.

.

.

April 20, 2011

လွှတ်တော်ရုံးသို့ ပြောင်းရွေ့သွားသော အရာရှိကြီးများသတင်း


စစ်ရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်သို့ လွှတ်တော်ရုံးသို့ ပြောင်းရွေ့သွားတဲ့ အရာရှိကြီးများ သတင်းကို ပေးပို့လာပါတယ်။ လွတ်တော်ရုံးတွင် စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် ထောက်လှမ်းရေးစတဲ့ ကဏ္ဍများမှာ တာဝန်ပေးအပ်နိုင်ရေးအတွက် ဗျူဟာမှူးရာထူးနှင့် တူညီသော ဗိုလ်မှူးကြီးအဆင့် အရာရှိကြီး ခြောက်ဦးအား ရွေးထုတ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီအရာရှိကြီး ခြောက်ဦးကတော့ ပြန်လည် နေရာချထားရေး ညွန်ကြားရေးရုံးမှ ဒုတိယညွန်ကြားရေးမူး ဗိုလ်မှူးကြီးဌေးနိုင်၊ လွိုင်ကော် ဒကစမှ ဒုတိယ ဒကစမှူး ဗိုလ်မှူးကြီးတင်စိုး၊ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြများ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီးအောင်သူ၊ ဗိုလ်မှူးကြီးလှထွန်း၊ ဗိုလ်မှူးကြီးသက်ထွန်း၊ တပ်မ (၈၈) မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအံ့ဇော် တို့ဖြစ်ကြကြောင်း သတင်းရရှိပါတယ်။

No comments: