.

.

.

July 17, 2011

K.I.A နှင့် စစ်တပ် မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ဇူလိုင် ၁၆ ရက် နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် မှာ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အနီးရှိ ၊ ခါယာ ( Hka Ya ) ကျေးရွာ တွင်စစ်တပ်မှ ခလရ ( ၅၆ နှင့် ၇၄ ) တို့နှင့် K.I.A စစ်တပ်တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်တွင် K.I.O မှ ခွဲထွက်သွားခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ်လက်ခံထားတဲ့ လဆန်အောင်ဝါ ( La Sang Aung Wa ) ရဲ့ စစ်သားများ ပူးပေါင်း ပါဝင်လာကြပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေရာ စစ်တပ်ဘက်မှ အနည်းဆုံး ၃ ဦး ကျဆုံးသွားကြောင်း ဂျိန်းဖေါ့ကဆာ ( Jing Hpaw Kasa ) မှ သတင်းပေးပို့ လာပါတယ်။


အလားတူ ဇူလိုင် ၁၆ ရက် မှာပင် လိုင်ဇာ အနီးရှိ ခါယာ (Hka Ya ) ကျေးရွာ တဝိုက်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်မှ စကခ ( ၂၁) လက်အောက်ခံ တပ်ရင်း တစ်ရင်းမှ ဗိုလ်မှူး စိုးနိုင်ဝင်း နှင့် ဗိုလ်မှူး အောင်နိုင်ဝင်း တို့ ဦးဆောင်တဲ့ စစ်ကြောင်း ( ၁ ၊ ၂ ) အား K.I.A မှ တပ်ရင်း ၂၅ ဟာ ပြည်သူ့ စစ်အဖွဲ့တို့ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်တပ် ဘက်မှ အနည်းဆုံး ၁၀ ယောက်ကျဆုံး သွားပြီဖြစ်ကြောင်း ဂျိန်းဖေါ့ကဆာ ( Jing Hpaw Kasa ) မှသတင်းပေးပို့လာပါတယ်။

No comments: