.

.

.

May 16, 2008

ပန်းရည်စုပ် ငှက်များ

ဒီပုံပြင်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်.......

ပန်းရည်စုပ်ငှက်ဆိုတာ ခန္ဓာကိုယ်အရှည်ကတစ်ဆယ် စင်တီမီတာထက်

ငယ်ပြီးတော့အလွန်လှပပါတယ်။အရောင်စုံတဲ့ နေရောင်ခြည်

ချည်မျှင်များနဲ့  ရက်ထားသလို အလွန်လှပရွှန်းစိုတဲ့ သက်တန့် ရောင်စုံ အမွှေးတွေက

သူတို့  ကိုယ်ကို ဖုံးအုပ်ထားပါတယ်။ အဲဒီငှက်တွေဟာတောက်ပတဲ့ တောင်ပေါ် ပန်းတွေ

ကြားမှာရဟတ်ယာဉ်တွေလို ရစ်ဝဲနေ

ကြပါတယ်။ ပန်းမျိုးစေ့ အိမ်ထဲကို အပ်သွားပုံ သူတို့ ရဲ့  နှုတ်သီးတွေကို ထိုးသွင်းပြီး ပန်းဝတ်

ရည်များအား စုပ်ယူနေတာကို မြင်တွေ့ ရပါတယ်။

မင်ဂွမ်းနွန်းရွာ နောက်ကျောမှာ ကြည်လင်တဲ့ ချောင်းရေက စီးဆင်းနေပါတယ်။ ချောင်း

နံဘေးမှာတော့ အရွက်တွေ ထူထပ်သိပ်သည်းစွာ ပေါက်နေတဲ့ သရက်ပင်ကြီး တစ်ပင်ရှိပါ

တယ်။သေးငယ်တဲ့ ပန်းရည်စုပ်ငှက်အပေါင်းတို့  ကြီးစိုးရာ နယ်မြေဖြစ်ပြီး သစ်ကိုင်းအားလုံး

နီးနီး ပေါ်မှာ ရွံ့  နဲ့  မြက်ပင်တွေနဲ့  ဖန်တီးထားတဲ့ ငှက်သိုက်တွေက တစ်ခုနဲ့  တစ်ခု လက်မ

အနည်းငယ် စီသာ ခြားပြီး အစုအပြုံလိုက် ရှိနေကြပါတယ်။ မနက်လင်းရင် ငှက်အုပ်ကြီးဟာ

ကောင်းကင်ပေါ်မှာ လှပတဲ့ သက်တန့် ပုံ ဖွဲ့ ပြီး အစာရှာ ထွက်ကြပါတယ်။ ညနေ ဆည်းဆာ

ငှက်အုပ် ပြန်နားတဲ့ အခါ သစ်ပင်ကြီးတစ်ခုလုံး ရောင်စုံ ဖုံးအုပ်သွားပါတယ်။ ပန်းရည်စုပ်

ငှက်ဥတွေ သားပေါက်ချိန်မှာတော့ ငှက်ဖိုတွေက ပြန်ထွက်သွားလိုက် ပြန်ဝင်လာလိုက်နဲ့ 

အသိုက်ရှေ့ မှာ နားနေတဲ့ ငှက်မတွေကို အစာ ခွံ နေကြပါတယ်။

ကျွန်တော်ဟာ စမ်းချောင်းလေး နံဘေးမှာ ရေဆင်းချိုးနေတုန်း ရုတ်တရက် ငှက်တွေရဲ့  အလန့် 

တကြား စူးစူးရှရှ အော်သံတွေ ကြားလိုက်ရပါတယ်။ ကျွန်တော် ကြည့်လိုက်တော့ တောကြီး

မြွေဟောက် တစ်ကောင်ဟာ သစ်ပင်ပေါ်တက်ပြီး သစ်ပင် အထွတ်ထဲ ၀င်သွားတာ မြင်လိုက်

ရပါတယ်။ ၆ မီတာလောက်ရှည်ပြီး ကြီးထွားကာ သန်မာတဲ့ခန္ဓာကိုယ်နဲ့  လျှင်မြန်စွာလှုပ်ရှား

နိုင်လို့  ကျား၊ ကျားသစ်လို ကြမ်းကြုတ် ရက်စက်တဲ့ သတ္တ၀ါများတောင် တောကြီး

မြွေဟောက်ကို ဝေးဝေးက ရှောင်ရှား ကြောက်ရွံ့  ကြရပါတယ်။ လူကို ပေါက်မိရင် တစ်နာရီ

မပြည့်ခင် အသက် ပျောက်သွားတတ်ပါတယ်။ ကျွန်တော်လည်း အရွက် ဖားဖား ကြီးတွေ

အောက်မှာ ကမန်းကတန်း ပုန်းပြီး အပေါက် သေးသေးလုပ်ကာ ချောင်းကြည့်နေမိပါတယ်။

တောကြီး မြွေဟောက်ဟာ ပင်မြင့်က သစ်ကိုင်း တစ်ကိုင်းမှာ အမြီးကို ချိတ်၊ လေထဲမှာ ဆိုင်း

ဆွဲ ပြီး တန့်  နေတာ တွေ့ ရပါတယ်။ ဦးခေါင်းကို ပတတ် ရပ်၊ ပါးပျဉ်း ကို ပြန့် ကားထားပြီး

ခရမ်းရောင် လျှာ ကလည်း ဆတ် ကနဲ ထွက်လာကာ ငှက်သိုက်တွေထဲကို လှစ်ကနဲ ငှက်ဥ

တစ်လုံးပြီး တစ်လုံး နှိုက်ယူ စားသုံးနေပါတော့တယ်။

ပရိဒေ၀မီး တောက်နေကြတဲ့ ငှက်မတွေဟာ သူတို့ ရဲ့  အသိုက်ဝန်းကျင် သစ်ပင်ပတ်လည်မှာ

ပျံဝဲ ကာ အော်မြည်နေကြပါတယ်။ မကြာမီ ပန်းဝတ်ရည် စုဆောင်းရာမှ ရောက်လာတဲ့ ငှက်

ဖိုတွေဟာ တိမ်စိုင်တစ်ခုပမာ သစ်ပင် ကြီး အပေါ်မှာ ပျံဝဲရောက်ရှိလာကြပါတယ်။ ငှက်အချို

ဟာ သစ်ပင်ထိပ်ဆီကို ကျွမ်းထိုး ချကြပါတယ်။ တချို့ က တောကြီး မြွေဟောက်ရဲ့  ရက်စက်

ကြမ်းကြုတ်မှုကို စူးစူးဝါးဝါး ကြည့်ကာ လေထဲမှာ ပျံဝဲ ငိုယိုနေကြသလို မြင်တွေ့ နေရပါ

တယ်။သနားစရာ ကောင်းလှတဲ့ ငှက်ကလေးတွေဟာ သူတို့ ရဲ့  ဥ ကလေးတွေ သားပေါက်

ကလေးတွေ ၀ါးမြို ခံနေရတာကို ကြည့်ပြီး ပြန်ခုခံဖို့  အားနည်းလှလို့  ဘာမှ မလုပ်နိုင်ဘဲ

မကျေမနပ် ငိုယိုနေကြပေါ့လို့  ကျွန်တော်က တွေးနေမိပါတယ်။ သစ်ပင် ဘယ်ဘက်ပိုင်းက

ငှက်သိုက်တွေလည်း ဟောင်းလောင်းဖြစ်သွားကာ တောကြီး မြွေဟောက်က ညာဘက်က

အပိုင်းကို ခေါင်းလှည့်လိုက်ပါတယ်။

တောကြီး မြွေဟောက်နဲ့  အမြင့်ချင်းတူရာ လေထဲမှာ ပျံဝဲနေတဲ့ အမြီးနှစ်ခွနဲ့  ပန်းရည်စုပ်

ငှက်တစ်ကောင်ဟာ ရုတ်တရက် အမြင့်ကို ပျံတက်သွားပါတယ်။ အတောင် နှစ်ဖက်ကို မြဲမြံ

စွာ သိမ်းသွင်းပြီး မြွေဟောက်ရဲ့  ခေါင်းတည့်တည့်ကို ထိုးစိုက် ဆင်းသက်လိုက်ပါတယ်။

ရှည်လျားတဲ့ အသံကို ပြုပြီး အပ်ချွန် ပုံ နှုတ်သီးနဲ့  မြွေဟောက် မျက်လုံးကို ထိုးဖောက်ဖို့ 

ရည်ရွယ်ပေမဲ့ မြွေဟောက် ဦးခေါင်းကို ရောက်ဖို့  တစ်မီတာ အလိုမှာ မြွေဟောက်က ပါးစပ်

ပေါက်ကို ဖြဲဟထားလို့  ကြီးမားတဲ့ ညှို့  ဓာတ် က ဆွဲယူလိုက်သည့် နှယ် ငှက်ကလေး ခမျာ

မြွေဟောက်ရဲ့  မဲမှောင်တဲ့ အာခံတွင်းထဲ ကျဆင်းသွားရပါတယ်။ မိမိတို့ ရဲ့  ဥတွေကို အကာ

အကွယ်ပေးဖို့ အသက်စွန့်  ဖို့  ကြိုးစားတဲ့ ငှက်ကလေးတွေရဲ့  သနားစရာ အဖြစ်ကို ကြည့်ပြီး

ကျွန်တော် ခံစားရပါတယ်။ တခြား ပန်းရည်စုပ်ငှက် တစ်ကောင်လည်း အပေါ်ကို ပျံတက်

သွားပြီး မြွေဟောက်ရဲ့  ဦးခေါင်း တူရူ သို့  ထိုးစိုက်ချပြီး ပထမငှက်ရဲ့  နမူနာအတိုင်း

လိုက်လုပ် ပြန်ပါတယ်။သူလည်း မြွေဟောက်ရဲ့  ၀မ်းဗိုက်တွင်းနက် ကြီးထဲ ဆွဲယူခြင်း ခံလိုက်

ရပါတယ်။ မြွေဟောက် ကြီးဟာ ရာဂစိတ် နိုးကြား တက်ကြွပြီး ခေါင်းတရမ်းရမ်း လျှာ တန်း

လန်းနဲ့  ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ အဲဒီအခါမှာ သူရဲကောင်း စိတ်နဲ့  စွန့် လွတ်

အနစ်နာခံစိတ်များ ငှက်အုပ်အတွင်း ပျံ့ နှံ့ သွားသလို ငှက်တွေအားလုံး အကုန်နီးပါး အပေါ်

ကို ပျံတက်လိုက်ကြပါတယ်။ မြွေဟောက်ရဲ့  ဖွင့်ထားတဲ့ ပါးစပ်ပေါက်နဲ့  ကောင်းကင်အကြား

ရောင်စုံ အဖွဲ့ ကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။ ငှက်တွေဟာ နှစ်ကောင်တွဲ၊ သုံးကောင်တွဲ၊

မြွေဟောက်ရဲ့  ဦးခေါင်းတည့်တည့် ထိုးစိုက် ချလိုက်ကြပါတယ်။

ပန်းရည်စုပ်ငှက်တွေ မြွေဟောက်ရဲ့  ပါးစပ်ပေါက်မှ ၀မ်းဗိုက်ထဲ ဘယ်နှစ်ကောင် ကျရောက်

သွားတာ ကျွန်တော် တိကျစွာမရေတွက်နိုင်တော့ပါ။ မြွေဟောက်ဝမ်းဗိုက်ကြီးလဲ လည်ပင်း

ကြီး ရောဂါလို ဖောင်းကားကာ နောက်ဆုံးမှာ ပြည့်လွန်းမက ပြည့်လာလို့  ပါးစပ်ပိတ်သွားပါ

တော့တယ်။ နှောင့်နှေးခြင်း မရှိဘဲ ပန်းရည်စုပ်ငှက်နှစ်ကောင်ဟာ မြွေဟောက်ခေါင်းကို ထိုး

နှက်လိုက်ပါတယ်။ အပ်ချွန်လို နှုတ်သီးတွေနဲ့  မြွေဟောက်ရဲ့  မျက်လုံးအစုံကို ထိုးဖောက်

လိုက်ပါတယ်။တောကြီးမြွေဟောက် သဲကြီးမဲကြီး လှုပ်ရှားနေတာ တွေ့ လိုက်ရပါတယ်။

နာကျင်ဒေါသအိုး ပေါက်ကွဲ နေပြီး တစ်ချက်ပေါက်လိုက်ရာ ငှက်နှစ်ကောင် မြွေဟောက်

ပါးစပ်ထဲ ရောက်သွား ပြန်ပါတယ်။ တုန်လှုပ်ကြောက်ရွံ့  သွားဖို့  နေနေသာသာ ငှက်တွေဟာ

တိုက်ပွဲကို အရှိန်မြှင့်လိုက်ပါတယ်။ မြွေဟောက်ရဲ့  ခေါင်းပေါ်ကို ငှက်မိုး ရွာချလိုက်သလို မြွေ

ဟောက်ရဲ့  မျက်ခွံ မဲ့နေတဲ့ အားနည်းချက်နေရာ မျက်လုံးအစုံအား ထိုးဖောက်လိုက်ကြပြန်ပါ

တယ်။ မြွေဟောက်ရဲ့  မျက်လုံးအစုံက သွေးတွေ စထွက်လာပြီး နောက်ဆုံးမှာ ငှက်တွေရဲ့ 

ကြောက်စရာကောင်းတဲ့ စည်းလုံးညီညွတ်စွာ ထိုးနှက်တိုက်ခိုက်မှုကို မရှောင်ရှားနိုင်တော့ဘဲ

ဦးခေါင်းနိမ့်ကျသွားကာ သစ်ပင်ပေါ်က လျှောဆင်းသွားပါတော့တယ်။ ပါးပျဉ်းလည်း ပျော့

ကျသွားပြီး အနိုင်ကျင့်မှုလည်း ချုပ်ငြိမ်းသွားပါတော့တယ်။ သူ့ အပေါ် ငှက်တွေက အုံကျင်း

ဖွဲ့  နားလိုက်ကြပြီး ဦးခေါင်းကို ကြောက်မက်ဖွယ်ရာ ထိုးဖောက်နေရာ မြွေဟောက်လည်း

ဝက်ရူးပြန်နေသူလို တွန့် လိမ်နေပါတယ်။ နောက်ဆုံး မြေပြင်ပေါ် ဘုတ်ကနဲ မြည်ကာ ကျ

သွားပါတော့တယ်။ မသေတသေ ဖြစ်နေတဲ့ မြွေဟောက်အပေါ်မှာ ငှက်အုပ်ဟာ ငှက်စောင်

ခြုံသလို အောင်ပွဲခံလိုက်ပါတော့တယ်။ ငှက်ကလေးတွေရဲ့  စည်းလုံးညီညွတ်မှုကြောင့် မြွေ

ဟောက်ဟာ ဆွေးမြေ့ နေတဲ့ ကောက်ရိုးကြိုးတစ်ချောင်းလို မြေကြီးပေါ်မှာ အသက်ပျောက်

သွားရပါပြီ။ မြွေဟောက် အသေကောင်ရဲ့  ပတ်လည်မှာတော့ ပန်းပွင့်ကြွေတွေ ကြဲဖြန့် ထား

သလို ရောင်စုံငှက်သေတွေဟာ ပြန့် ကျဲ နေပါတော့တယ်။ လှပပြီး သေးငယ်တဲ့ သတ္တ၀ါငှက်

ကလေးတွေမှာ ရဲရင့်တဲ့ အသည်း မရှိဘူးလို့  မထင်လိုက်ကြပါနဲ့ ။ ဒီပုံပြင်ကို ဖတ်ရူပြီး တစ်စုံ

တစ်ခု ခံစား ကျန်ရစ်နိုင်ပါစေ။

ခင်မြင့်အောင်

1 comment:

nargis said...

so touching... great one!