.

.

.

July 22, 2011

K.I.A မှ စစ်တပ်ကို ဆက်လက်ချေမှုန်းနေတဲ့တိုက်ပွဲသတင်း ( Breaking News )

K.I.A အမျိုးသမီး စစ်သည်

ဇူလိုင် ၁၆ ရက် နှင့် ၁၇ ရက် နေ့ ခါယာ ( Hka Ya ) ရွာနှင့်၊ မဒီယာန် ( Madi Yang ) ရွာတို့မှာ တိုက်ပွဲဖြစ်ပွားလို့ ပိတ်မိနေတဲ့ တပ်ရင်းတွေကို ကူညီဖို့စစ်ကူ ချီတက်လာတဲ့ စစ်တပ်မှ စစ်ကြောင်း တစ်ကြောင်းအား K.I.A တပ်မတော် က ဝင်တိုက်ရာ စစ်တပ်ဘက်မှ နမ်ဆန်ယာန် အထက်တန်းကျောင်း တွင် ဒဏ်ရာရသူ အပြည့်ဖြစ်သွားကာ၊ အနည်းဆုံး စစ်တပ်ဘက်မှ ၃၀ ကျဆုံး သွားပြီဖြစ်ကြောင်း ဂျိန်းဖေါ့ကဆာ ( Jing Hpaw Kasa ) မှ သတင်း ပေးပို့လာပါတယ်။

ဇူလိုင်လ ၁၈ ရက် ခါယာ (Hka Ya ) စစ်ပွဲမှာ စစ်တပ်နှင့် K.I.A တပ်မတော် တို့အကြား စစ်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်မှ ဗိုလ်ကြီး ၁ ယောက် ဒုဗိုလ် ၁ ယောက် နှင့် စစ်သား ၉ ယောက် ထက်မနည်း အရှင်ဖမ်းမိကြောင်း၊ စစ်တပ်မှ လက်နက် များကိုလည်း သိမ်းဆည်းရကြောင်း၊ အမျိုးအစား စုံစမ်းဆဲ လက်နက် ကြီး ၂ လက်၊ BA - 103 လောင်ချာတွဲ ၂ လက်အပါအဝင် M.A Series လက်နက်ငယ်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ကျဆုံးသူ အလောင်းအများကြီတွေ့ရကြောင်း၊ စစ်ကြောင်း တစ်ကြောင်းလုံးကို K.I.A ဘက်မှ တိုက်ခိုက် နိုင်ခဲ့ကြောင်း၊ အခုချိန်မှာစစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်များအခြေပြုရာ ဒေသများအတွင်းစည်းကို K.I.A တပ်မတော်က ထိုးဖောက်လာပြီဖြစ်ရာ ကချင်ပြည်နယ် ဝိုင်းမော်မြို့ အနီး အောင်မြဲ (၁) ရွာ နှင့် အောင်မြဲ (၂) ရွာတို့တွင် ဗိုလ်မှူးကြီး လစော့ ( Du Kaba La Tsaw) ဦးဆောင် K.I.A တပ်နှင့် စစ်တပ်တို့ ဆက်လက် တိုက်ပွဲဖြစ်နေပြီဖြစ်ကြောင်း ဂျိန်းဖေါ့ကဆာ (Jinghpawkasas ) မှ ဆက်လက် သတင်းပေးပို့လာပါတယ်။

No comments: