.

.

.

April 8, 2011

MiG 29 လေယာဉ် အသစ် ၁၂ စီး ထပ်မံ ရောက်ရှိ


လွန်ခဲ့တဲ့ရက်များအတွင်း စစ်ဖက်နဲ့ နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ အောက်ပါအတိုင်း ပေးပို့လာတာကို တင်ပြပေးလိုက်ပါတယ်။ နေပြည်တော်ကာကွယ်ရေးဝန်ကြီးဌာနမှာ ရှုပ်နေသော်လည်း ဘာအမိန့်မှ ထွက်မလာသေးပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဓါတ်ပုံ ဖြုတ်ရန် လိုမလို တိုင်းမှူး အချို့က တိုးတိုးတိတ်တိတ် မေးမြန်းနေသော်လည်း မည်သူမှ အဖြေ မပေးရဲသေးကြောင်း သိရပါတယ်။ MiG 29 လေယာဉ် အသစ် ၁၂ စီးဟာ တံတားဦးလေဆိပ်သို့ ဧပြီလ (၄) ရက်နေ့ ရောက်ရှိလာကြောင်း သိရပါတယ်။ လက်နက်စနစ်များလည်း အများအပြား ပါဝင်ကြောင်း သိရပါတယ်။ လောလောဆယ် အဲဒီလေယာဉ်များကို လကသ(ရှမ်းတဲ) တွင် ထားဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

No comments: