ လေယာဉ်များကို ၀ယ်ယူ ဖြည့်တင်း ခဲ့ပါတယ်။ နိုင်ငံခြားငွေ ရှားပါးတဲ့အတွက် ဗမာပြည်ရောက်မှ အဆိုပါ လေယာဉ်များကို Rocket များနှင့် Machine Gun များ၊ ဗုံးများ တပ်ဆင်ပြီး ဗုံးကြဲလေယာဉ်များအဖြစ်နှင့် လေ့ကျင့်ရေး လေယာဉ်များ အဖြစ် ဖန်တီးယူခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ မူးယစ်ဆေးဝါး နှိမ်နှင်းဖို့ စီမံချက်အရ ပေးခဲ့တဲ့ Bell UH-1 Iroquois Multipurpose utility helicopter (၂၂) စီးကို စစ်တပ်က ဗိုလ်ကျကာ သိမ်းယူပြီး လက်နက်တပ်ဆင်ကာ စစ်ဆင်ရေးမှာ သုံးခဲ့ပါတယ်။


န၀တခေတ် လေတပ်အသွင်ပြောင်းလာခြင်း

၃။ တပ်မတော်(လေ) အား ဖွဲ့စည်းပုံ တိုးချဲ့ပြီး လေတပ်ဦးစီးချုပ်အား ဒုတိယဗိုလ်ချုပ်ကြီး အဆင့် ထားရှိကာ စစ်ဦးစီး အရာရှိချုပ် (လေ) အဖြစ် ဗိုလ်ချုပ်အဆင့်အား ထားရှိပြီး၊ ဗိုလ်မှူးချုပ်အဆင့် ကွပ်ကဲသော လေတပ် စခန်း ဌာနချုပ်များအဖြစ် အောက်ပါအတိုင်း တိုးချဲ့ခဲ့ပါတယ်။

(က) လေတပ်ဦးစီးချုပ်ရုံး ကာကွယ်ရေးဝန်ကြီးဌာန (နေပြည်တော် ၊ကြပ်ပြေး)

(ခ) လေယာဉ်ထုတ်လုပ်ရေးနှင့်ပြင်ဆင်ရေး စခန်းဌာနချုပ် (မင်္ဂလာဒုံ)

(ဂ) Meikhtila(Shante)Air base for trainning and operation, another airbase at Meikthila is helicopter trainning base. (မိတ္ထီလာ)

(ဃ) ပုသိမ်လေတပ်စခန်းဌာနချုပ် (ပုသိမ်)

(င) မှော်ဘီလေတပ်စခန်းဌာနချုပ် (ယခင်- ၅၀၁)

(စ) မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ် (ယခင် ၅၀၂)

(ဆ) မြစ်ကြီးနား လေတပ်စခန်းဌာနချုပ် (ယခင် - ၅၀၃)

(ဇ) မြိတ်လေတပ်စခန်းဌာနချုပ် (မြိတ်)

(ဈ) နမ့်စန် လေတပ်စခန်းဌာနချုပ် (နမ့်စန်)

(ည) တောင်ငူ လေတပ်စခန်းဌာနချုပ် (တောင်ငူ)

နိုင်ငံတကာမှ တပ်မတော်(လေ) တပ်အတွက် ၀ယ်ယူဖြည့်တင်းလာခြင်း

၎။ တရုတ်နိုင်ငံမှ Nanchang Q-5 Fighter ground attack မြေပြင်တိုက်လေယာဉ် (၃၆) စီး ၊တရုတ်နိုင်ငံမှ Chengdu F-7 Air-guard fighter interceptor ကြားဖြတ်တိုက်လေယာဉ် (၆၀) စီး၊ ယူဂိုဆလားဗီးယားနိုင်ငံမှ ခွဲထွက် ဆားဗီးယား နိုင်ငံလုပ် Soko G-4 Super Galeb ဂျက်တိုက်လေယာဉ် (၆) စီး၊ ပိုလန်နိုင်ငံမှ PZL W-3 Sokol Falcon PZL ရဟတ်ယာဉ် (၁၃) စီး၊ ပိုလန်နိုင်ငံလုပ် Mil Mi -2 ရဟတ်ယာဉ် (၂၀) စီး တို့ကို ၀ယ်ယူ ဖြည့်တင်းခဲ့ပါတယ်။

၅။ အဆိုပါ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များပေါ်တွင် တပ်ဆင်ထားသော လက်နက် အမျိုးအစား များနှင့် ၎င်းတို့၏ စွမ်းရည်များကို နောက်အပိုင်းတွင် အသေးစိတ် ဆက်လက်ဖော်ပြသွားပါမယ်။ စစ်အာဏာရှင် တွေဟာ စစ်အင်အား ဖြည့်တင်းသည်ဆိုသော်လည်း ချပေးတဲ့ နိုင်ငံခြားငွေ ပမာဏနှင့် စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်မှု အားနည်းချက်များကြောင့် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေများ အလဟဿ ဖြစ်သွားပြီး အမှန်တကယ် စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးတို့မှာ ၀ယ်ယူထားတဲ့ လေယာဉ်များနဲ့ ရဟတ်ယာဉ်များကို ထုတ်သုံးတဲ့အခါ ပျက်ကျခြင်း၊ ပျက်စီးယိုယွင်းလာခြင်း၊ အရန်ပစ္စည်းများ လိုအပ်လာခြင်း၊ ရန်သူ့လေယာဉ်အား ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်း တို့ကြောင့် တိုင်းပြည် ကာကွယ်ရေးအတွက် နစ်နာသွားရပုံ၊ ပြည်သူလူထု စားဝတ်နေရေးအတွက် အဆိုပါငွေများ အသုံးချလိုက်မည်ဆိုပါက ပိုမို အကျိုးရှိသွားနိုင်ပုံတွေကို သုံးသပ်ချက်များနှင့်တကွ စိတ်ဝင် စားဖွယ်ရာ ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။

No comments: