.

.

.

April 1, 2011

ထိပ်ပိုင်း တပ်မတော်ခေါင်းဆောင်များ သတင်း

ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်

စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်သို့ စစ်ရုံး အသိုင်းအဝိုင်းက တပ်မတော်အတွင်း ထိပ်တန်းခေါင်းဆောင်များ အပြောင်းအရွှေ့သတင်းကို ဆက်လက် ပေးပို့လာပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ဟာ နေပြည်တော် ဇဗ္မူသီရိရှိ မြေကွက် အကျယ်ကြီး တစ်ခုတည်း၊ ခြံဝင်း တစ်ခုတည်းမှာ အိမ်ကိုယ်စီဆောက်ပြီး ပြောင်းရွှေ့ နေထိုင်ရန် ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ဓာတ်ပုံများကို ဖြုတ်ရန် အမိန့် မပေးသေးကြောင်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းအား အတည်ပြု ရွေးချယ်လိုက်သလို စစ်တပ်ရဲ့ တတိယအဆင့် အကြီးဆုံး အရေးပါသော နေရာဖြစ်တဲ့ ညှိနှိုင်း ကွပ်ကဲရေးမှူးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအား ထပ်မံရွေးချယ် ခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့စဉ်က ရွှေဝါရောင် အရေးအခင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ထိုနေရာမှ ရာထူးတိုး၍ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်ခဲ့ကာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရေပန်းစားနေရာမှ ဒေါ်ကြိုင်ကြိုင်ရဲ့ ဗေဒင်ကိန်းခန်း စစ်ဆေးမှုအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ အရင်နေရာဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုသာ ရရှိသွားခြင်း ဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ (DSA - 20) ကျောင်းဆင်းဖြစ်ပြီး ကက (ကြည်း) တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် (လေ) နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) တို့အား ယခုအခါ ဗိုလ်ချုပ်ကြီး Officiating လစာ စတင်ခံစားစေပြီဖြစ်ကြောင်း သတင်း ပေးပို့လာပါတယ်။

No comments: