.

.

.

March 15, 2011

ရင်တွင်းဖြစ်ဝေဒနာ


လေတပ်တွင်းမှ အရာရှိ စစ်သည်များရဲ့ ရင်တွင်းဖြစ် ဝေဒနာများကို လေတပ်အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့အင်အားသို့ ဆက်တိုက် ပေးပို့နေကြဆဲမှာပင် အထက်အကြီးအကဲများ၏ စီမံမှု ညံ့ဖျင်းသောကြောင့် လေသူရဲ (၂) ဦး ထပ်မံ အသက်ဆုံးရူံးခဲ့ရပြီ ဖြစ်ပါတယ်။ထပ်မံ သတင်း ပေးပို့လာတာကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်သူတွေ ဘာဖြစ်ဖြစ် တပ်မတော်ရဲ့ အခြေအနေတွေကတော့ ဒီ့ထက် ပိုထူးလာမှာ မဟုတ်ဘူးဆိုတာကို လေတပ်သားတို့ ကောင်းကောင်း သိနေခဲ့ကြကြောင်း၊ မဲပေးကတည်းက ကြံ့ဖွံ့ခေါ် ခြင်္သေ့တွေဟာ ဘေးမှာ အမှန် မခြစ် ခြစ်အောင် နည်းမျိုးစုံနဲ့ မတရား လုပ်ဆောင်ခဲ့ကြကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲရဲ့ မသမာမှုကြောင့် ၁၉၉၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ပြီးတော့ ခံစားခဲ့ကြရကြောင်း ရင်ဖွင့်လာပါတယ်။

ဆက်လက်ပြီး လေတပ်အတွင်းမှာ အလုပ်လုပ်ပြပါက လုပ်သူသည်သာ အုန်းပင်တက် လက်မှတ်ရရှိပြီး ထိုသူသာ ပင်ပန်းဆင်းရဲစွာ ကုန်းရုန်း လုပ်ရတော့တဲ့အပြင် လိုအပ်တဲ့ ထောက်ပံ့မှု မရတာများကြောင်း၊ အမှားအယွင်းရှိခဲ့ရင်ဖြစ်စေ စိတ်အခန့်မသင့်လို့ဖြစ်စေ ကောင်းခဲ့တဲ့ အချက် အချို့ကိုတောင် အထက်အကြီးအကဲများက အသိအမှတ် မပြုတော့ဘဲ အရေးယူကြောင်း၊ အဲဒီလို အခြေအနေတွေကြောင့် အရာရှိကြီးများသည်ပင် ခိုင်းမှလုပ်ကာ မလုပ် မရှုပ် မပြုတ် လို့ ခံယူလာကြကြောင်း သတင်း ပေးပို့လာပါတယ်။ နမူနာအနေနဲ့ UAVကို စတင်ကာ ဆန္ဒပြ ဆောင်ရွက်လာခဲ့တဲ့ အုပ်မှူးအဆင့်ကိုပင် မှားယွင်းမှုရှိသည်နှင့် အရပ်ဘက်သို့ ပြောင်းရွေ့ တာဝန်ပေးလိုက်တဲ့ ဖြစ်စဉ်မျိုး ရှိပါတယ်။

နောက်ထပ် ဝေဒနာတစ်ခုကတော့ လက်ရှိ အိုမင်းကာ သက်တမ်း ကုန်ဆုံးတော့မယ့် F-7, A-5 လေယာဉ်တွေနေရာမှာ အစားထိုး ၀ယ်ယူဖို့ အပူတပြင်း ဆောင်ရွက်နေရာ သက်တမ်းကုန်နေတဲ့ A-5 လေယာဉ်တွေကို အစားထိုးဖို့ အင်ဂျင် (၂) လုံးတပ် လေယာဉ်အမျိုးအစားသစ်ကို တရုတ်ကနေ ထပ်ဝယ်ဖို့ ဆွေးနွေးနေပြီး လေချုပ်ကို ၀ယ်ယူခွင့် အမိန့်ပေးထားပြီလို့ သိရကြောင်း၊ ၂၀၁၁ ခုနှစ်အတွင်း (၁၂) စီးထက်မနည်း ၀ယ်ရန် ပြင်ဆင်နေကြောင်း၊ သယ်ယူပို့ဆောင်ရေး လေယာဉ်အနေနဲ့ ရုရှကနေ AN-148 လေယာဉ် (၂) စီး ၀ယ်ထားပြီး သင်တန်းပြီးလို့ မကြာခင် သယ်လာတော့မယ့် အနေအထားမှာ တစ်စီးပျက်ကျတာ ဖြစ်ကြောင်း၊ ရဟတ်ယာဉ် အမျိုးအစားအသစ်များ ၀ယ်ယူ ဖြည့်တင်းဖို့ကို စိတ်မ၀င်စားသော Fighter မှ Fighter စိတ် ရှိနေတဲ့ လေချုပ်အပေါ် နားလည်ရ ခက်နေကြပါကြောင်း၊ ဘာလို့လဲဆိုတော့ Mi-24 (၈) စီးသည်လည်း မတတ်သာလို့ ၀ယ်ရသည့်တိုင် ပြည့်စုံသော စနစ်များ ပါမလာခြင်း၊ ထိုအုပ်အား ထားရန်နေရာ မသေချာ မရေရာဖြစ်နေခြင်းကြောင့် မိသားစုများ ဒုက္ခရောက်နေရခြင်းတို့ကလည်း ပြဿနာတစ်ရပ် ဖြစ်နေပါကြောင်း ရင်ဖွင့်လာပါတယ်။

နောက်ထပ် ရင်ဖွင့်ရမဲ့ ကုမရတဲ့ရောဂါ အပြင်းဆုံးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ယခုဖွင့်လှစ်နေတဲ့ စစ်ဦးစီး တက္ကသိုလ် အမှတ်စဉ် (၅၉) မှာ လေတပ်က ဒုဗိုလ်မှူးကြီး (၁၂) ဦး တက်ရောက်နေပါတယ်။ အဲဒီအရာရှိကြီးတွေထဲမှာ စစ်တက္ကသိုလ် အပတ်စဉ် DSA (၃၂) ဆင်းမှ အကြီးဆုံး ပါဝင်ပြီး DSA (၃၄) က အငယ်ဆုံး ပါဝင်ပါတယ်။ အခုလို အသက်အပိုင်းအခြား (လေတပ်အတွက်) သတ်မှတ်လိုက်တာကြောင့် ကျန် DSA (၃၁) ဆင်းနဲ့အထက် ဒုဗိုလ်မှူးကြီးတွေ အနေနဲ့ မျှော်လင့်ချက် မရှိတော့တာ တွေ့လိုက်ရပါတယ်။ အချို့ကိုလည်း အငြိမ်းစားပေးပစ်မယ်လို့ အသံတွေ ထွက်နေပြန်တာကြောင့် လေတပ်ထဲက အရာရှိတွေအနေနဲ့ မကျေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိပါတယ်။

No comments: