.

.

.

June 23, 2011

ကက(ကြည်း) လေးလပတ်အစည်းအဝေး ကျင်းပလျက်ရှိ

K.I.A

စစ်ရုံးအသိုင်းအဝိုင်းနှင့် စစ်ဘက်နီးစပ်သူများက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လေးလပတ်အစည်းအဝေး ကျင်းပလျက်ရှိကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ မကြာသေးမှီကလေး ကမှ ကြားဖြတ်သတင်း ပေးပို့လာပါတယ်။ ၂၀. ၆ .၂၀၁၁ ရက် တနင်္လာနေ့ ကတည်းကပင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မမှူးများနှင့် စကခမှူးများအားလုံး နေပြည်တော်ရောက်နေခဲ့ကြောင်း သတင်းရရှိပါတယ်။ အများပြည်သူများ သိရှိစေဖို့ တင်ပြလိုရာမှာ ကက(ကြည်း) လေးလပတ်ဟာ အရေးပါသော အစည်းအဝေးဖြစ်ပြီး နိုင်ငံတော်ရဲ့ မူဝါဒ၊ နိုင်ငံရေး၊ စစ်ရေး၊ ဆိုင်ရာများကို ဆုံးဖြတ်ချက်များချတဲ့ အစည်းအဝေးဖြစ်ပါတယ်။

D.K.B.A

ယခု ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ ထူးခြားချက်အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စတင်ရုံးထိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ သူ့အား စိန်ခေါ်နေတဲ့ ကိစ္စ သုံးရပ်ကတော့ KIA၊ SSA နှင့် DKBA ကိစ္စရပ်များပင်ဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ် သတင်းပေးပို့လာပါတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဖြင့် စစ်ကို ဆက်တိုက်ရမလား? အစိုးရအဖွဲ့သစ် အထူးသဖြင့် စစ်ရေးကိစ္စကို ကိုင်တွယ်ထားတဲ့ နိုင်ငံတော် ဒုသမ္မတ (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း) သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ဆူပူကြိမ်းမောင်းမှုကို ဆက်လက်ခံနေရမလား? ဆိုတာကတော့ အဲဒီ ကက(ကြည်း) လေးလပတ်ရဲ့ ဆုံးဖြတ်ချက်များအပေါ် စောင့်ကြည့်ရမှာဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

No comments: