.

.

.

March 11, 2011

တပ်တွင်းသတင်း ဖြစ်ပေါ်နေမှုများ


တပ်အတွင်း ကောလဟာလ ဖြစ်ပေါ်နေမှုများကို စစ်ဖက်နှင့် နီးစပ်သူများက ပြည်တွင်းမှ စည်းလုံးခြင်းရဲ့ အင်အားသို့ သတင်းပေးပို့လာပါတယ်။ စစ်ဌာနချုပ်များရဲ့ ကြေးနန်းစာများအရ NLD ပါတီဝင်များ၏ လှုပ်ရှားမှုများကို အထူး သတိထားကြရန် မှာကြားနေကြောင်း၊ တပ်မတော်မှ အကြီးအကဲဟောင်းများ၊ ဗိုလ်ချုပ်များ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီကို ဆက်ဆံရေးနဲ့ စပ်လျဉ်းပြီး ကြိုဆို ဧည့်ခံရာတွင် စစ်ဝတ်၊ စစ်ယာဉ် မသုံးဘဲ ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် စစ်သည်များအား လစာ တိုးပေးမယ်လို့ သတင်းထွက်နေပေမဲ့ အပြောင်းအလဲ မဖြစ်နိုင်ဟု ယုံကြည်သူ ပိုများနေကြောင်း၊ ဦးသန်းရွှေအနေနဲ့ လူမြင်ကွင်းမှ ဟန်ပြဖယ်ပေးကာ အာဏာကို ချုပ်ကိုင်နေဦးမယ့် ၀ှက်ဖဲများချန်ပြီးတော့ ကစားကွက် ထွင်နေတယ်လို့ တပ်မှူးအများစုက သုံးသပ်နေကြကြောင်း၊ ဗိုလ်မှူးချုပ် အဆင့်များပင် ဘာတွေ ဆက်ဖြစ်လာမည်မှန်း တွေးဆရ ခက်ခဲနေသလို မိမိတို့ ကုလားထိုင် မြဲဖို့အတွက် အတော်ကို အားယူနေကြရကြောင်း စသဖြင့် သတင်းပေးပို့လာပါတယ်။

No comments: