.

.

.

July 25, 2011

“တိုင်” ပတ်နေတဲ့ လေချုပ်

တပ်မတော်(လေ)မှ F-7 တစီး ပျံသန်းရန် အရှိန်ယူနေပုံ

ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ ဇွန်လက Bangladesh နိုင်ငံသို့ သွားရောက်ခဲ့ရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အတွင်းရေး လျှို့ဝှက် သတင်းများကို လေတပ်နှင့် နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ တရုတ်တွေဟာ မြန်မာနိုင်ငံကို သဘောထားကြီးလေဟန် လေယာဉ်များ၊ တင့်ကားများ၊ စစ်ရေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ဗုန်းဗလော ဖေါဖေါသီသီ ပေးခဲ့ပေမဲ့ ခပ်ညံ့ညံ့ပစ္စည်းတွေ ဖြစ်နေတာမို့ တပ်မတော်အဖို့ ဒုက္ခ အကြီးအကျယ်ရောက်ခဲ့ပါတယ်။ တရုတ်လုပ် တိုက်လေယာဉ်များ ဖြစ်တဲ့ F-7 နဲ့ A-5 လေယာဉ်တွေရဲ့ အပိုပစ္စည်းတွေကို တရုတ်က မပေးတော့ကြောင်း သိရှိပါတယ်။ လေချုပ်က Bangladesh ကို သွားရောက်ခဲ့စဉ်က F-7 နဲ့ A-5 ကို Bangladesh လေတပ်မှာ ဘယ်လိုလုပ်နေသလဲ ဆိုတာ မေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒါအပြင် ရုရှားရဲ့ ခေတ်မှီဂျက် တိုက်လေယာဉ် Mig-29 ကိုလည်း ပြုပြင်ထိန်းသိမ်းမှု နည်းလမ်းတွေကို မေးခဲ့တယ်လို့ သိရပါတယ်။ လေချုပ်ဟာ တရုတ်လေယာဉ် အပိုပစ္စည်းတွေနဲ့ တိုင်ပတ်နေပြီး သောကဖြစ်နေတယ်လို့လည်း သိရပါတယ်။ အလားတူ တရုတ်လေယာဉ်မဟုတ်သော်လည်းဘဲ ပျံသန်းချိန် နာရီ သက်တမ်းကုန်နေတဲ့ ဆွစ်ဇာလန်နိုင်ငံလုပ် PC-7 နဲ့ PC-6 လေယာဉ်တွေ အတွက် အပို ပစ္စည်း ရရှိရေး ကြားပွဲစားရှာရန်လည်း ဒီခရီးစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ သတင်းပို့လာပါတယ်။

No comments: