.

.

.

December 14, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၁၀)

ဗိုလ်ခင်မောင်သန်းရဲ့  ကတော် ဒေါ်မာလာတင့် အနေနဲ့ အိမ်တော်ကြီး အ၀င်အထွက်အတွက် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်ခွင့် ရသွားသူ ဖြစ်ခဲ့ပါတယ်။ သူမရဲ့  ယောင်္ကျား ဗိုလ်ခင်မောင်သန်းကို ယနေ့ ထက်တိုင် မကြီးမငယ်နဲ့ ``ကိုကို´´ လို့သာ လူရှေ့ သူရှေ့  မရှောင် ခေါ်ဝေါ်ပြီး လင်တော်မောင် နေရာ ရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းသူ အဖြစ် စစ်တပ် အသိုင်းအ၀ိုင်းအတွင်း နံမည်ကြီးခဲ့သူ ဖြစ်ပါတယ်။

အကြင်နာ အပြည့် နဲ့ ချစ် ယောင်္ကျား ဗိုလ်ခင်မောင်သန်းအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့တဲ့အပြင် လူရှေ့ သူရှေ့  တောင် မရှောင်ဘဲ ``ကိုကို´´ လို့ မကြီးမငယ် ခေါ်တဲ့ ဒေါ်မလာတင့်

ဆရာကောင်း တပည့် ပန်းကောင်းပန် ဆိုသလို သူမရဲ့  သမီး ဟာလည်း လင်ကောင်မပေါ် ဗိုက်ထွက်ခဲ့ပြန်ရာ ထုံးစံအတိုင်း စစ်ဗိုလ် လဒူ တစ်ဦးနဲ့ ဖိအားပေး အကြပ်ကိုင် ဖမ်းပေးစား ခဲ့တဲ့ ကိစ္စမှာလည်း နံမည်ကြီးခဲ့ပါတယ်။ သူမနဲ့ အပြိုင် ကစထမှူး ကတော်တစ်ဦး ဖြစ်ခဲ့တဲ့ ဒေါက်တာ တင်လင်းမြင့်ဟာလည်း ခေသူ မဟုတ်ဘဲ အမျိုးသား ညီလာခံ ကျင်းပရာ ညောင်နှစ်ပင်ရှိ Beauty Saloon အလှပြင်ဆိုင်မှာ အချိန်ပြည့် သွားရောက် အလှပြင် နေခဲ့ပြီး ``မမ´´ လို့ ခေါ်မှ ကြိုက်တဲ့ မိုးထိအောင် လှေကားထောင်နေသူ အာဏာရှင် ကတော်ကြီးတွေအဖြစ် အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြတာကို တွေ့နေရလို့ အောက်ခြေက စစ်တပ် အသိုင်းအ၀ိုင်း အနေနဲ့ ချို့ တဲ့ နေရတဲ့အတွက် ကြည့်ရတာ အော့နှလုံး နာစရာ ဖြစ်နေရပါတယ်။

ဗိုလ်ခင်မောင်သန်းဟာ တပ်မ (၁၁) တပ်မမှူး ဖြစ်လာတဲ့အခါ လှေသဘင်ပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌရာထူး လိုချင်နေရာ ထိပ်ပိုင်းအာဏာရှင်တွေ ဖြစ်နေကြတဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့ အကြား မကျေမလည် ဖြစ်ခဲ့ရတာလေးလည်း တင်ပြပါဦးမယ်။


ဗိုလ်ခင်ညွှန့်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရေတပ်က ဌာနချုပ်မှူး တစ်ဦးကိုသာ လှေသဘင်ပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်လိုခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေကတော့ သူ့ရဲ့  မဟေသီ ဒေါ်ကြိုင်ကြိုင်ကို အစွမ်းကုန် ``ဖား´´ ထားတဲ့ ဒေါ်မာလာတင့်ကြောင့် ဗိုလ်ခင်မောင်သန်းကိုသာ မဆီမဆိုင် လှေသဘင်ပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုတာကြောင့် ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့ သဘောထား ကွဲလွဲကာ အသေးအဖွဲလေးက အစ မကျေမလည် ဖြစ်ခဲ့ရပါတယ်။

4 comments:

Unknown said...

ကိုဖိုးတရုတ် ခင်ဗျား မာလာတင့် ဟာအိမ်က ဃာဉ်မောင်း ရဲဘော်နဲ့  ဇာတ်လမ်းရှိဖူးပါတဃ်.
သမီးဖြစ်သူ ဟေမာ ရဲ့  ယောင်္ကျားဝင်းမောင် ကဗိုလ်မှူးချုပ်ဖြစ်နေပါပြီ။ သူနဲ့ ကိုယ်ဝန် ရခဲ့တာက မိုးအောင်ဆွေ(ခ)Ice Man ဖြစ်ပါတယ်။ခုထိလဲ တွဲတုံးပါဘဲ။

ကိုဖိုးတရုတ် said...

အခုလို ၀င်ရောက်ရေးသား ပြောဆိုခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ကို Kyaw. နောက်ထပ် သိသေးတာတွေ ရှိသေးရင်လည်း ဆက်လက် မျှဝေပေးပါလို့ တိုက်တွန်းလိုပါတယ်။

Yinaye said...

ukdzkd;w&kwfusaemfaojcmajym Ekdifwmwcku Akdvfcifarmifoef;uawmf[m pdefpDaom 0ufr tjyifxGuf qkdifrSm acgif;avsmfwmutp tdrfaz: wpfa,mufvkd vkdufay;&ygw,f/ 0ufreJh vkdufvmawmh ydefydef? rJrJ eJh trsdK;orD; qkdawmh omrmef &Jar vkdhbJtrsm;u xifBuygw,f/ wDAGDxJ ay:vmawmhrS awGhwJholu wkdif;rI;uawmfrSef; odygawmhw,f

ကိုဖိုးတရုတ် said...

ကို Methalone ခင်ဗျား..

ကောင်းလိုက်တဲ့ ကော်မန့်လေးပါဘဲ... အခုလို ပြောပြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ဗျာ.. တခြား သိသေးရင်လည်း ဆက်လက် မျှဝေပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ကို Methalone ရေးထားတာ Winburmese Font ဖြစ်နေလို့ ကျွန်တော် Zawgyi Font ပြောင်းပြီး အောက်မှာ ပြန်ရေးပေးလိုက်ပါတယ်..

Methalone said...
ကိုဖိုးတရုတ် ကျနော်သေချာပြော နိုင်တာတခုက ဗိုလ်ခင်မောင်သန်းကတော်ဟာ စိန်စီသော ဝက်မ အပြင်ထွက် ဆိုင်မှာ ခေါင်းလျော်တာကအစ အိမ်ဖေါ် တစ်ယောက်လို လိုက်ပေးရပါတယ်၊ ဝက်မနဲ့ လိုက်လာတော့ ပိန်ပိန်။ မဲမဲ နဲ့ အမျိုးသမီး ဆိုတော့ သာမာန် ရဲမေ လို့ဘဲအများက ထင်ကြပါတယ်၊ တီဗွီထဲ ပေါ်လာတော့မှ တွေ့တဲ့သူက တိုင်းမှူးကတော်မှန်း သိပါတော့တယ်