.

.

.

March 13, 2011

ကကလေရဲ့ ဖွဲ့စည်းပုံအသစ်ကို အတည်ပြုနိုင်ပါ့မလား


လေတပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူများက လေးလပတ် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတဲ့ သတင်းတစ်ပုဒ်ကို စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) လေးလပတ် အစည်းအဝေးတွင် ကက (လေ) ရဲ့ ဖွဲ့စည်းပုံအသစ် W.E အား အကြံပြု ဆွေးနွေးခဲ့ကြရာ လေတပ်စခန်းများ၊ ဌာနချုပ်များအား တိုင်းစစ်ဌာနချုပ်များနှင့် တန်းတူအဆင့် ထားရှိရေးဆွဲရန်၊ တန်းတူဆိုရာမှာ ကြည်းတပ်ရှိ တိုင်းစစ်ဌာနချုပ်များမှ စစ်ဦးစီးမှူး (ပထမတန်း) များနှင့် ဦး၊ ရေး၊ ထောက် ဆိုတဲ့ ဌာနများကဲ့တို့ အဆင့်ချင်း တူညီသည်ကို ထင်ရှားစေရန်၊ ဖွဲ့စည်းပုံအသစ်တွင် သတ်မှတ်ရန်၊ လေတပ်စခန်းမှူး အခေါ်အဝေါ်မှာ ရဲစခန်းမှူးနှင့် တူသလိုလို ရှိနေသဖြင့် စခန်းမှူး၊ အုပ်မှူး၊ တပ်မှူး အခေါ်အဝေါ်များအား ပြင်ဆင်ရန်၊ အုပ်မှူး၊ တပ်မှူး၊ ဌာနမှူးများသည် UAV ဟုခေါ်သော မောင်းသူလိုက်ပါခြင်း မရှိသည့် လေယာဉ်ငယ်များအား ကင်းထောက် လေယာဉ်အုပ်အဖြစ် လေတပ်စခန်းတိုင်းတွင် ထည့်သွင်းဖွဲ့စည်းရန်၊ IT (Information Technology) ကျွမ်းကျင်သူ အရာရှိ/စစ်သည်များအား လုပ်ငန်းတစ်ခုအဖြစ် ဖွဲ့စည်းပုံတွင် ထည့်သွင်းရေးဆွဲရန်၊ တိုင်းလက်အောက်ခံ တပ်မများကဲ့သို့ လေယာဉ်အုပ်များအား သီးခြား တပ်ရင်းရံပုံငွေနှင့် သီးခြား စီမံခန့်ခွဲရေး ရရှိစေသော အုပ်ချုပ်မူအာဏာ အပြည့်အဝပါရှိရေး ရေးဆွဲရန်၊ စံပြဖွဲ့စည်းပုံအဖြစ် ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် တစ်ပတ်စဉ်တည်းဖြစ်သော ကျောက်ဆည်သား မြိတ်လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်တင်က အကြံပြုသည့် ဖွဲ့စည်းပုံအား သတ်မှတ်ပြီး အသေးစိတ် ရေးဆွဲရန်ကိုမူ ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ တပည့်ရင်းဖြစ်သော တပ်မတော် (လေ) မှ Super Sonic Pilot ဗိုလ်မှူးကြီး အုပ်မှူး (၂) ယောက်အနက် မကွေး လေတပ်စခန်းဌာနချုပ်၊ အမှတ် (၆၁) ကြားဖြတ်တိုက်ခိုက်ရေး အုပ်မှူးဖြစ်သော F-7 လေသူရဲ စစ်တက္ကသိုလ် အမှတ်စဉ် (၂၆) အောင်ဇေယျ တပ်ခွဲဆင်း (လေ -၁၉၁၈) ဗိုလ်မှူးကြီး ကျော်ထင်အား တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

တိုင်းစစ်ဌာနချုပ်များရဲ့ လွှမ်းမိုးချယ်လှယ်မှုများအား ဘဝင်မကျ ဖြစ်နေကြတဲ့ လေတပ်သား အရာရှိ/စစ်သည် အများစုဟာ ယခု ဖွဲ့စည်းပုံအသစ်နဲ့ ပတ်သက်သော သတင်းများအပေါ် ကျေနပ်နေကြပါတယ်။ ဒါပေမဲ့ တပ်ချုပ်ကြီးနဲ့ အခြားဗိုလ်ချုပ်ကြီးများ အနေနဲ့ ယခုပြင်ဆင်မည့် လေတပ်အား လုပ်ပိုင်ခွင့်ပေးရေးနှင့် တန်းတူအဆင့် ထားရှိရေးအတွက် ညှိထားတဲ့ ဖွဲ့စည်းပုံ အသစ်အား ခွင့်ပြုနိုင်လောက်အောင် ကာကွယ်ရေးဦးစီးချုပ် (လေ) က အစွမ်းထက်ပါ့မလားလို့ လေတပ်သား အရာရှိ/စစ်သည် အများစုက စိုးရိမ်သံသယ ဝင်နေကြပါကြောင်း သတင်း ပေးပို့လာပါတယ်။

No comments: