.

.

.

July 18, 2008

နအဖ နယ်စပ်မှာ ဘာတွေ လှုပ်ရှားနေလဲ (ထိုင်း-မြန်မာနယ်စပ် နအဖတပ်စခန်းများသို့ ရုရှားပညာရှင်များ ရောက်ရှိ နောက်ဆက်တွဲ သတင်း)

စစ်ဖက်နီးစပ်သူများက သတင်းပေးပို့လာချက်အရ တနသာင်္ရီတိုင်း ရေဖြူမြို့နယ်သို့ ရုရှား အမြောက်နှင့် လေယာဉ်ပစ် ကျွမ်းကျင် စစ်ဖက်ပညာရှင် (၄) ဦး ဇူလိုင်လ (၁၂) ရက်နေ့ ညပိုင်းမှာ ရောက်ရှိလာတဲ့ လေကြောင်းကာကွယ်ရေးတပ်ရင်းမှာ အမှတ်(၃၀၃၁) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း ဖြစ်ကြောင်း။ ၄င်းတို့က တပ်ရင်းမှူးနဲ့ အတူ မေတ္တာမြို့နယ်ခွဲ ကျောက်ကညာ ကျေးရွာ၊ ဆင်ဖြူတိုင် ကျေးရွာ၊ ထီးတောကျေးရွာ၊ မောထာကျေးရွာ၊ ထောင်းမဖြိုးကျေးရွာအနီး ရင်ကွဲတောင်အဆင့်မြင့် လေကြောင်း ကာကွယ်ရေး အမြောက်စခန်း စသည့် စခန်းများကို လှည့်လည်စစ်ဆေး ပြင်ဆင်ပေးခဲ့ကြောင်း၊ ထိုင်းမြန်မာ နယ်စပ်တလျှောက် လေကြောင်းရန် ကာကွယ်ရေးနဲ့ ရှေ့တန်းစစ်ဆင်ရေး အထောက်အကူပြု အမြောက်စခန်း (၁၄) ခုကို တည်ဆောက်ထားပြီး အဲဒီစခန်းတွေမှာ မြေပြင်က ဝေဟင်ပစ် HN-5 အမျိုးအစား နဲ့ HN-2 အမျိုးအစား၊ မြေပြင်က ဝေဟင်ပစ် ဒုံးလက်နက်တွေအပြင် 12.7mm လေယာဉ်ပစ် စက်သေနတ်ကြီးများ၊ မြေပြင်က မြေပြင်ပစ် 106mm, 107mm ဒုံးပစ်လက်နက်တွေနဲ့ 120 စိန်ပြောင်းကြီးတွေနဲ့ အတူ ကွန်ပြူတာ၊ အီလက်ထရွန်နစ် ပါရှိသော ရေဒါများလည်း တပ်ဆင်ထားကြောင်း သတင်းရရှိပါတယ်။

HN-5

မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းတို့တွင် နအဖက ဖွင့်လှစ်သွားသော လေကြောင်း ကာကွယ်ရေးတပ်မမှာ မြိတ်တွင် အခြေပြုသော အမှတ် (၂) လေကြောင်းရန်ကာကွယ်ရေးစခန်းဌာနချုပ် ဖြစ်ပြီး လက်အောက်ခံ တပ်များမှာ အမှတ်(၃၀၃၉) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (မလိဝမ်း-ကော့သောင်း)၊ အမှတ် (၃၀၂၆) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (က၀ဲ-မြိတ်)၊ အမှတ် (၃၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း (ကျောက်ကညာ-ရေဖြူ) တို့ဖြစ်ကြပြီး သထုံတွင် အခြေပြုသော အမြောက်တပ်မမှာ အမှတ်(၆၀၆) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ) တို့ဖြစ်ပါတယ်။


Tor M1 9M330 Air Defense System

၂၀၀၆ ခုနှစ် ဧပြီလပထမပတ်အတွင်း မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီးမောင်အေး ခေါင်ဆောင်တဲ့ အဆင့်မြင့် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ် ခဲ့စဉ် ရုရှားနိုင်ငံက နအဖစစ်အစိုးရကို Tor M-1 နဲ့ Buk M 1-2 အမျိုးအစား အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ရောင်းချပေးဖို့ သဘောတူခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ရုရှားနိုင်ငံရှိ ဒုံးပျံဆိုင်ရာ သင်တန်း၊ အီလက်ထရွန်နစ် ဆိုင်ရာ သင်တန်း၊ လေယာဉ် တည်ဆောက်မှု ဆိုင်ရာ သင်တန်း၊ အမြောက်ဆိုင်ရာ ပစ်ခတ်မှု၊ တည်ဆောက်မှု၊ ကွပ်ကဲထိန်းချုပ်မှု ဆိုင်ရာ သင်တန်း၊ ကွန်ပြူတာ ဆိုင်ရာ အထူးပြု သင်တန်း အပါအ၀င် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများသို့ စစ်ပညာသင် စေလွှတ်ထားသော နအဖစစ်တပ်မှ အရာရှိများအနက် လေကြောင်းရန် ကာကွယ်ရေးသင်တန်းဆင်း အရာရှိများကို လေကြောင်းကာကွယ်ရေး တပ်မများသို့ ဖြည့်တင်း စေလွှတ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။



စာဖတ်သူများ အသိပညာ ဗဟုသုတ ရနိုင်ရန် Buk M 1-2 အကြောင်း အင်္ဂလိပ်လို ရေးသားထားတာကို ဖော်ပြပေးလိုက်ပါတယ်။
Buk-M1-2 (Air defence missile system)

“Defence capability of the country is the most important element. To move with the times, we need to buy new arms, complexes or modernise the military hardware we are armed with now. We will buy what we need, but modernisation should become the main direction,” Alyaksandr Lukashenka said today during his visit to the State Military-Industrial Committee of Belarus.

He added that “Belarus will modernise its armament and hardware, but won’t refuse from buying new models,” Interfax reports.

In Lukashenka’s opinion, “if we learn how to do it ourselves, we can render services in places, where these arms and hardware are in operational service.”

But it was found out that Belarusian MIC hasn’t yet learnt how to modernise. Lukashenka slashed the committee representatives for failure the terms of modernisation of air defence missile system BUK, and said he had doubts whether it was necessary to go on works of its modernisation. “Time passed, but you have failed with terms,” he said.

According to Lukashenka, the decision on its modernisation and overhaul was taken yet in 2004. “It can be very quality weapon if it is modernised. It’s what our military forces need,” Lukashenka said. He also noted that “the modernisation made by Russia is old and doesn’t meet our demands.”

Lukashenka said the terms of modernisation were extended from time to time, according to the last request, it was offered to extend terms of air defence missile system modernisation till the end of 2007. But “it was found out that even a modernised model isn’t ready for fielding,” Lukashenka said.

In this connection a commission has been created whose duty is to conclude whether it is purposeful to continue works on the system modernisation.

urther development of the air defense system elaboration was the `BUK` complex. The air defense missile system `BUK` consisted of the circular surveillance radar (detection and target designation station), the control post, six self - propelled firing units and three launching - loading units. The main requirements for the new complex were: simultaneous hitting of six targets, target detection range of not less than 100 kilometers, the hitting zone -the range from 3 to 30 km. and the altitude from 25 meters to 18 kilometers. A.A.Rastov was appointed chief designer. For the first time in the home practice the mobile multipurpose air defense complex was created, the software of which allowed to solve tactical tasks. The placing of a multi - functional radar, a six missiles launcher, control and communication equipment on the self - propelled chassis gave the opportunity for the autonomous work of the firing unit on target detection, tracking and hitting. The control post equipment provided with the calculating analysis of the air situation in the air defense complex coverage zone, the self - propelled unit condition control and target distribution according to the weapon channels, based on the data from the detection and targeting station. The whole work was held in automatic, semiautomatic or manu-al regimes. In 1979 `BUK` was accepted for armament in the Soviet Army. The technical potential of the `BUK` complex allowed to accomplish the optimization of characteristics with minimal upgrade of the equipment. The air defense complex `BUK M - 1`, accepted to armament in 1983, provided the targets hitting zone of 3 - 35 kilometers of range; 0,015 - 22 kilometers of altitude, and also the hitting of cruise missiles and hover helicopters.

2 comments:

sawthanlwin said...

Sadam Husein also bought alot of military weapons and jet fighter, better than MM junta bought but everyone know what is the result.....

Cypher said...

ဒီသတင်း တစ်ကယ်မှန်တယ်ဆိုရင် ကောင်းတဲ့ သတင်းပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ အရမ်းကို ခေတ်နောက်ကျပြီး ထိရောက်မှု မရှိပါဘူး။ နိုင်ငံတကာမှာ လေကြောင်းရန် ကာကွယ်ရေး ရေဒါတွေဟာ နိုင်ငံနယ်နိမိတ် တစ်ခုလုံးသာမက အိမ်နီးချင်းနိုင်ငံရဲ့ နယ်စပ်နေရာတွေအထိ လွှမ်းခြုံမိပါတယ်။ မြန်မာနိုင်ငံ ကတော့ ဒီလိုဖြစ်ဖို့ အများကြီး လိုအပ်ပါသေးတယ်။ နယ်စပ်ကို ပြင်ပကို လေယာဉ်တွေ ခိုးဝင်လာမယ် ဆိုရင်တောင် သိရှိနိုင်ဖို့ ခက်ခဲပါတယ်။ ဥပမာနဲ့ ပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်မယ် ထင်ပါတယ်။ မိတ္ထီလာလေတပ်စခန်းက အမောင်းသင် လေယာဉ်တစ်စင်း ပျက်ကျတဲ့အခါ အဲဒီလေယာဉ်ရဲ့ တည်နေရာကို ရှာဖို့ အိမ်နီးချင်းနိုင်ငံရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ အခုလို လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ အဆင့်မြှင့်တင်နိုင်မယ်ဆိုရင်တော့ နိုင်ငံ လေပိုင်နက် ကာကွယ်ရေးအတွက် သတင်းကောင်း ဖြစ်နိုင်ပါတယ်။