.

.

.

June 18, 2011

ခွက်ပျောက် လေတပ်အရာရှိများ ကြားဖြတ်သတင်း

( ဓါတ်ပုံ - http://www.mmmilitary.blogspot.com )

ကက (လေ) မှ အရာရှိများရဲ့ အဆင့်တိုးမြှင့်မှု သတင်းအား လေတပ်နှင့်နီးစပ်သူ အသိုင်းအဝိုင်းက “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ စဉ်ဆက်မပြတ် သတင်းပေးပို့လျက် ရှိပါတယ်။ ကြားဖြတ်သတင်းအရ လေတပ်လက်အောက်ခံ စခန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်နေတဲ့ အရာရှိများအနက် စစ်တက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် D.S.A - 41/42 တို့မှ အရာရှိတချို့ရဲ့ တဆင့်မြှင့် Officiation ဗိုလ်မှုးအဆင့်တိုးမှာ သတိပေးဆုံးမ၊ ပြစ်မှု စတာတွေနဲ့ ကျန်ခဲ့သူများကိုပါ ယာယီဗိုလ်မှုးအဖြစ် တိုးမြှင့်တဲ့အမိန့် ထွက်လာခဲ့ကြောင်း သတင်းရရှိပါတယ်။ သို့သော် စက်မှုလက်မှုဌာနခွဲနှင့် Navigator. Signaler အရာရှိများမှာ ပြစ်မှုမရှိပဲ ကျန်နေသူများရှိနေလို့ အဲဒီအမှားမှာ အဆင့်တိုးတင်ပေးဖို့ ကကလေရဲ့ အမှားဖြစ်ကြောင်း သိရှိရပါတယ်။ အဲဒီကျန်ခဲ့သူများဟာ ဗိုလ်ကြီးအဆင့်တွင်သာ ရှိနေကြောင်း အပွင့် ထပ်တင်ပေးရန်လည်း မစဉ်းစားဟု သိရှိရလို့ မကျေမနပ် ဖြစ်နေကြကြောင်း သတင်းပေးပို့လာပါတယ်။

No comments: