.

.

.

February 17, 2011

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (အမှန်အကန်) ဗိုလ်သန်းရွှေ ဘာတွေကြံနေပြန်ပြီလဲ



စစ်အာဏာရှင်တွေဟာ ရွေးကောက်ပွဲမှ ပေါ်ထွက်လာတဲ့ ရလဒ်အပေါ် ပြည်တွင်း ပြည်ပက အသိအမှတ် မပြုခဲ့တဲ့အတွက် စိုးရိမ်သောက ဗျာပါဒ ပွားများကာ ပူပင်မှု ကြီးထွားနေပြီး အရေးပေါ် ကာလအဖြစ် ကက (ကြည်း) မှ ထုတ်ပြန် ကြေညာခဲ့ကြောင်း စစ်ရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သတင်းပေးပို့ လာပါတယ်။ သူတို့စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေကြောင့် ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မကျင်းပနိုင်ခြင်း၊ မသမာမှု ကြိုတင်မဲများကြောင့် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ အပေါ် တရားစွဲဆိုခြင်း စတဲ့ ပြဿနာများ ကြီးထွား ရှုပ်ထွေးနေပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တိုင်းနှင့် ပြည်နယ် လူငယ်များအား တွေ့ဆုံခဲ့တဲ့အပေါ် စိုးရိမ်နေကြသလို အီဂျစ်ကဲ့သို့ ဆန္ဒပြပွဲများ ဖြစ်လာမှာ မြင်နေတဲ့အတွက် ကက (ကြည်း) မှ NLD လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့် ခိုင်းနေပါတယ်။ တဖက်ကလည်း SSA ကို ဗဟိုပြုပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ မဟာမိတ်ဖွဲ့တဲ့အပေါ် စောင့်ကြည့်နေကာ အဲဒီအဖွဲ့ရဲ့ ဗဟိုချက်ဖြစ်တဲ့ SSA အား လိုအပ်ရင် တိုက်ဖို့ ပြင်ဆင်ခိုင်းနေပါတယ်။


ပို၍ဆိုးတာက လွှတ်တော်အတွက် တပ်မတော်မှ ၂၅% သော ကိုယ်စားလှယ် အရာရှိများ ရွေးချယ်ရေးကိစ္စ မကျေလည်မှုတွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ဖယ်ရှားတဲ့ကိစ္စတွေနဲ့ ဒုတိယ သမ္မတ အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ကိစ္စတို့အပေါ် မကျေလည်မှုတွေ၊ အရပ်သားဖြစ်နေတဲ့ ဦးတင်အောင်မြင့်ဦးကို စစ်တပ်က တင်သွင်းရာမှာ အကြုံးမ၀င်တာကြောင့် မကျေနပ်မှု ဖြစ်နေတာတွေ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား နေရာပေး ဦးစားပေးတဲ့အပေါ် တပ်တွင်း ထိပ်ပိုင်း အရာရှိကြီးများအကြား မကျေနပ်ချက်တွေ အသီးသီး ဖြစ်ပေါ်လျှက် ရှိနေပါတယ်။

[B]ယခုအခါ တစ်နိုင်ငံလုံးကို အရေးပေါ်ကာလအဖြစ် ၂၀၁၁ ခုနှစ် ဇန္နဝါရီလ (၃၁) ရက် မှ ဇူလိုင်လ (၃၁) ရက်အထိ ကကကြည်းမှ လျှို့ဝှက်စာထုတ်ကာ သတ်မှတ်ထားပါတယ်။[/B] ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) လေးလပတ် အစည်းအဝေး လုပ်နေဆဲမှာပင် ဇန္နဝါရီလ (၃၁) ရက်နေ့မှာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းအား နေပြည်တော်သို့ ပြန်ခေါ်သွားခဲ့ပါတယ်။ လာမယ့် မတ်လ(၂၇) ရက်နေ့မှာ ကျင်းပမည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအတွက် လေ့ကျင့်ဖို့ ရောက်ရှိနေကြတဲ့ တပ်မတော် စစ်ကြောင်းများအားလုံး လေ့ကျင့်မှုများ ရပ်ဆိုင်းခိုင်းလိုက်ပြီး စစ်ကြောင်းများ အားလုံးကိုလည်း မိခင်တပ်များသို့ ပြန်ခိုင်းလိုက်လို့ တပ်မတော်သားများ အားလုံး အံ့ဩနေကြကြောင်း၊ တပ်အားလုံးကိုလည်း အသင့် ပြင်ခိုင်းလိုက်ကြောင်း၊ တပ်မတော် စစ်ရေးပြ အခမ်းအနား မလုပ်ဖြစ်ပါက ရုပ်ပျက်ဆင်းပျက် ဖြစ်မည်ကို ဗိုလ်ချုပ်များက စိုးရိမ်ပူပန်ပြီး အကျဉ်းချုံးကာ ရပ်ကြည့်စစ်ကြောင်း အနေနဲ့ အခမ်းအနား လုပ်ရန် ဆန္ဒရှိကြကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အစိုးရသစ်အဖွဲ့ ဖွဲ့စည်းပြီးပါက လွှဲပြောင်းပေးရမည်ဖြစ်ရာ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို မလွှဲပြောင်းသေးဘဲ အခြေအနေကို တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားနေကြောင်း သတင်းရရှိပါတယ်။

No comments: